သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

pol

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနတာဝန်ခံများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံခဲ့၍ ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှု ဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စာသင်ခန်း လက်တွေ့ခန်း စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး၊ စနစ်တကျ အသုံးပြုနိုင် ရေးတို့ကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသား စုများနှင့် လည်းတွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။