စက်မှုလုပ်ငန်းဆိုင်ရာလျှပ်စစ်အင်ဂျင်နီယာ

စက်မှုလုပ်ငန်းဆိုင်ရာလျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်(Electrical Engineering Industry )

 

 

ဘာသာရပ်မိတ်ဆက်

Basic Measuring Instrument များကို ကျွမ်းကျင်စွာအသုံးပြုပြီး Electrical & Electronic circuit များရှိ လျှပ်စစ်ပတ်လမ်းကြောင်းများ၏ အလုပ်လုပ်ပုံ များကို သိရှိနားလည်စေရန်၊ Home Wiring များကို Installation ပြုလုပ်နိုင် စေရန်၊ Relay, MC, Timer, Counter များကိုအသုံးပြု၍ Control Circuit များ တည်ဆောက်နိုင်စေရန်၊ PLC, HMI, များအသုံးပြု၍ Automation circuitများ လုပ်ဆောင်နိုင်စေရန်၊Control Panelများကိုယ်တိုင် တည်ဆောက် နိုင်စေရန် နှင့် ပြုပြင်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်ပါသည်။

သင်တန်းကာလ

(၃)နှစ်

ပေးအပ်မည့် Certificate/ Diploma/Bachelor

A.G.T.I Diploma (Electrical Engineering Industry)

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

တက္ကသိုလ်၀င်တန်းစာမေးပွဲအားသိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး အင်္ဂလိပ် နှင့်  သင်္ချာဘာသာ နှစ်ခုပေါင်း ရမှတ်များ မှာ ကောင်း မွန်ရပါမည်။

အလုပ်အကိုင်အခွင့်အလမ်း/ သင်တန်းမှရရှိမည့်အကျိုးကျေးဇူး

စက်မှုလုပ်ငန်းဆိုင်ရာလျှပ်စစ်အင်ဂျင်နီယာဒီပလိုမာသင်တန်းပြီးမြောက်အောင်မြင်ပါကအောက်ပါအလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ပါသည်။

  • Factory Maintenance Company
  • Electrical Parts Industry (Japanese & Others)
  • Electronics Manufacturing industry (Japanese & Others)
  • Electrical Appliances Industry (Japanese & Others)
  • Electrical Distribution Board Manufacturing
  • Electrical Wiring Company

စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်အား

ဖွင့်လှစ်သင်ကြားလျက်ရှိသောကျောင်းများ

ဂျပန်- မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (ရန်ကုန်)

 

priority
9