ဦးစီးဌာနရှိ ကျောင်းနှင့် ဌာနများတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

                   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ                   

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

ကျောင်းနှင့် ဌာနများတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။        တိုင်းဒေသကြီး/ပြည်နယ်/နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ဌာနများအတွက် လစ်လပ်လျက် ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများတွင် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး လျှောက်ထား လိုသူများသည် လျှောက်လွှာများကို မိမိနှင့်နီးစပ်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းနှင့်ဌာနများတွင်  လျှောက်လွှာတင်သွင်းနိုင်ပါသည်-

စဉ်

ရာထူးလစာနှုန်း

ပညာအရည်အချင်း

ခန့်အပ်မည့်ဦးရေ

(က)

စာရင်းကိုင်(၄)

(၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)

စီးပွားရေးဆိုင်ရာ

ဘွဲ့တစ်ခုခုရရှိသူ

(၅၀)ဦး

 

(ခ)

အငယ်တန်းစာရေး

(၁၈၀ဝဝဝိ-၂ဝဝဝိ-၁၉၀ဝဝဝိ)

ဘွဲ့တစ်ခုခုရရှိသူ

(၈၀)ဦး

(ဂ)

ရုံးအကူ

(၁၄၄ဝဝဝိ-၂ဝဝဝိ-၁၅၄ဝဝဝိ)

အခြေခံပညာ အလယ်တန်း

အောင်မြင်ပြီးသူ

(၄၀)ဦး

(ဃ)

အစောင့်

(၁၄၄ဝဝဝိ-၂ဝဝဝိ-၁၅၄ဝဝဝိ)

အခြေခံပညာ

မူလတန်းအဆင့်ရှိသူ

(၁၅)ဦး

(င)

သန့်ရှင်းရေးအကူ

(၁၄၄ဝဝဝိ-၂ဝဝဝိ-၁၅၄ဝဝဝိ)

အခြေခံပညာ

မူလတန်းအဆင့်ရှိသူ

(၁၅)ဦး

စုစုပေါင်း

(၂၀၀)ဦး

။       အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား အလုပ်လျှောက်လွှာခေါ်ယူသွား မည်ဖြစ်ပါသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

 (ခ)     စာရင်းကိုင်(၄)ရာထူးနှင့် အငယ်တန်းစာရေးရာထူးနေရာများအတွက် လျှောက်ထားသူ များသည် ၂၉-၂-၂၀၂၄ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး (၄၂)နှစ်ထက် မကျော်သူ ဖြစ်ရမည်။

(ဂ)      ရုံးအကူရာထူး၊ အစောင့်ရာထူးနှင့် သန့်ရှင်းရေးအကူရာထူးနေရာများအတွက် လျှောက်ထား သူများသည် ၂၉-၂-၂၀၂၄ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး (၄၂)နှစ်ထက် မကျော် သူ ဖြစ်ရမည်။

(ဃ)    လုပ်ငန်းလိုအပ်ချက်အရ တိုင်းရင်းသားဒေသခံများကို ဦးစားပေးရွေးချယ် ခန့်ထားမည်။

(င)      ဝန်ထမ်းအဖြစ် ခန့်ထားခြင်းခံရပါက နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီး ဌာနတွင် တစ်ဆက်တည်း လုပ်သက်အနည်းဆုံး()နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရ မည်။

(စ)      ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

(ဆ)    ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်သူ ဖြစ်ရမည်။

(ဇ)      စာရင်းကိုင်(၄)ရာထူးနှင့် အငယ်တန်းစာရေးရာထူးနေရာများအတွက် လုပ်ငန်းသဘော သဘာဝအရ ကွန်ပျူတာကျွမ်းကျင်သူများအား ဦးစားပေးရွေးချယ်သွားမည်။

(ဈ)     ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

(ည)    အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။

၃။       လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သတင်းစာ ကြော်ငြာပါသည့်နေ့မှစ၍ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ Website www.dtvet.gov.mm တွင် download ရယူ၍ သော်လည်းကောင်း၊ နီးစပ်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် လျှောက်လွှာများကို ထုတ်ယူ၍ သော်လည်းကောင်း  အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲလျက် ၁၃-၂-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ နီးစပ်ရာကျောင်းများသို့ တိုက်ရိုက်တင်သွင်း လျှောက်ထား ရမည်-

(က)    ဘွဲ့လက်မှတ် မိတ္တူ၊ အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံချက် မိတ္တူ၊ အခြေခံပညာမူလတန်းအောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်း၏ ထောက်ခံ ချက် မိတ္တူ။

 ()     ()လအတွင်းရိုက်ထားသော ပတ်စပို့ဓာတ်ပုံ()ပုံ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ။

()      ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဌာနအဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြု ကြောင်း ထောက်ခံချက် မူရင်း။

(ဃ)    ဝန်ထမ်းမဟုတ်သူများအတွက် သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင် မိတ္တူ။

(င)      ()လအတွင်း ပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာ မူရင်း။

()      ()လအတွင်း ပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ် ရေးမှူး ထောက်ခံချက် မူရင်း။

(ဆ)    လျှောက်လွှာပိတ်ရက် မတိုင်မီ ()လအတွင်း ရရှိထားသည့်  ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက် မူရင်း။

။       လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှ လျှောက်ထားရန်ဖြစ်ပြီး အချိန်မီစေရန် လျှောက်လွှာ တစ်စောင်ကို ကြိုတင်မိတ္တူဟုရေးသားပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသို့ ပေးပို့နိုင်ပါသည်။

၅။       အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်ထားသူများသည် မိမိလျှောက်လွှာ တင်သွင်းခဲ့သည့် သက်ဆိုင်ရာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် ရေးဖြေစာမေးပွဲ ဝင်ရောက် ဖြေဆိုပြီး လူတွေ့စာမေးပွဲ ဖြေဆိုရမည်။

၆။       ရုံးအကူရာထူး၊ အစောင့်ရာထူးနှင့် သန့်ရှင်းရေးအကူရာထူးနေရာများအတွက် လျှောက်ထားသူ များကို လူတွေ့စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပါသည်။

၇။       လူတွေ့စစ်ဆေးချိန်တွင်(ဘွဲ့လက်မှတ်/ အခြေခံပညာအလယ်တန်းအောင်မြင်ကြောင်း ထောက်ခံ ချက်၊ အခြေခံပညာမူလတန်းအောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်း၏ ထောက်ခံချက်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားတက္ကသိုလ်ဝင်တန်းအောင်လက်မှတ်အလုပ်သမားမှတ်ပုံတင်)မူရင်းများ တင်ပြ နိုင်ရမည်။

၈။       အလုပ်ခန့်အပ်ခြင်းခံရသူများစာရင်းအား Website www.dtvet.gov.mm နှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် ကြေညာသွားမည် ဖြစ်ပါသည်။

၉။       လျှောက်လွှာနှင့် စပ်လျဉ်း၍ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရ မည့် စာရွက်စာတမ်းအချက်အလက်မပြည့်စုံသူများနှင့် သတ်မှတ်ထားသော ရက်ထက် နောက်ကျ ရောက်ရှိလာသော လျှောက်လွှာများကို (လုံးဝ)လက်ခံစဉ်းစားမည် မဟုတ်ပါ။

၁၀။     ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို   ၁၅-၂-၂၀၂၄ ရက်နေ့နှင့် ၁၆-၂-၂၀၂၄ ရက်နေ့များ တွင် မိမိတို့လျှောက်ထားခဲ့သည့် ကျောင်းနှင့် ဌာနများ၌ ရုံးချိန်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။

၁၁။     အလုပ်လျှောက်ထားသူများအား လူတွေ့စစ်ဆေးခြင်းကို ၁၉-၂-၂၀၂၄ ရက်နေ့ မှ ၂၁-၂-၂၀၂ ရက်နေ့အထိ နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၂။     ရေးဖြေစာမေးပွဲ စစ်ဆေးမှုအား အောက်ဖော်ပြပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်-

စဉ်

ဖြေဆိုရမည့်ဘာသာရပ်

နေ့ရက်

အချိန်

(က)

မြန်မာစာ

၁၇-၂-၂၀၂

နံနက် ၁၀:၀၀နာရီ မှ ၁၂:၀၀နာရီ အထိ

(ခ)

အထွေထွေဗဟုသုတ

၁၇-၂-၂၀၂

မွန်းလွဲ ၀၁:၀၀နာရီ မှ ၀၃:၀၀နာရီ အထိ

(ဂ)

အင်္ဂလိပ်စာ

-၂-၂၀၂

နံနက် ၁၀:၀၀နာရီ မှ ၁၂:၀၀နာရီ အထိ

 

 

မှတ်ချက်။       အသေးစိတ်အချက်အလက်များအား သိရှိလိုပါက မိမိလျှောက်ထားသည့် သက်ဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ကျောင်းနှင့် ဌာနများတွင် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

CV Form  Download ရယူရန်