၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများ၌ အခြေခံကွန်ပျူတာသိပ္ပံဘာသာရပ်အတွက် လိုအပ်သော သင်ကြားရေးသုံး သင်ထောက်ကူ ပစ္စည်းများ အား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနအနေဖြင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားသည့်  အခြေခံပညာအထက်တန်းကျောင်းများ၌ အခြေခံကွန်ပျူတာသိပ္ပံဘာသာရပ်တွင် လက် တွေ့သင်ကြား အသုံးပြုရန်လိုအပ်သော သင်ကြားရေးသုံး သင်ထောက်ကူပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ ကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။  အိတ်ဖွင့်တင်ဒါပုံစံများကို (၁၇-၁၁-၂၀၂)ရက်နေ့မှစ၍ ရုံးချိန်အတွင်း ရုံးအမှတ် (၂၁)၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)၊ ဘဏ္ဍာရေးဌာနခွဲတွင် ဝယ်ယူနိုင်ပြီး (၃၀-၁၁-၂၀၂) ရက်နေ့ ညနေ(၄:၀၀)နာရီနောက်ဆုံးထား၍ Tender ပုံစံ ဝယ်ယူခဲ့သောဌာနသို့ တင်ဒါတင်သွင်းရမည်ဖြစ်ပါသည်။

၃။ အဆိုပါ သင်ကြားရေးသုံး သင်ထောက်ကူစက်ပစ္စည်းအား သက်ဆိုင်ရာဌာနနှင့် ကျောင်းများသို့ အရောက် ပေးပို့တပ်ဆင် ပေးနိုင်ရမည်။

၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်းနံပါတ်- ၀၆၇၃၄၀၄၃၈၉/ ၀၆၇၃၄၀၄၄၅၆/၀၆၇၃၄၀၄၅၀၅(ဦးစီးဌာန၊ ရုံးချုပ်) တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး websiteဖြစ်သော www.dtvet.gov.mm တွင် လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

အခြေခံကွန်ပျူတာသိပ္ပံဘာသာရပ်အတွက် Specification နှင့် တင်ဒါစဘော်ငွေနှင့် တင်ဒါဖောင်ကြေးစာရင်းအား download ရယူရန်

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

tender-form