နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုင်းကျော်နိုင်ဦး Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် E-Learning Online Training for Workshop Management 5S LEAN Innovation စတင်ဖွင့်လှစ်သည့် ဖွင့်ပွဲအခမ်းအနား တက်ရောက်

5S LEAN

နေပြည်တော် ဇန်နဝါရီလ (၂၂) ရက်

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရ နည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများ၊ သင်တန်းဌာနများနှင့် သက်မွေးပညာသင် ကျောင်းများ၏ အလုပ်ရုံနှင့် လက်တွေ့ ခန်းများ၌ 5S Workshop Management System အား စနစ်တကျ ရေရှည်အကောင်အထည်ဖော်ကျင့်သုံး ဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ E-Learning Online Training for Workshop Management 5S LEAN Innovation သင်တန်းအား (၁၈-၁-၂၀၂၁)ရက်နေ့ မှ (၂၉-၁-၂၀၂၁) ရက်နေ့ အထိ Online စနစ်ဖြင့် သင်ကြားပို့ချပေးမည့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၉: ၀၀) နာရီ တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ပညာရေး ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုင်းကျော်နိုင်ဦး တက် ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနား၌ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုင်းကျော်နိုင်ဦးက မိမိတို့ ဦးစီးဌာနအနေဖြင့် ပြီးခဲ့သော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင် ပါရှိသည့် နည်းပညာနှင့် သက်မွေးပညာ ရေးနှင့်လေ့ကျင့်ရေး ကဏ္ဍတွင် ချမှတ်ထားသည့် မဟာဗျူဟာ(၃)ရပ်နှင့်အတူ ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များအားလုံးအား ဟန်ချက်ညီညီဖြင့် ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပြီး၊ အမျိုးသားပညာရေးဗဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)ပါ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မဏ္ဍိုင်ကြီး (၇)ရပ် ဖြစ်သော Access, Curriculum, Teaching & Learning, Assessment, Management, Financing နှင့် Internationalization & Partnerships တို့ အောက်တွင် Strategy များ၊ Component များကို စနစ်တကျ အသေးစိတ်ရေးသားပြုစုပြီး ယခုထက်ပို၍ ဖွံ့ဖြိုး တိုးတက်အောင် ဘက်ပေါင်းစုံမှ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နှစ်စဉ်ကျောင်းများ တိုးချဲ့ ဖွင့်လှစ် ခြင်း၊ စာသင်ဆောင်၊ သင်တန်းသားဆောင်၊ အလုပ်ရုံများ၊ ဝန်ထမ်းအိမ်ယာများ၊ သင်ထောက်ကူနှင့် စက်ပစ္စည်းများကိုလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုပြည့်စုံအောင် ဖြည့်ဆည်း ပေးနိုင်ရေး ဆောင်ရွက် ခြင်း၊ ဆရာ၊ဆရာမများ လိုအပ်ချက်များ ပြည့်မီစေရေး အတွက် အသစ်ခန့်ထားခြင်း၊ လုပ်ငန်းခွင်အကြို (Pre-service) သင်တန်းများနှင့် လုပ်ငန်းခွင်ရောက် (In-service) သင်တန်းများ၊ သင်ကြား သင်ယူမှု ဆိုင်ရာ သင်တန်းများ၊ လက်တွေ့ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ နှင့် ယနေ့ဖွင့်လှစ်သည့် 5S Workshop Management ကဲ့သို့ သင်တန်းများပေးခြင်းကို တိုးမြှင့်ဆောင် ရွက်လျက်ရှိပါကြောင်း၊ 5S Workshop Management သင်တန်းသည် ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာ ကြားချက်များနှင့်အညီ TVET ကျောင်းများအားလုံး၏ အလုပ်ရုံနှင့် လက်တွေ့ခန်းများတွင် 5S စနစ်အား စနစ်တကျ ရေရှည်တည်တံ့ခိုင်မြဲစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ပြီး၊ GIZ အထောက်အပံ့ဖြင့် ၂၀၁၇ ခုနှစ် မှ ၂၀၁၉ ခုနှစ်များအတွင်း ဖွင့်လှစ်ခဲ့သော 5S သင်တန်းများတွင် တက်ရောက်ခဲ့ပြီးဖြစ်သည့် ဆရာ၊ ဆရာမ (၅၀)ဦးမှ ဦးစီးဌာန အောက်ရှိ ကျောင်းပေါင်း (၇၀)မှ သင်တန်းသား (၇၀၀)ဦးကို အဖွဲ့ (၁၅)ဖွဲ့ ခွဲပြီး၊ Online အသုံးပြု၍ (၂)ပတ်ကြာ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းကာလ အတွင်း Pilot အနေဖြင့် 5S စနစ်ကို ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ အကောင်းဆုံး ဆောင်ရွက်ခဲ့သော ကျောင်းများကို ပထမဆု(၅ သိန်း)၊ ဒုတိယဆု(၃သိန်း)၊ တတိယဆု (၂ သိန်း)နှင့် အထူးဆု များအတွက် (၁ဆုလျှင်၁သိန်းစီ)ကို ချီးမြှင့် ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက် သည့် အချိန်များနှင့် 5S ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အချိန်များ တွင်လည်း Covid-19 ကာကွယ် ထိန်းချုပ်ကုသရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်ကိုလည်း အထူးမှာ ကြားလိုပါကြောင်း၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး ကဏ္ဍကို အရည်အသွေးရှိရှိ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဌာန၊ ဝန်ကြီး ဌာန အနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများနှင့် တတ်စွမ်းသမျှ အကောင်း ဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လမ်းညွှန်မှာကြားသွားသည့် အတိုင်း TVET Education ကို First Class ဖြစ်စေရန် အကောင် အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ဆရာ၊ ဆရာမများ အားလုံး၊ သက်ဆိုင်သူများ အားလုံး မိမိတို့ ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ တာဝန် ကျေပွန်စွာဖြင့် ဝိုင်းဝန်းကူညီ ပြီးပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားပါသည်။

E-Learning Online Training for Workshop Management 5S LEAN Innovation သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်၊ ဌာနခွဲတာဝန်ခံများနှင့် ညွှန်ကြားရေးမှူးများ၊ အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်း၊ သက်မွေးပညာသင်ကျောင်းများနှင့် သင်တန်း ဌာနများမှ ကျောင်းအုပ်ကြီးများနှင့် ဌာနမှူးများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ၊ စုစုပေါင်း (၇၂၃)ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။