အနာဂါတ်မျှော်မှန်းချက်(Competency-based Curriculum ရေးဆွဲခြင်း)

credit to: U Win Maw Htun, Director General, Department of Technical and Vocational Education, Ministry of Education

ဆရာတို့ TVET ကျောင်း တွေ အတွက် သင်ရိုး ညွှန်းတမ်း ပုံ စံ အသစ် ကို အခု လာ မဲ့ နှစ် အတွင်း အေဒီဘီ ရဲ့ အကူ အညီ နဲ့ အသစ် ရေး ဆွဲ ဘို့ ရှိ ပါ တယ် ။

အခု အသုံး ပြု နေ တဲ့ Academic Approach အစား Job oriented or Job related ပုံစံ မျိုး ပြန် ဆွဲ ဘို့ ရှိ ပါ တယ် ။ GTI တွေ အတွက် က Job related Learning Area base ပုံစံ ဖြစ် ပြီး THS တွေ နဲ့ Modular Based Short Term Courses တွေ အတွက် က အလုပ် အကိုင် အမျိုး အစား Occupational Area base ပုံစံ နဲ့ သွား ပါ မယ်။

Learning Area base မှာ Occupational Area ၁၀ မျိုး လောက် ကို ခြုံ ငုံ နိုင် တဲ့ ပုံစံ ဖြစ် ပါ တယ် ။ ဥပမာ Electrical Technology Course လို့ ဘဲ ပြော နိုင်ပြီး Motor Rewinder , Switch gear installer , Household Electrical Service Man , Electrical Installation အစ ရှိ တဲ့ တခု ချင်း အသေး စိတ် ကို မဆို လို ဘဲ ၊ သတ် မှတ်ထား တဲ့ အလုပ် အကိုင် အမျိုး အစား ကို ခြုံ ငုံ မိ စေ ဘို့ အဓိက ထား မှာ ပါ ။

Occupational Area base ပုံစံ နဲ့ သွား ရင် တော့ အလုပ် အကိုင် အမျိုး အစား တစ် ခု ချင်း အထူး ပြု ပြီး Motor Rewinder , Switch gear installer , Household Electrical Service Man , Electrical Installation အစ ရှိ တဲ့ တခု ချင်း အသေး စိတ် သင်တန်း မျိုး တွေ အတွက် သင် ရိုး ဖြစ် မှာ ပါ ခင် ဗျာ။

ဒါ တွေ ကို အေဒီဘီ က ကျွမ်း ကျင် သူ တွေ နဲ့ အခု လက် ရှိ သင် ကြား နေ သူ ဆရာ ဆရာ မ တွေ ပေါင်း ပြီး အတူ ဆွဲ ကြ ရ မှာ ပါ ။ အကြောင်း အရာ တခု ချင်း အလိုက် ၊ ဘာ ဖြစ် စေ ချင် တာ လဲ ၊ ဘာ ကို တတ် စေ ချင် သလဲ ၊ တတ် မ တတ် ဘာ နဲ့ တိုင်း တာ မလည်း ၊ အလုပ် ခွင် မှာ ဒါ က အမှန် လို အပ် သလား အစ ရှိ တာ တွေ ကို တခု ချင်း စဉ်းစား ပြီး မှ သင် ရိုး ဆွဲ ကြ မှာ ပါ။

သင်ရိုး အနေ နဲ့ က ၁။ ဘာသာ စကား Languages ၂။ သဘာဝသိပံ Natural Science နဲ့ ၃။ နည်းပညာ ဘာသာ ရပ် Technical Subjects ဒါ ဘဲ ရှိတော့ မှာ ပါ ။

ဘာသာ စကား မှာ မြန်မာ စာ နဲ့ အင်္ဂလိပ်စာ ၂ မျိုး ပါ။ ဒါ တွေ သင် ရ တဲ့ ရည်ရွယ် ချက် က ပျို့ တွေ ၊ ကဗျာ တွေ ၊ အလင်္ကာတွေ ၊ ခက်ဆစ် တွေ ၊ ဇတ်တော် ကြီး ၁၀ ဘွဲ့ တွေ ၊ ခေတ်ဆန်း စာ ပေ တွေ အစ ရှိ တဲ့ မြန်မာ စာ ကို နှိုက် နှိုက် ချွတ် ချွတ် လေ့ လာ ဘို့ မဟုတ် ပါ။

လူ လူ ချင်း ဆက် သွယ် ပြော ဆို တဲ့ နေရာ မှ ပြေ ပြေ ပြစ် ပြစ် ၊ သူ များ နား လည် သဘော ပေါက် အောင် ၊ သူ များ ပြော တာ နား လည် အောင် ၊ ပြော နိုင် ဆို နိုင် ၊ ရေး နိုင် ၊ ဖတ် နိုင် ၊ ဘို့ အတွက် က အဓိ က ပါ။ အင်္ဂလိပ်စာ သင် ရ ခြင်း ရဲ့ ရည် ရွယ် ချက် က လည်း ထို နည်း အတူ ပါ ။

အခု ခေတ် ဘွဲ တခု ရ ပြီး တာ တောင် ၊ ကိုယ့် အကြောင်း ကိုယ် ပြေ ပြေ ပြစ် ပြစ် မပြော နိုင် ၊ ကိုယ် ခွင့် ယူ ချင် တာ တောင် ခွင့် စာ ဖြောင့် အောင် မရေး တတ် ၊ ကိုယ် လုပ် နေ တဲ့ လုပ် ငန်း ကို ပြေပြေ ပြစ် ပြစ် Presentation မလုပ် တတ် သူ တွေ အများ ကြီး ပါ ။ ဘာ သာ စကား ကို အလုပ် ခွင် အတွင်း အသုံး ပြု နိုင် ဘို့ ကို အဓိက ထား သင် ရ မှာ ပါ ။

ဒီ နေရာ မှာ အင်္ဂလိပ် စာ ဆရာ ၊ မြန်မာ စာ ဆရာ ခွဲ ခြား ထား မှာ မဟုတ် တော့ ပါ ။ ဘွဲ့ ရ ပြီး သူ တဦး သည် ရှိ သင့် ရှိ ထိုက် သော ဘာ သာ စကား ကျွမ်း ကျင် မှု ရှိ ရ မှာ ပါ ။ ဆရာ ဆို တာ က ကိုယ် က သင် ပေး ရ မဲ့ ခလေး ထက် တော့ နဲ နဲ ပို တတ် ရ မှာ ပါ။

Natural Science မှာ လဲ သချင်္ာ ၊ ရူပ ၊ ဓါ တု သုံးခုလုံး ဆိုင် ပါ တယ် ။ သချင်္ာ ဆို ကဲကုလ တို့ ဒစ်ဖရယ်ရှယ် အီကွေးရှင်း တို့ ဘာ တို့ နဲ့ စာ ရင် အလျား အနံ ထုထည် တွက်ချက် မှု ၊ ကိုသြဒီနိတ် သတ် မှတ် မှု ၊ တြီ ကို နို မေ တြီ ၊ သဘော တရား တွေ က ပို ပါလာ မှာ ပါ။ ဓါတုဗေဒ ဆိုရင် လဲ အော်ဂင်နစ် တို့ အင် အာ်ဂင်း နစ် တို့ နဲ့ စာ ရင် ဗေ့စ် အက်ဆစ် ၊ မက်တယ် ကိုရိုးရှင်း ၊ အီရိုးရှင်း ၊ အီလက်ထရို ကင်မီကယ် အစ ရှိ တာ တွေ ကို ပို သင် ရ ပါ လိမ့် မယ် ။ အလုပ် ခွင် မှာ လို တဲ့ Natural Science သဘော တရား ကို ဘဲ အဓိက ထား သင် ရ မှာ ပါ။

အရင် လို တီယူ မှာ သင် တဲ့ စာအုပ် က ၇ ခန်း ရှိ ရင် ဂျီတီ အိုင် မှာ ငါး ခန်း ဘဲ ရွေး သင် တဲ့ သဘော မဟုတ် တော့ ပါ ဘူး ။ ဒီ နေ ရာ မှာ ဆရာ ဆရာ မ သည် သချင်္ာ ဆရာ ၊ ရူပ ဆရာ ၊ ဓါ တု ဆရာ သီး သန့် မထား တော့ ဘဲ Natural Science ဆရာ သာ ရှိ ပါ လိမ့် မယ်။

နည်းပညာ ဘာသာ ရပ် Technical Subjects အတွက် လဲ ဘာ သာ တွေ အများ ကြီး မထား တော့ ပါ ။ ဥပမာ အီလက် ထရောနစ် ဆို ရင် 1. Digital 2. Analogue 3. Control 4. Communication ဒါ လောက် ဘဲ ရှိ သလို Electrical ဆိုရင် 1. Generating 2. Machines 3. Transmission 4. Control အဓိက အုပ်စု ဘဲ ထား တော့ မှာ ပါ ။

အခု က တပါတ် ကို ၂ ချိန် ရှိ လဲ တဘာ သာ ဆို တော့ ၊ ဘာ သာ တွေ ပွ နေ ပြီး ၊ သင် တဲ့ ဆရာ က လဲ ကိုယ် သင် နေ တဲ့ အကြောင်း ကွက် ကွက် ကလေး ဘဲ သိ ပါ တော့ တယ်။ နည်းပညာ ဘာသာ ရပ် Technical Subjects ဘာ သာ တွေ ကို ဆရာ သည် အကုန် သင် နိုင် ဘို့ လို ပါ တယ် ခင် ဗျာ။

အခုလည်း ရှေ့ လုပ် မဲ့ အလုပ် တွေ အတွက် တာဝန် တွေ ပေး ပြီး စ လုပ် နေ ပါ ဘီ။ ပြီး ခဲ့ တဲ့ နှစ် အတွင် ဂျာမနီ ကို ၁၁ လ ပညာသင် တွေ စေ လွှတ် ထား ပြီး သူ တို့ ပြန် လာ ချိန် မှာ ဘယ် အချက် တွေ ကို စ ပြောင်း မလည်း ၊ နည်း လမ်း သစ် တွေ ရှာ နေ ကြ ပါ ဘီ။

၁။ ဒေါက်တာ နေမျိုးထွန်း ၊ ကျောင်း တွေ နဲ့ လုပ် ငန်း ခွင် အပြန် အလှန် သင်ယူ ဆက်စပ် နိုင် မဲ့ နည်း လမ်းများ ကို ဆန်းစစ် လေ့ လာ ခြင်း

၂။ ဒေါက် တာ မျိုး သူ ၊ လက် ရှိ ဆရာ ဆရာ မ များ ၏ အရည် အသွေး မြင့် တင် ရေး အတွက် အဓိက လို အပ် ချက် များ နှင့် အရည် အသွေး မြင့် တင် နိုင် မည့် နည်း လမ်း များ ကို ဆန်း စစ် လေ့ လာ ခြင်း

၃။ ဒေါက် တာ ပြည့် ကျော် သူ ၊ လက် ရှိ သင်ကြား နေ သော သင် ရိုး များ နှင့် လုပ် ငန်း ခွင် ဆက် စပ် မှု ကို ဆန်း စစ် လေ့ လာ ပြီး ၊ စံ မက် ကင် နိကယ် သင် ရိုး တခု ဖော် ထုတ် ခြင်း

၄။ ဒေါက် တာ ဇော်မင်း နိုင် ၊ သင်ကြား မှု နည်း စနစ် များ ၏ ကျောင်း တွင်း အကျိုး သက် ရောက် မှု ကို လေ့ လာ ပြီး ၊ ကျောင်း တကျောင်း အတွင်း ထပ် ဆင့် သင်ကြား မှု နည်း စနစ် များ ဆင့်ပွား သင်တန်း ပေး နိုင် မှု နည်းလမ်း များ အား ဆန်းစစ် လေ့လာ ခြင်း

၅။ ဒေါက်တာ သိန်းသိန်းအေး ၊ TVET သင်ကြား ရေး အတွက် ICT နည်း ပညာ အား ထိ ရောက် စွာ အသုံး ပြု နိုင် မည့် နည်း လမ်း များ အား ဆန်းစစ် လေ့ လာ ခြင်း

၆။ ဒေါက်တာ သီတာ ဆွေ ၊ လုပ်ငန်းခွင် ပညာ ရပ် အသစ် တမျိုး တိုးချဲ့ သင်ကြား နိုင် ရန် အထိ ရောက် ဆုံး သင် ကြား နည်း စနစ် နှင့် သင်ရိုး ဖော် ထုတ် ခြင်း

၇။ ဒေါ်သီသီပြုံး ၊ ရေရှည် တည်တန့် ခိုင် မြဲ နိုင် သော နည်း ပညာ နှင့် သက် မွေး ပညာ စနစ် တခု ဖော် ထုတ် နိုင် ရန် ဆန်းစစ် လေ့ လာ ခြင်း

သူတို့ ကို ဂျာမနီ နိုင်ငံ က ဗျူဟာ အသစ် တခု အနေ နဲ့ သု တေသန လုပ် ငန်း အဖြစ် စမ်းကြည့် တာ ပါ ။ ILT . International Leadership Training လို့ ခေါ် ပါ တယ် ။ အခု သူ တို့ လုပ် ရည် ကိုင် ရည် ကို ဂျာမနီ က ဆရာ များ က စောင့် ကြည့် နေ ပါတယ် ။

အခု ဆရာ ဂျာမနီ ကို ရောက် တော့ ၊ သူ တို့ ကို ဂျာမန် တွေ က ချီးကြူး ကြ ပါ တယ် ။ အခု မှ မြန်မာ တွေ အတွက် စမ်း ကြည့် တာ အောင် မြင် တယ် လို့ သုံး သပ် ကြ ပြီး ၊ ဒီ နှစ် မှာ လာအို ၊ ဗိယက်နမ် ၊ ကမ်ဘောဒီးယား နိုင် ငံ တွေ က ဆရာ တွေ ကို ILT . International Leadership Training ထပ် လုပ်ပေး ဘို့ စီစဉ် နေ ပါ တယ် ခင် ဗျာ ။

အားလုံး ဘဲ ကြိုး စား ကြ ပါ ခင် ဗျာ ။ နိုင် ငံ နဲ့ လူ မျိုး အတွက် ပါ ။