စက်မှုသင်တန်းကျောင်းများ ဘာလဲ/ ဘယ်လဲ? (၁)

credit to Zayar Minn Oo’s  from Face Book Post

(ဖေ့စ်ဘုတ်မှ မိတ်ဆွေ သူငယ်ချင်း ဆရာသမားများခင်ဗျား ကျွန်တော်လက်ရှိတာဝန် ထမ်းဆောင်ဆဲစက်မှုသင်တန်းကျောင်းများ ရေရှည်တည်တံ့ပြီး အောင်မြင် တိုးတက်နိုင်စေဖို ့အတွက်ကျွန်တော်ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ဘဝအတွေ ့အကြုံ ၊မှတ်သားခဲ့ရတဲ့ အသိပညာတွေအပေါ်အခြေခံပြီး တတ်သလောက် မှတ်သလောက်လေး တင်ပြသွားမှာဖြစ်ပါတယ်။)
နိုင်ငံတစ်နိုင်ငံ ဖွံ ့ဖြိုးတိုးတက်စေဖို ့ရာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ၊ပညာရေး(အခြေခံ/ အဆင့်မြင့်)တို ့အပြင် စက်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာရပ် (Technical and Vocational Education) တွေ အားကောင်းမောင်းသန်ဖွံ ့ဖြိုးဖို့ လိုအပ်ပါတယ်။
ဒီလိုဖွံ ့ဖြိုးတိုးတက်စေဖို ့ရာ ပုဂ္ဂလိကသက်/မွေးပညာသင်ကျောင်း များစွာရှိသလို နိုင်ငံပိုင် သက်/မွေးပညာသင်ကျောင်းများလည်း အများအပြား ရှိနေပါတယ်။
စက်မှုဝန်ကြီးဌာန လက်အောက်မှာတော့ စက်မှုသင်တန်းကျောင်း (၆)ကျောင်းကို ဂျာမနီ၊ ကိ်ုရီးယား၊တရုတ်နဲ ့အိန္ဒိယတို့လိုမိတ်ဖက်နိုင်ငံများမှအဖွဲ ့အစည်းများရဲ ့ အကူအညီ၊ နိုင်ငံတော်ရဲ ့ ပံ့ပိုးမှုတွေနဲ ့ဆင်တဲ၊ မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ ၊ မကွေးနဲ ့မြင်းခြံတို့မှာတည်ထောင်ဖွင့်လှစ်ထားပါတယ်။
ဒီစက်မှုသင်တန်းကျောင်းတွေရဲ ့ရည်ရွယ်ရာကတော့အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးကနေ ဖိတ်စင်သွားရတဲ့ လူငယ်များကို သက်/မွေးပညာရပ်တွေ သင်ယူစေလိုပြီး စက်မှုနိုင်ငံအဖြစ်ပြောင်းလဲရာမှာလိုအပ်နေတဲ ့ကျွမ်းကျင်လုပ်သားများ အဖြစ် ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်းအားဖြင့် သူတို ့တွေရဲ ့လူမှုဘဝတိုးတက်လာနိုင်သလို
နိုင်ငံအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်စေဖို့ ဖြစ်ပါတယ်။ သက်/မွေးပညာသင်ကျောင်းများဖွင့်လှစ် သင်ကြားဖို ့ရာမှာ-
အခြေခံအဆောက်အဦ (Building)
စက်ကိရိယာ (Machine and Equipment)
သင််ရိုးညွှန်းတမ်း (Curriculum Syllabus)
ကုန်ကြမ်း (Raw Materials)
ရေ/ မီး ( Clean Water and Electricity) စတဲ ့အခြေခံ လိုအပ်ချက်တွေအပြင် လူသားအရင်းအမြစ်ဖြစ်တဲ့ သင်ကြားပို ့ချ လေ့ကျင့်ပေးမယ့် ဆရာ/ ဆရာမ တွေ၊ နည်းပြ သရုပ်ပြတွေ၊ အထောက်အကူပြုရုံးဝန်ထမ်းတွေလည်းလိုအပ်လာပါတယ်။ အဓိ်ကအချက်ကတော့ဒီသင်တန်းကျောင်းတွေမှာလာရောက်လေ့ကျင့်သင်ယူမယ့် သင်တန်းသား တစ်နည်းပြောရရင် ကျောင်းသားလူငယ်တွေရရှိဖို ့ပဲဖြစ်ပါတယ်။ ကျန်တဲ ့အစိတ်အပိုင်းတွေမည်မျှ ပြည့်စုံကောင်းမွန်နေစေကာမူတက်ရောက်သင်ယူမယ့် သင်တန်းသား/ကျောင်းသားမရှိရင် အချည်းနှီးပါပဲ။ ဒါဆိုဒီလိုသင်တန်းကျောင်းတွေမှာလာရောက်သင်ယူချင်အောင်တက်ချင်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ ့ကြိုးပမ်းကြမလဲ?
ဘယ်လို ဆွဲဆောင်စည်းရုံးကြမလဲ?
(ဆက်လက်ဆွေးနွေးတင်ပြပါဦးမည်)