၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် သင်ကြားရေးသုံးသင်ထောက်ကူစက်ပစ္စည်းများ၊ ရုံးသုံးစက် ကိရိယာများနှင့် ပရိဘောဂများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာ ကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း များနှင့် သက်မွေးပညာသင်တန်းကျောင်း များအတွက် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း)ခွင့်ပြုရန်ပုံငွေမှ သင်ကြားရေးသုံး သင်ထောက် ကူစက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများနှင့် ပရိဘောဂပစ္စည်းများအား ဘဏ္ဍာရေး နှစ်အတွင်း အချိန်မီဝယ်ယူနိုင်ရန်အတွက် အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) ကျောင်း (၃) ကျောင်းတို့တွင် တင်ဒါလျှောက်လွှာပုံစံများ ဝယ်ယူနိုင်၍ တင်ဒါလျှောက်လွှာ ပုံစံ များရောင်းချခြင်းနှင့် လက်ခံခြင်းများအား (၅-၄-၂၀၂၃) ရက်နေ့မှ (၂၇-၄-၂၀၂၃)ရက် နေ့အထိ  ဆောင်ရွက်သွားမည် ဖြစ်ပါသည်။