သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာဌေးသွင်သည်မေလ(၂၀)ရက်နေ့နံနက်ပိုင်း၌အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)သို့ရောက်ရှိပြီးအစိုးရစက်မှု လက်မှုသိပ္ပံ(ဝါးခယ်မ)မှကျောင်းအုပ်ကြီး၊ စီမံဝန်ထမ်းများ၊သင်ကြားရေးဆရာ၊ဆရာမများနှင့်တွေ့ဆုံကာ လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေရန် နှင့်ဗလငါးတန်ပြည့်စုံသောကျောင်းသား၊ကျောင်းသူများဖြစ်လာစေရန် အတွက်ဆရာ၊ဆရာမ များစာသင်ကြားမှုအပြင်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊စာရိတ္တပိုင်းဆိုင်ရာများကို ပြုပြင်ပေးခြင်းများစသည့်လိုအပ်သောအထောက်အပံ့ကောင်းများဖြင့်ပံ့ပိုးဖန်တီးသင်ကြားပေးရန်၊အခြေခံ ပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများတွင်လည်းသင်ကြားမှု၊လေ့ကျင့်မှုများပြုလုပ်ပေးရာတွင်တက္ကသိုလ်ဝင်တန်းကျောင်းသားများနှင့်လိုက်လျောညီထွေအောင် သင်ကြားပြသရန်နှင့်သင်ကြားသင်ယူ မှုနှင့်အုပ်ချုပ်မှုလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့ပါသည်။