လုပ်ငန်းခွင်အကြို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင် သင်တန်း “Pre-service TVET Teacher Training (Online)” သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

tt

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၌ အသစ်ခန့် ထားသည့် ဆရာ၊ ဆရာမများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဆရာ၊ ဆရာမများအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော“Pre-service TVET Teacher Training (Online)” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ နံနက် ၁၀ နာရီတွင် အစိုးရနည်းပညာကောလိပ်(နေပြည်တော်)၌ Online စနစ်ဖြင့် ကျင်းပသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (ဟိုပုံး)၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စက်မှုဝန်ကြီး ဌာန၊ စက်မှုသင်တန်းကျောင်းများ၊ အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ နည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သင်တန်းဌာနများမှ သင်တန်းသား ဆရာ၊ ဆရာမ စုစုပေါင်း သင်တန်းသား (၄၆၆) ဦး သင်တန်းတက်ရောက်ကြောင်း သတင်းရရှိပါသည်။