၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်

ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံ၊ ကျောင်း များတွင်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း(၄၅)ခုအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်၊ နေပြည်တော်)တို့တွင်  ၂၃-၄-၂၀၂၄ ရက်နေ့မှ ၆-၅-၂၀၂၄ ရက်နေ့အထိ ရုံးဖွင့်ရက်၊ ရုံးချိန် အတွင်း ရောင်းချမည်ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့်တင်ဒါပုံစံများကို ၂၉-၄-၂၀၂၄ ရက်နေ့မှ ၇-၅-၂၀၂၄ ရက်နေ့အထိ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သောကျောင်းများတွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ၀၆၇၃-၄၀၄၀၂၀၊ ၀၆၇၃-၄၀၄၄၈၂(ဦးစီးဌာန၊ ရုံးချုပ်)၊ ၀၉၇၇၆၆၈၀၂၃၈(အစိုးရ နည်းပညာကောလိပ်၊ မန္တလေး)၊ ၀၉-၄၀၁၀၈၄၀၉၃(အစိုးရစက်မှုလက်မှုသိပ္ပံ၊ အင်းစိန်)၊            ၀၉-၇၅၇၂၀၄၁၀၇၊ ၀၉-၈၈၇၆၄၅၅၈၀ (အစိုးရစက်မှုလက်မှုသိပ္ပံ၊ နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး Website ဖြစ်သော www.dtvet.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

download ရယူရန်