၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် လိုအပ်သော သင်ကြားရေးသုံးသင်ထောက်ကူစက်ပစ္စည်းများ၊ ရုံးသုံး စက်ကိရိယာများနှင့် ပရိဘောဂများ အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

၂၀၂-၂၀၂ခု၊ ဘဏ္ဍာရေးနှစ်အတွက်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ နည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများနှင့် သက်မွေးပညာသင်တန်းကျောင်းများ အတွက် လိုအပ်သော သင်ကြားရေးသုံးသင်ထောက်ကူစက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများနှင့် ပရိဘောဂများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို (၂၃--၂၀၂)ရက်နေ့မှစ၍ (၆-၅-၂၀၂၄)ရက်နေ့အထိ ရုံးချိန်အတွင်း အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်)တို့တွင် ဝယ်ယူနိုင်ပြီး (၂၉-၄-၂၀၂၄)ရက်နေ့မှ (၇-၅-၂၀၂၄)ရက်နေ့ထိ ညနေ (၄:၀၀)နာရီ နောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါပုံစံဝယ်ယူခဲ့သောကျောင်းသို့ တင်ဒါများတင်သွင်းရ မည်ဖြစ်ပါသည်။

၃။       အဆိုပါသင်ကြားရေးသုံး သင်ထောက်ကူစက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများနှင့် ပရိဘောဂများအား သက်ဆိုင်ရာဌာနနှင့် ကျောင်းများသို့အရောက် ပေးပို့တပ်ဆင်ပေးနိုင်ရမည်။ လိုအပ်ပါက နည်းပညာဆိုင်ရာသင်တန်းပေး ဆောင်ရွက်နိုင်ရမည်။

၄။       အိတ်ဖွင့်တင်ဒါ‌လျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်းနံပါတ်-၀၆၇၃၄၀၄၅၀၅/ ၀၆၇၃၄၀၄၃၈၉/ ၀၆၇၃၄၀၄၄၅၆(ဦးစီးဌာန၊ ရုံးချုပ်)၊ ၀၉၇၇၆၆၈၀၂၃၈ အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ ၀၉၈၈၇၆၄၅၅၈၀ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)နှင့် ၀၉၄၀၁၀၈၄၀၉၃ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တို့တွင် ဆက်သွယ်စုံစမ်း နိုင်ပြီး Website ဖြစ်သော www.dtvet.gov.mm  တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

download ရယူရန်