အစိုးရနည်းပညာကောလိပ်များသို့ ပထမနှစ်ဝင်ခွင့်ရသူများ စာရင်းအား ထုတ်ပြန်ကြေညာခြင်း

၁။ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက်  အစိုးရနည်းပညာ ကောလိပ် ပထမနှစ်ဝင်ခွင့်ရသူများစာရင်းကို ၇-၁၁-၂၀၂၃ ရက်မှ စတင်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ Website: www.most.gov.mm၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၏ Website: www.dtvet.edu.mm၊ www.dtvet.gov.mmနှင့် သက်ဆိုင်ရာ အစိုးရနည်းပညာကောလိပ်များတွင် ကြေညာ ထားမည် ဖြစ်ပါသည်။

၂။ ပထမနှစ်သင်တန်းများကို ၂၃-၁၁-၂၀၂၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာအစိုးရနည်းပညာကောလိပ်များတွင် ၁၆-၁၁-၂၀၂၃ ရက်မှ စတင်၍ (စနေနှင့် တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည် ဖြစ် ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)သို့ ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

အစိုးရနည်းပညာကောလိပ်(ရွှေဘို)သို့ ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

အစိုးရနည်းပညာကောလိပ်(မန္တလေး)သို့ ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)သို့ ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း