အစိုးရနည်းပညာကောလိပ်/သိပ္ပံ/ ကျောင်းများတွင် လစ်လပ်လျက် ရှိသော အမှုထမ်းရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။ တိုင်းဒေသကြီး/ပြည်နယ်/နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများအတွက် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများတွင် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီးလျှောက်ထားလိုသူများသည် လျှောက်လွှာများကို မိမိနှင့်နီးစပ်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကျောင်းများတွင်  လျှောက်လွှာတင်သွင်းနိုင်ပါသည်-

စဉ်

ရာထူးလစာနှုန်း

ပညာအရည်အချင်း

ခန့်အပ်မည့်ဦးရေ

(က)

နည်းပြ

(၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ

 

B.E(Civil, EC, EP, Mech, IT, MC)

(၂၁၅)ဦး

B.Com/ B.Econ(Eco)/ B.Act မဟာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသူ

(၁၀)ဦး

B.A/ B.Sc(Myan, Eng,Phys, Chemistry, Maths) မဟာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မီသူ

(၇၅)ဦး

(ခ)

စက်မှုကျွမ်းကျင်(၄)

(၁၈၀ဝဝဝိ-၂ဝဝဝိ-၁၉၀ဝဝဝိ)

AGTI(Civil, EC, EP, Mech, IT)  ဒီပလိုမာလက်မှတ်ရရှိသူ

(၁၅၀)ဦး

(ဂ)

စက်မှုကျွမ်းကျင်(၅) (၁၆၂ဝဝဝိ-၂ဝဝဝိ-၁၇၂ဝဝဝိ)

GTHS(BT, EcT, ET, AMT, MT,  IT, RACT) သင်တန်းဆင်း လက်မှတ်ရရှိသူ

(၁၀၀)ဦး

စုစုပေါင်း

(၅၅၀)ဦး

 

။       အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား အလုပ်လျှောက်လွှာခေါ်ယူသွား မည်ဖြစ်ပါသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

 (ခ)    -၁၀-၂၀၂၃ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက် မကျော်သူ ဖြစ်ရ မည်။

(ဂ)  ဝန်ထမ်းအဖြစ် ခန့်ထားခြင်းခံရပါက နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီး ဌာနတွင် တစ်ဆက် တည်း လုပ်သက် အနည်းဆုံး()နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

(ဃ)    ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

 (င)     ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်သူ ဖြစ်ရမည်။

(စ)      ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

()    အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။

၃။ လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သတင်းစာကြော်ငြာပါသည့်နေ့မှစ၍ နည်းပညာ၊ သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ Website www.dtvet.gov.mm တွင် download ရယူ၍ သော်လည်းကောင်း၊ နီးစပ်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် လျှောက်လွှာများကို ထုတ်ယူ၍သော်လည်းကောင်း  အောက် ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲလျက် ၁၀-၁၁-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ နီးစပ်ရာကျောင်းများသို့ တိုက်ရိုက်တင်သွင်း လျှောက်ထားရ မည်-

(က)    ဘွဲ့လက်မှတ် (သို့မဟုတ်) ယာယီဘွဲ့ထောက်ခံစာ၊ AGTI ဒီပလိုမာလက်မှတ်၊ GTHS သင်တန်းဆင်းလက်မှတ် မိတ္တူ။

() ()လအတွင်းရိုက်ထားသော ပတ်စပို့ဓာတ်ပုံ()ပုံ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ။

()      ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဌာနအဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြု ကြောင်း ထောက်ခံချက် မူရင်း။

(ဃ)    ဝန်ထမ်းမဟုတ်သူများအတွက် ()နှစ်အတွင်း ပြုလုပ်ထားသော သက်တမ်းရှိ အလုပ် သမားမှတ်ပုံတင် မိတ္တူ။

(င)      ()လအတွင်း ပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာ မူရင်း။

()      ()လအတွင်း ပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ် ရေးမှူး ထောက်ခံချက် မူရင်း။

(ဆ)    လျှောက်လွှာပိတ်ရက် မတိုင်မီ ()လအတွင်း ရရှိထားသည့်  ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက် မူရင်း။

။       လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှ လျှောက်ထားရန်ဖြစ်ပြီး အချိန်မီစေရန် လျှောက်လွှာ တစ်စောင်ကို ကြိုတင်မိတ္တူဟုရေးသားပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁)၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသို့ ပေးပို့နိုင်ပါသည်။

၅။ အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် နည်းပြရာထူးနှင့် စက်မှုကျွမ်းကျင်(၄)ရာထူး နေရာများအတွက် လျှောက်ထားသူများသည် မိမိလျှောက်လွှာတင်သွင်းခဲ့သည့် သက်ဆိုင်ရာ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုပြီး၊ အောင်မြင်လျှင် လူတွေ့ စာမေးပွဲဖြေဆိုရမည်။

၆။ စက်မှုကျွမ်းကျင်(၅)ရာထူးနေရာများအတွက် လျှောက်ထားလာသူ GTHS သင်တန်းဆင်း လက်မှတ်ရများအား လူတွေ့စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပါသည်။

၇။  လူတွေ့စစ်ဆေးချိန်တွင် (ဘွဲ့လက်မှတ် (သို့မဟုတ်) ယာယီဘွဲ့ထောက်ခံစာ၊ AGTI ဒီပလိုမာ လက်မှတ်၊ GTHS သင်တန်းဆင်းလက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်အလုပ်သမားမှတ်ပုံတင်)မူရင်းများ တင်ပြနိုင်ရမည်။

၈။     ရေးဖြေအောင်မြင်သူစာရင်းနှင့် အလုပ်ခန့်အပ်ခြင်းခံရသူများစာရင်းအား Website www.dtvet. gov.mm နှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် ကြေညာသွားမည် ဖြစ်ပါသည်။

၉။ လျှောက်လွှာနှင့် စပ်လျဉ်း၍ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ပူးတွဲတင်ပြရ မည့် စာရွက်စာတမ်းအချက်အလက်မပြည့်စုံသူများနှင့် သတ်မှတ်ထားသောရက်ထက် နောက်ကျ ရောက်ရှိလာသော လျှောက်လွှာများကို (လုံးဝ)လက်ခံစဉ်းစားမည် မဟုတ်ပါ။

၁၀။ ရေးဖြေစာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ၁၆-၁၁-၂၀၂၃ ရက်နေ့နှင့် ၁၇-၁၁-၂၀၂၃ ရက်နေ့များ တွင် မိမိတို့လျှောက်ထားခဲ့သည့် ကျောင်းနှင့် ဌာနများ၌ ရုံးချိန်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။

၁၁။  ရေးဖြေအောင်မြင်သူများနှင့် GTHS သင်တန်းဆင်းလက်မှတ်ရများ၏ လူတွေ့စစ်ဆေးခြင်းကို  ၃--၂၀၂ ရက်နေ့မှ--၂၀၂ ရက်နေ့အထိ နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၂။     ရေးဖြေစာမေးပွဲ စစ်ဆေးမှုအား အောက်ဖော်ပြပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်-

စဉ်

ဖြေဆိုရမည့်ဘာသာရပ်

နေ့ရက်

အချိန်

(က)

မြန်မာစာ

 (၁၈-၁၁-၂၀၂၃)

နံနက် ၁၀:၀၀နာရီ မှ ၁၂:၀၀နာရီ အထိ

(ခ)

အထွေထွေဗဟုသုတ

(၁၈-၁၁-၂၀၂၃)

မွန်းလွဲ ၀၁:၀၀နာရီ မှ ၀၃:၀၀နာရီ အထိ

(ဂ)

အင်္ဂလိပ်စာ

(၁၉-၁၁-၂၀၂၃)

နံနက် ၁၀:၀၀နာရီ မှ ၁၂:၀၀နာရီ အထိ

မှတ်ချက်။     အသေးစိတ်အချက်အလက်များအား သိရှိလိုပါက မိမိလျှောက်ထားသည့် သက်ဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လျှောက်လွှာပုံစံအား download ရယူရန်

 

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန