အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး (၈၁) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီ အစည်းအဝေး တက်ရောက်

Asean Science

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Ministry of Science and Technology မှ ကြီးမှူး၍ Video Conferencing ဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၁၅ ရက် ရက်နေ့အထိ ကျင်းပသော (၈၁) ကြိမ် မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကော်မတီ အစည်းအဝေး (The 81st Meetiong of ASEAN Committee on Science, Technology and Innovation- COSTI) နှင့်ဆက်စပ် အစည်းအဝေးများအား အဆိုပါကော်မတီ၏ မြန်မာနိုင်ငံ ဆိုင်ရာဥက္ကဋ္ဌဖြစ်သူ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံဆိုင်ရာ အခြားဆက်စပ်အစည်းအဝေးများနှင့် ရလာဒ် များအပေါ် သုံးသပ်ဆွေးနွေးခြင်းကို ဦးစွာဆောင်ရွက်ပြီး အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုကော်မတီ၏ ရန်ပုံငွေထားရှိ ခွဲဝေသုံးစွဲမှု အခြေအနေနှင့် မိတ်ဆက်အဖွဲ့ အစည်း များမှ ထောက်ပံ့ထားရှိမှုအခြေအနေ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စီမံကိန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဆပ်ကော်မ တီများ၏ ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ၂၀၂၂ ပြည့်နှစ်အတွင်း ကော်မတီအနေဖြင့် ဦးစားပေး ဆောင်ရွက်မည့် စီမံကိန်းများ၏ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ၂၀၂၃ ခုနှစ် အတွင်း ဆောင်ရွက်မည့် စီမံကိန်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ASEAN China Country Coordinator ဖြစ်သော မြန်မာ နိုင်ငံမှ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများ၊ အစီအစဉ်များ၏ တိုးတက်မှုအခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ပြီး (၈၂) ကြိမ် မြောက်၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှု ကော်မတီ အစည်းအဝေးကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ကြီးမှူး ၍ Virtual ဖြင့် ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ပါသည်။

အစည်းဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေ အတွင်းရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ စသည့် အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာနိုင်ငံအလိုက် ကော်မတီဥက္ကဋ္ဌများ၊ မိတ်ဖက်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါကြောင်း သတင်းရရှိ ပါသည်။