သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် အသစ်ခန့်အပ်ထားသော နည်းပြဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

new teacher

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သော အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့် ရေးဦးစီးဌာနတို့အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် အသစ် ခန့်အပ်ထားသော နည်းပြ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲ အခမ်း အနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန၊ တာဝန်ခံ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်း၊ အစိုးရနည်းပညာကောလိပ် (နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းထွန်းတို့က အသီသီး ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကြပါ သည်။

အဆိုပါအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ ကျင်းပပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များ (၆၀)၊ အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ (၇၀)၊ စုစုပေါင်းတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်း(၁၃၀) တို့မှ ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ခံများနှင့် ဆရာ၊ဆရာမများ စုစုပေါင်း (၁၁၅၆) ဦးနှင့် အသစ်ခန့်အပ်ထားသော နည်းပြ ဆရာ၊ ဆရာမ (၉၉၉)ဦး စုစုပေါင်း (၂၁၅၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။