သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Mekong Institute တို့ပူးပေါင်း၍“National Workshop on Promoting School-Industry Partnership” အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Mekong

ကျွမ်းကျင်သည့်လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကျောင်းနှင့်လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လာစေရန်၊ မတူကွဲပြားသည့် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု ကဏ္ဍအသီးသီးအတွက် လိုအပ်လာမည့် ကျွမ်းကျင်မှု များနှင့်  ကျောင်းများမှ ပေးအပ်လျက်ရှိသည့် Skills၊ Knowledge နှင့် Attitudes များအကြား ကွာဟချက် အနည်းဆုံးနှင့် ကိုက်ညီမှုရှိလာစေရန်၊ ကျောင်းနှင့် စက်မှု လုပ်ငန်းများအကြား ချိတ်ဆက်မှု အားကောင်းပြီး သင်ရိုးညွှန်းတမ်းများ အဆင်မြှင့် တင်ခြင်း၊ Resources များ မျှဝေသုံးစွဲ၍ နည်းပညာများအပြန်အလှန် ဖလှယ်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးဆောင်ရွက်နိုင်ခြင်းနှင့် TVET ကျောင်း သား၊ ကျောင်းသူများအတွက် လက်တွေ့လုပ်ငန်းခွင် နယ်ပယ်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ပြီး အရည်အသွေးရှိသည့် TVET Techniciansနှင့် Skills Workforce များ ရရှိစေနိုင်ခြင်းတို့အတွက် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ၂၀၂၁ခုနှစ်၊ စက်တင်ဘာ (၁၄)ရက်နေ့ နံနက် (၉ ၃၀)နာရီတွင် “National Workshop on Promoting School-Industry Partnership” အလုပ်ရုံဆွေးနွေးပွဲအား zoom meeting platform အသုံးပြု၍ Online စနစ်ဖြင့် ကျင်းပခဲ့ရာနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ နည်းပညာ အထက် တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ သက်ဆိုင်ရာကျောင်းများရှိရာ ဒေသတွင်းမှ စက်ရုံ၊ အလုပ်ရုံနှင့် စက်မှု လုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်တာဝန်ခံများ၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက် အသီးသီးဆွေးနွေး ပြောကြားခဲ့ကြပြီး တက်ရောက်လာသူများမှ အပြန် အလှန် သိလိုသည်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြသည်။