မြို့ပြအင်ဂျင်နီယာ

မြို့ပြအင်ဂျင်နီယာ ဘာသာရပ်(Civil Engineering)

A group of people wearing hard hats

Description automatically generated with medium confidence

ဘာသာရပ်မိတ်ဆက်

မြို့ပြအင်ဂျင်နီယာဘာသာရပ်မှာ အခြေခံလူနေမှုအဆောက် အအုံများဖြစ်သော လမ်းတံတားများ၊ ရထားလမ်းများ၊ ရေကာတာများ၊ ဆည်မြောင်းတာတမံများ၊ ရေပေးဝေရေး စနစ်များ၊ ရေဆိုးမြောင်းများ၊ လူနေအဆောက်အဦးများ အတွက် ဒီဇိုင်းတွက်ချက်ခြင်း၊ ဆောက်လုပ်ခြင်း၊ ပတ်ဝန်းကျင်သဘာဝ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင် ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သော ဘာသာရပ်များအကြောင်းကို သင်ကြားသင်ယူရခြင်း ဖြစ်ပါသည်။

A.G.T.Iသင်တန်းတက်မြောက်ပြီးဆုံးပါက သက်ဆိုင်ရာ ပရောဂျက်များအတွက် မြေနေရာ၊ လမ်းကြောင်းရွေးချယ်ခြင်း (Surveying)၊ ကုန်ကျစရိတ် တွက်ချက်ခြင်း (Estimating) ၊ တည်ဆောက်ရာတွင် အလုပ်သမားများ စနစ် တကျဖြစ်စေရန် လမ်းညွှန်မှု ပေးနိုင်ခြင်း(Supervising in brick-laying, carpentry jobs and concrete works)  စသည်တို့ကို ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ပါသည်။

သင်တန်းကာလ

(၃)နှစ်

ပေးအပ်မည့် Certificate/ Diploma / Bachelor

A.G.T.I Diploma (Civil)

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

တက္ကသိုလ်၀င်တန်း စာမေးပွဲအား သိပ္ပံဘာသာတွဲဖြင့် အောင်မြင် ပြီး အင်္ဂလိပ်နှင့် သင်္ချာဘာသာ နှစ်ခုပေါင်း ရမှတ်များ မှာ ကောင်း မွန်ရပါမည်။

အလုပ်အကိုင်အခွင့်အလမ်း/ သင်တန်းမှရရှိမည့်အကျိုးကျေးဇူး

မြို့ပြအင်ဂျင်နီယာ ဒီပလိုမာသင်တန်း ပြီးမြောက်ပါက Surveyors, Building Engineers, Construction managers, Estimators များအဖြစ် လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင် နိုင်မည် ဖြစ်ပါသည်။

စက်မှုလုပ်ငန်းအင်ဂျင်နီယာ ဘာသာရပ်အားဖွင့်လှစ်သင်ကြားလျက်ရှိသောကျောင်းများ

အစိုးရနည်းပညာကောလိပ် (နေပြည်တော်)

အစိုးရနည်းပညာကောလိပ်(မိုးညှင်း)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ပူတာအို)

အစိုးရစက်မှုလက်မှုသိပ္ပံ ( လွိုင်ကော်)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ဟားခါး)

အစိုးရနည်းပညာကောလိပ်(ရွှေဘို)

အစိုးရစက်မှုလက်မှုသိပ္ပံ  (ကန့်ဘလူ)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ခန္တီး)

အစိုးရနည်းပညာကောလိပ် (မြင်းခြံ)

အစိုးရစက်မှုလက်မှုသိပ္ပံ( မန္တလေး)

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ကျောက်ပန်းတောင်း)

အစိုးရစက်မှုလက်မှုသိပ္ပံ ( မကွေး)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ချောက်)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ရေနံချောင်း)

အစိုးရစက်မှုလက်မှုသိပ္ပံ ( သရက်)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ဂန့်ဂေါ)

အစိုးရစက်မှုလက်မှုသိပ္ပံ ( လက်ပံတန်း)

အစိုးရစက်မှုလက်မှုသိပ္ပံ ( သံတွဲ)

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ရွှေပြည်သာ)

အစိုးရစက်မှုလက်မှုသိပ္ပံ ( တောင်ဒဂုံ)

အစိုးရစက်မှုလက်မှုသိပ္ပံ ( လပွတ္တာ)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ဝါးခယ်မ)

အစိုးရစက်မှုလက်မှုသိပ္ပံ ( ကျိုက်လတ်)

အစိုးရစက်မှုလက်မှုသိပ္ပံ ( မော်လမြိုင်)

priority
1