၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် ကောလိပ်၊ သိပ္ပံ၊ ကျောင်းများရှိ တည်ဆောက်ရေးလုပ်ငန်းများတွင် QA/QC လုပ်ငန်းများဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့်

ကောလိပ်၊ သိပ္ပံ၊ ကျောင်းများရှိ တည်ဆောက်ရေးလုပ်ငန်းများတွင်

QA/QC လုပ်ငန်းများဆောင်ရွက်ရန်အတွက်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ကောလိပ်၊ သိပ္ပံ၊ ကျောင်းများရှိ တည်ဆောက်ရေး လုပ်ငန်းများတွင် QA/QCလုပ်ငန်းများဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်) တွင်  ၂၃-၄-၂၀၂၄ ရက်နေ့မှ ၆-၅-၂၀၂၄ ရက်နေ့အထိ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ရောင်းချမည် ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့် တင်ဒါပုံစံများကို ၂၉-၄-၂၀၂၄ ရက်နေ့မှ ၇-၅-၂၀၂၄ ရက်နေ့ အထိ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သောနေရာတွင် ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။       အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ၀၆၇၃-၄၀၄၀၂၀၊ ၀၆၇၃-၄၀၄၄၈၂ (ဦးစီးဌာန၊ ရုံးချုပ်)တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး Website ဖြစ်သော www.dtvet.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

download ရယူရန်