တတိယအကြိမ်မြောက် TVET ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ (TVET Teachers’ Skills Competition) ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

TVET Teachers Skill Competition

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနရှိ နည်း ပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)၌ TVET ဆရာ၊ ဆရာမ များအတွက် သင်ကြား၊ သင်ယူမှုတွင် လုပ်ငန်းခွင် အကြိုနှင့် လုပ်ငန်းခွင်ရောက် ဆရာများ၏ အရည်အသွေး မြှင့်တင် ပေးနိုင်စေရန် အတွက် နည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ် သင်ကြား လျက်ရှိပြီး တတိယအကြိမ်မြောက် ဆရာ၊ ဆရာမများ၏ လက်တွေ့ ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲ (TVET Teachers’ Skills Competition) အား  (၆-၁၂-၂၀၂၂) ရက် နေ့မှ (၇-၁၂-၂၀၂၂) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ TVET Teachers’ Skills Competition ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲ အခမ်း အနားအား ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ  မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်မှ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးသွင်မှ အမှာစကားများ ပြောကြားခဲ့ပါကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ AGTI Society မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံ၊ အစိုးရနည်းပညာအထက် တန်းကျောင်း၊ ဌာနဆိုင်ရာများမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ အကြီး အကဲများ၊ သက်ဆိုင်ရာကျောင်းများမှ အကဲဖြတ်ဒိုင်များ၊ ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါကြောင်း သိရှိရပါသည်။

အဆိုပါ ကျင်းပပြုလုပ်ခဲ့သည့် ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည် ပြိုင်ပွဲသည် ဦးစီးဌာနအနေဖြင့် TVET ဆရာ၊ ဆရာမများအတွက် တတိယ အကြိမ် ကျင်းပပေး နိုင်ခဲ့သည့် ပြိုင်ပွဲဖြစ်ပြီး၊ ဘာသာရပ်နယ်ပယ်( )ခုမှ ပြိုင်ပွဲဝင် ခေါင်းစဉ် စုစုပေါင်း()မျိုးတို့တွင် အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်းတို့မှ ဆရာ၊ ဆရာမစုစုပေါင်း( ၈၅ )ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြေင်နှင့် ယှဉ်ပြိုင်သည့် ပြိုင်ပွဲခေါင်းစဉ် (၇)ခု အသီသီရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနဲ့ ပြိုင်ပွဲခေင်စဉ်တစ်ခုချင်စီအတွက် ပထမဆု (၅)သိန်း၊ ဒုတိယဆု (၄)သိန်း၊ တတိဆု(၃)သိန်းများဖြင့် ထိုက်ထိုက်တန်တန် အသီ သီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။