နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ၁၁-၈-၂၀၂၅ မှ ၁၃-၈-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သောကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ များနှင့် Innovation Project ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၌ တက်ရောက်၍ အဖွင့်အမှာစကားနှင့်ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်သည့် ကျောင်းသား၊ကျောင်းသူများ၏ ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများနှင့် Innovation Project ပြိုင်ပွဲတွေဟာ အရည် အသွေးကောင်းမွန်တဲ့ TVET ပညာရေးဆောင်ရွက် ဖို့အတွက် အထောက်အကူတစ်ခုဖြစ်ပြီး ယခု ပြိုင်ပွဲတွေကနေတစ်ဆင့် ကျောင်းအချင်းချင်း နည်းပညာ ဆိုင်ရာများ၊ သင်ကြားမှုနည်းစနစ်များ၊ လုပ်ငန်းခွင်မှာ လိုအပ်သည့် ကျွမ်းကျင်မှုတွေကို ရရှိနိုင်ဖို့အတွက် လေ့ကျင့် ဆောင်ရွက် နိုင်မည့် နည်းလမ်းများ စသည်တို့ကို အချင်းချင်း လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးဖလှယ်နိုင်မှာ ဖြစ်ပါ ကြောင်း၊ ထို့ပြင် လုပ်ငန်းခွင် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ TVET ပညာရေးကို အကောင်အထည် ဖော်ဆောင် ရွက်နိုင်ဖို့ အတွက် များစွာအခွင့်အလမ်းရှိလာမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများ မှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့်လည်း မိမိတို့ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက် နေအောင် အစဉ်ကြိုးပမ်းနေကြဖို့ တိုက်တွန်းမှာ ကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေ ဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲများနှင့် Innovation Project ပြိုင်ပွဲများ ကျင်းပပေးခြင်း အားဖြင့် နည်းပညာနှင့် သက်မွေးပညာရပ်များအား ပြည်သူ လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များ၏ ကျွမ်းကျင်မှုစွမ်းရည်များနှင့် တီထွင်ဖန်တီးဆောင်ရွက်နိုင်မှု စွမ်းရည်များ ပိုမိုမြင့်မားလာ စေမည်ဖြစ်သည့်အပြင် အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ရသည့် Team Work များ ဖွံ့ဖြိုး တိုးတက် လာစေမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ခေတ်နှင့်အညီ ပြိုင်ပွဲဝင် ခေါင်းစဉ်များ ထပ်မံထည့်သွင်း တိုးချဲ့ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းပြော ကြားခဲ့ပါသည်။
ယခု တတိယအကြိမ်မြောက် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲများ နှင့် Innovation Project ပြိုင်ပွဲကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့် ကျောင်းများအနေဖြင့် လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲတွင် ခေါင်းစဉ်တစ်ခုချင်းစီအလိုက် အဖွဲ့(၁၀) ဖွဲ့ခွဲ၍ ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ပြိုင်ပွဲဝင်ခေါင်းစဉ်များအနေဖြင့် Surveying Competition (Level and Theodolite)၊ Agricultural Automation System using LOGO! 8 PLC၊ LED Flashing PCB Circuit Design Making and Implementation၊ Web Design၊ Single Cylinder Engine Overhaul နှင့် Lathe Operation စသည့် အင်ဂျင်နီယာဘာသာရပ် ခေါင်းစဉ် (၆)ခုဖြင့် စုစုပေါင်း ပြိုင်ပွဲဝင် (၇၈)ဦးတို့မှ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ Innovation Project နှင့် Grassroot Innovation ပြိုင်ပွဲတွင် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ Innovation Project (၈) ခုနှင့် Grassroot Innovation Project (၈)ခု ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ Innovation Project ပြိုင်ပွဲတွင် Surveillance Robot၊ Solar-Powered Air Cooler၊ Electric Bike၊ GSM Base Smoke and Fire Alarm၊ Dual Function Forklift Powered by DC Winch၊ Fire Engine Robot၊ Automatic Coffee & Tea Maker နှင့် Mechanical Pipe Bender စသဖြင့် ခေတ်မီဆန်းသစ်၍ လူမှု ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သော Innovation Project ခေါင်းစဉ် (၈) ခုဖြင့် စုစုပေါင်းပြိုင်ပွဲဝင် (၁၆) ဦး တို့ကပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ Grassroot Innovation Project ပြိုင်ပွဲတွင် Single Wheel Power Weeder (ကြားပေါင်းလိုက်စက်)၊ Potato Slicer Machine၊ ဘက်စုံသုံးမျိုးစေ့ချခုံ၊ Grain Dryer၊ အလိုအလျောက် လက်ဆွဲကောက် စိုက်စက်၊ Power Tiller၊ Bicycle Weeder နှင့် Manual Hopper /smart scooper/smarter scoop စသဖြင့် အခြေခံလူတန်းစား များအတွက် လုပ်ငန်းခွင်အထောက်အကူပြု Grassroot Project ခေါင်းစဉ် (၈) ခု တွင်စုစုပေါင်းပြိုင်ပွဲဝင် (၁၆) ဦး တို့က အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
Innovation Project ပြိုင်ပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) မှ Dual Function Forklift Powered by DC Winch ခေါင်းစဉ်ဖြင့် ပထမဆု၊ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)မှ Fire Engine Robot ခေါင်းစဉ်ဖြင့် ဒုတိယဆု၊ အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်) မှ Electric Bike ခေါင်းစဉ်ဖြင့် တတိယဆုများ ဆွတ်ခူးခဲ့ပါသည်။ Grassroot Innovation Project ပြိုင်ပွဲတွင်အစိုးရစက်မှု လက်မှုသိပ္ပံ(ကျောက်ပန်းတောင်း) မှ Potato Slicer Machine ခေါင်းစဉ်ဖြင့် ပထမဆု၊ အစိုးရစက်မှု လက်မှုသိပ္ပံ (ချောက်) မှ Single Wheel Power Weeder ခေါင်းစဉ်ဖြင့် ဒုတိယဆု၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)မှ Manual-Auto Rice Planting Machine ခေါင်းစဉ်ဖြင့် တတိယဆုများ အသီးသီး ဆွတ်ခူးခဲ့ပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် လက်တွေ့ ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲအတွက် ပထမဆု (၃ သိန်းကျပ်)နှုန်းဖြင့် ၈ ဆု(၂၄ သိန်းကျပ်)၊ ဒုတိယဆု (၂ သိန်းကျပ်)နှုန်းဖြင့် ၈ဆု(၁၆ သိန်းကျပ်)နှင့် တတိယဆု (၁ သိန်းကျပ်)နှုန်းဖြင့် ၈ဆု (၈ သိန်းကျပ်)၊ စုစုပေါင်း ၂၁ ဆု(၄၈သိန်းကျပ်)ဖြင့်လည်း ကောင်း Innovation Project Award အတွက် ပထမဆု (၆ သိန်းကျပ်)၊ ဒုတိယဆု (၅ သိန်းကျပ်) နှင့် တတိယဆု (၄သိန်းကျပ်) ဖြင့် ၃ ဆု (၁၅သိန်းကျပ်) နှင့် နှစ်သိမ့်ဆု (၂ သိန်းကျပ်)နှုန်းဖြင့် ၅ ဆု (၁၀ သိန်းကျပ်)၊ စုစုပေါင်း ၈ ဆု (နှစ်ဆယ့်ငါးသိန်း ကျပ်)ဖြင့်လည်းကောင်း၊ Grassroot Innovation Project Awardအတွက် ပထမဆု (၆ သိန်းကျပ်)၊ ဒုတိယဆု (၅ သိန်းကျပ်) နှင့် တတိယဆု (၄သိန်းကျပ်) ဖြင့် ၃ ဆု (၁၅သိန်း ကျပ်)နှင့် နှစ်သိမ့်ဆု(၂ သိန်းကျပ်)နှုန်းဖြင့် ၅ ဆု (၁၀ သိန်းကျပ်)၊ စုစုပေါင်း ၈ ဆု (နှစ်ဆယ့်ငါးသိန်း ကျပ်)ဖြင့်လည်းကောင်း ထိုက်ထိုက် တန်တန် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲနှင့် Innovation Project ပြိုင်ပွဲများတွင် စစ်ဆေးအကဲဖြတ်ပေးခဲ့သော အကဲဖြတ်ဒိုင်များနှင့် ဆုရရှိသူများ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် Skills Competition နှင့် Innovation Project ပြိုင်ပွဲတွင် ဆုရ Innovation Project များအား လှည့်လည် ကြည့်ရှုခဲ့ပါသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဌာန၊ ဝန်ကြီး၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်း ကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။








