နိဒါန်း

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (TVET) ကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ လူ့သားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်မှု အတွက် အဓိကကျသော အခန်းကဏ္ဍမှပါဝင်ပြီး (TVET) ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသန (Research) သည် မရှိမဖြစ် လိုအပ်ပါသည်။ သုတေသနပြုလုပ်ခြင်းဖြင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြားသင်ယူမှုနည်းလမ်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မူဝါဒချမှတ်ခြင်းနှင့် လုပ်သားဈေးကွက်လိုအပ်ချက်၊ စက်မှုလုပ်ငန်းလိုအပ်ချက်များ အား ဖော်ထုတ်ခြင်းတို့အား ဆောင်ရွက်နိုင်ပါသည်။ သုတေသနလုပ်ငန်းများကို ထိရောက်လွယ်ကူစွာ အသုံးပြုနိုင်သည့် သုတေသနလုပ်ငန်းသုံး Softwareများကို ဖော်ပြသွားပါမည်။

ရည်ရွယ်ချက်

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (TVET) ကဏ္ဍတွင် သင်ကြားသင်ယူမှုအတွက် သုတေသနနည်းဗျူဟာများ၏ အသုံးဝင်မှု၊ သုတေသနမှ ရရှိသောအချက်အလက်များအား အသုံးပြု၍ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲမှု၊ သင်ကြားမှုနည်းလမ်းများနှင့် မူဝါဒများဖွံ့ဖြိုးတိုးတက်မှု၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိအောင် ဖန်တီးဆောင်ရွက်မှုတို့အတွက် သုတေသနလုပ်ငန်း Software များ အား စနစ်တကျအသုံးချနိုင်ရန်၊  သုတေသနလုပ်ငန်းများကို ပိုမိုထိရောက်လွယ်ကူစေရန် အတွက် အသုံးပြုနိုင်သော  သုတေသနဆော့ဖ်ဝဲ (Research Software) များ၏ အရေးပါမှုကိုသိရှိရန်၊ သုတေသန ဆိုင်ရာ အချက်အလက်များကို စနစ်တကျစုဆောင်းခြင်း၊ သုတေသနရလဒ်များအား ဆန်းစစ် သုံးသပ် ခြင်းတို့တွင် Software များ၏ အခန်းကဏ္ဍသည် အရေးပါမှုကြောင့် သုတေသနပြုလုပ်သူများအတွက် အသုံးဝင်သော Software များနှင့် ၎င်းတို့၏ အကျိုးကျေးဇူးများကို သိရှိစေရန် ရည်ရွယ်ပါသည်။

သုတေသနဆောင်ရွက်မှုများတွင် အသုံးချနိုင်သော Software များ

သုတေသနလုပ်ငန်း ဆောင်ရွက်မှုများတွင် အသုံးချနိုင်သော SPSS (Statistical Package for the Social Sciences)၊ R (R Foundation for Statistical Computing)၊ Matlab (MathWorks)၊ Microsoft Excel၊ SAS (Statistical Analysis Software)၊ GraphPad Prism၊ Minitab၊ StatGraphics၊ XLSTAT၊ Qlik Sense၊ Origin Pro၊ Wolfram Mathematica၊ Phocas Software၊ Birst၊ SAS Business Intelligence၊ Sigma Plot၊ Matomo Analytics (formerly Piwik)စသည့် Software များ အများ အပြားရှိပါသည်။ မိမိဆောင်ရွက်လိုသည့် သုတေသနပေါ်မူတည်၍ Statistical Analysis Tool များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ မိမိပြုလုပ်မည့် သုတေသနနှင့် လျော်ညီသည့် Software ကို အသုံးပြုခြင်း ဖြင့် သုတေသန ရလဒ်များ၏ တိကျမှုနှင့် အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ပါသည်။

R Software ဆိုသည်မှာ

Source: https://www.datacamp.com/blog/all-about-r

R Software သည် စာရင်းအင်းဆိုင်ရာလုပ်ငန်းများတွင် အသုံးများသော Software တစ်ခုဖြစ်ပြီး၊ အချက်အလက် အမြောက်အများကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခြင်း၊ အရည်အသွေးမြင့်မားသော အညွှန်းပုံများ (visualizations) ကိုဖန်တီးနိုင်ခြင်းနှင့် စာရင်းအင်းနှင့် သုံးသပ်ခန့်မှန်းမှုများကို ဆောင်ရွက် ခြင်းတို့အတွက် အသုံးဝင်သော Software တစ်ခုဖြစ်ပါသည်။ ထို့အပြင် အမျိုးမျိုးသော အချက်အလက် များအား စိစစ်သုံးသပ်ခြင်း၊ အချက်အလက်များ ရှာဖွေခြင်း(Data Mining) လုပ်ငန်းများနှင့် မိမိ ဆောင်ရွက်မည့် သုတေသနအတွက် ပုံစံငယ်များ ဖန်တီးခြင်း(Modelling Tasks) လုပ်ငန်းများကိုလည်း R Software ဖြင့် လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။ R Software အား ၁၉၉၃ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၊ University of Auckland မှ သုတေသနပညာရှင် ၂ ဦးဖြစ်သည့် Ross Ihaka နဲ့ Robert Gentleman တို့က တီထွင်ခဲ့ကြပြီး၊ The R Foundation for Statistical Computing က ထိန်းသိမ်းစောင့်‌ရှောက် ထားပါသည်။

R Software ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

R Software ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများR Software ကို အသုံးပြု ခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ သုတေသနလုပ်ငန်း များအတွက် အခမဲ့အသုံးပြုနိုင်ခြင်း၊ စာရင်းဇယားများ၊ အညွှန်းပုံများ၊ အချက်အလက်ဆိုင်ရာများတွင် တွဲဖက်အသုံးပြုနိုင်ခြင်း၊ သုံးစွဲသူလိုအပ် သည့် Statistical Models များကို တိတိကျကျရေးသားနိုင်ခြင်း၊ လူသုံးများသည့် Software ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

R Software ၏ အားနည်းချက်များ

R Software အား အသုံးပြုနိုင်ရန်အတွက် Programming ပညာ အခြေခံလိုအပ်ခြင်း၊ မြောက်များ စွာသော အချက်အလက်များအား အသုံးပြုဆောင်ရွက်ရာတွင် ကွန်ပျူတာ Memory အသုံးပြုမှုများ ခြင်းကြောင့် စက်လေးလံခြင်း၊ အခြား Software များနှင့် ချိတ်ဆက်ရာတွင် အခက်အခဲရှိနိုင်ခြင်း စသည် တို့ ကြုံတွေ့နိုင်ပါသည်။

SPSS Software ဆိုသည်မှာ

Source: https://surveysparrow.com/blog/what-is-spss/

SPSS Software သည် သုတေသနနှင့် အချက်အလက်ဆိုင်ရာ သုံးသပ်မှုလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ဖန်တီးထုတ်လုပ်ထားသော စာရင်းအင်းဆိုင်ရာ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါသည်။ လူမှုရေး သုတေသန၊ ပညာရေး၊ စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အထူးအသုံးများပါသည်။ GUI (Graphical User Interface) နှင့် Syntax Editor များဖြင့် အသုံးပြုရလွယ်ကူပါသည်။ SPSS တွင် အသေးဆုံးသော မော်ဒယ်များမှစတင်၍ ကြီးမားရှုပ်ထွေးသော မော်ဒယ်များအထိ ဆန်းစစ်နိုင်သည့် မြန်မြန်ဆန်ဆန် Visual Modeling Environment ပါဝင်ပါသည်။ SPSS မှရရှိသောဒေတာများကို စစ်တမ်းများ၊ Data mining၊ ဈေးကွက်သုတေသန စသည့်နယ်ပယ်များတွင် အသုံးပြုနိုင်ပါသည်။ SPSS ကို မူလ ၁၉၆၈ ခုနှစ်တွင် SPSS Inc. မှ စတင် မိတ်ဆက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် IBM ကုမ္ပဏီက ဝယ်ယူခဲ့ပါသည်။

SPSS သည် ၎င်း၏ ရိုးရှင်းမှု၊ လွယ်ကူသော Command Language နှင့် အသေးစိတ် ရှင်းလင်း သော အသုံးပြုသူလမ်းညွှန်ချက်များကြောင့် လူကြိုက်များပါသည်။ အစိုးရအဖွဲ့အစည်းများ၊ ပညာရေး အဖွဲ့အစည်းများ၊ စစ်တမ်းလုပ်ငန်းများ၊ ဈေးကွက်သုတေသနလုပ်ငန်းများ၊ မားကတ်တင်းအဖွဲ့အစည်း များ၊ ကျန်းမာရေးသုတေသနများ၊ Data Mining လုပ်ငန်းများအပါအဝင် လုပ်ငန်းအများအပြားတို့တွင် စစ်တမ်း ဒေတာများအား ဆန်းစစ်ခြင်းပြုလုပ်ရန် SPSS ကို အသုံးပြုလျက်ရှိပါသည်။

SPSS Software ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

SPSS Software ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အသုံးပြုရ လွယ်ကူခြင်း၊  GUI ပုံစံဖြင့် ဖော်ပြထားသောကြောင့် ကိုယ်တိုင် programming မလုပ်နိုင်သူများမှလည်း အသုံးပြုနိုင်ပါသည်။ Variable များ၊ Form များကို လိုအပ်သလို ဖန်တီး၍ စစ်တမ်းများရေးနိုင်ခြင်း၊ စိစစ် ခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။ Descriptive Statistics, t-tests, ANOVA, Correlation, Regression စသည် Statistical Tests များစွာ ပါဝင်၍ စုံလင်သော စမ်းသပ်မှုများကို ပြုလုပ်နိုင်ပါသည်။ Graph, Chart, Histogram စသည်တို့ အသုံးပြု၍ အချက်အလက်များကို မြင်သာအောင် Data Visualization ပြုလုပ် ဖော်ပြနိုင်ပါသည်။ Missing data, duplicate, outlier တို့ကို စစ်ဆေးပြီး ဖယ်ရှားနိုင်သည့် Data Cleaning Tools များပါဝင်ပါသည်။ Output ဖိုင်ကို Word, Excel, PDF ဖြင့် Report များပြုစုရာတွင် အထောက်အကူပြုနိုင်ပါသည်။

SPSS Software ၏ အားနည်းချက်များ

SPSS Software အသုံးပြုခြင်းဖြင့် အားနည်းချက်များမှာ လိုင်စင် (license) ဝယ်ယူရန် လိုအပ်ခြင်း၊ License အတွက် ကုန်ကျစရိတ်မြင့်မားခြင်း၊ ဆက်လက်သုံးစွဲရန် သက်တမ်းတိုးရခြင်း၊ အသုံးပြုမှုများသော Software များနှင့် ပေါင်းစည်းမှုနည်းခြင်း၊ Large Datasets တွင် Processing ပြုလုပ်ချိန်ကြာခြင်း၊ Big Data များအသုံးပြုဆောင်ရွက်ရာတွင် speed နှေးခြင်းများစသည့်  အခက်အခဲ များ ကြုံတွေ့နိုင်ပါသည်။

Excel Software ဆိုသည်မှာ

Source: https://en.wikipedia.org/wiki/Microsoft_Excel

Excel Software ဆိုသည်မှာ Microsoft က ဖန်တီးထားသော စာရင်းဇယား (Spreadsheet) များအတွက် အသုံးပြုသည့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး အချက်အလက်များကို စုစည်းခြင်း၊ စီမံခြင်းနှင့် စိစစ် သုံးသပ်ခြင်းတို့ ပြုလုပ်ရန်အသုံးပြုနိုင်ပြီး ပညာရေး၊ စီးပွားရေးစသည့်နယ်ပယ်များတွင် သုတေသနပြုလုပ် ခြင်းနှင့် အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုတို့တွင် လူသုံးများပါသည်။ စာရင်းဇယား (Spreadsheets) များ ဆောင်ရွက်ရာတွင် အချက်အလက်များကို အတန်း(Row)နှင့် တိုင်(Column) အလိုက် ဇယားဖြင့် စီစဉ် ဖော်ပြပေးပါသည်။ သင်္ချာဖော်မြူလာများ (Formulas & Functions) အသုံးပြု၍ တွက်ချက်မှုများ ပြုလုပ် နိုင်သည့်အပြင် ဒေတာခွဲခြမ်းစိတ်ဖြာမှုအတွက် PivotTables, Sorting, Filtering, Data Validation စသည် ကိရိယာများကိုလည်း အသုံးပြုနိုင်ပါသည်။ (Charts & Graphs) များဖြင့် အချက်အလက်များကို မြင်သာအောင် သရုပ်ဖော်ပြရန် အသုံးပြုနိုင်ပါသည်။ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်း၊ သင်္ချာနှင့် စာရင်းဇယားဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအောင် စာရင်းများ၊ ပစ္စည်းစာရင်း၊ စီမံကိန်းကြိုတင် အစီအစဉ်ရေးဆွဲခြင်း၊ အချက်အလက် စုစည်းခြင်းများ အတွက် အသုံးပြုနိုင်ပါသည်။

Excel Software ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

Interface ရှင်းလင်းပြီး မိမိလိုသလို ဖန်တီးနိုင်သည့် အသုံးပြုမှုလွယ်ကူသော ဆော့ဖ်ဝဲဖြစ်သည်။ ရိုးရှင်း သည့် သင်္ချာဖော်မြူလာများဖြင့် ဒေတာများကို အလိုအလျောက်တွက်ချက်နိုင်ပါသည်။ Sorting, Filtering, Conditional Formatting တို့ဖြင့် အချက်အလက်အများအပြားကို အလွယ်တကူ စီမံနိုင်ပါ သည်။ Pie Charts, Bar Graphs, Line Charts တို့အား အသုံးပြုခြင်းဖြင့် အချက်အလက်များ မြင်သာ အောင် Visualization ပြုလုပ်တင်ပြနိုင်ပါသည်။ PivotTable များဖြင့် ခက်ခဲသော ဒေတာများကို နားလည်လွယ်အောင် သုံးသပ်ဖော်ပြနိုင်သည်။ Excel ဖိုင်များသည် တခြားဆော့ဖ်ဝဲများထက် ဖိုင်အရွယ် အစားငယ်ပါသည်။

Excel Software ၏ အားနည်းချက်များ

အချက်အလက်များ လွန်စွာများပြားပါက (ဥပမာ – သန်းချီသော rows) Excel တွင် Processing ပြုလုပ်ရန် ခက်ခဲပါသည်။ အသုံးပြုသူအများအပြား တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်သည့်အတွက် Multi-User Collaboration အတွက် အားနည်းပါသည်။ (သို့သော် Excel Online ဖြင့် တချို့ကိစ္စများ အတွက် လျော့နည်းနိုင်ပါသည်။) ဖိုင်များအား Password ဖြင့် ကာကွယ်နိုင်သော်လည်း Strong Database Security မရရှိနိုင်ပါ။ SPSS, R, Python စသည့် အခြား tools များနှင့် နှိုင်းယှဉ်ပါက Advanced Statistical Analysis အတွက် ထိရောက်မှုနည်းပါသည်။

နိဂုံး

သုတေသနလုပ်ငန်းများသည် မည်သည့်နယ်ပယ်တွင်မဆို တိုးတက်မှုအတွက် အရေးကြီးသော အခြေခံကျသည့် လုပ်ငန်းများဖြစ်သည့်အတွက် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် သင့်လျော်သော software များကို အသုံးချနိုင်ရန် အရေးကြီးပါသည်။ SPSS, R, Excel, NVivo, Zotero, Tableau စသော ဆော့ဖ်ဝဲများသည် သုတေသနလုပ်ငန်းများ၏ လုပ်ငန်းဆောင်တာ အဆင့်ဆင့်ကို ပိုမိုလွယ်ကူ မြန်ဆန်စွာ ပြုလုပ်နိုင်စေပြီး၊ အချက်အလက်များကို သေချာမှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာ၍ တင်ပြရာတွင် လွယ်ကူစေ ပါသည်။ ထို့အပြင် အချိန်ကုန်သက်သာစေခြင်း၊ အမှားအယွင်းများကိုလျော့နည်းစေခြင်း၊ အရည်အသွေး မြင့်သုတေသနများ ဖန်တီးနိုင်စေခြင်းတို့ဖြင့် သုတေသနလုပ်ငန်းများ၏ တန်ဖိုးကို တိုးမြှင့်ပေးနိုင် ပါသည်။ သို့ဖြစ်ပါ၍ သုတေသနပြုလုပ်သူများအနေဖြင့် မိမိပြုလုပ်သော သုတေသနအမျိုးအစားနှင့် ကိုက်ညီသော Software များကို သေသေချာချာရွေးချယ် အသုံးပြုခြင်းဖြင့် သုတေသနလုပ်ငန်းများကို ပိုမိုထိရောက်လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

သက်တံ့(DTVET)

ကိုးကား

Regional Program on Research Methodology for TVET Leaders and Practitioners, 5-9,2025

https://en.wikipedia.org/wiki/Research

https://scientific-publishing.webshop.elsevier.com/research-process/choosing-the-right-research-methodology-a-guide-for-researchers

https://link.springer.com/chapter/10.1007/978-1-4020-5281-1_97

https://d-nb.info/1202713971/34

https://olibr.com/blog/what-are-the-disadvantages-and-advantages-of-using-r

https://surveysparrow.com/blog/what-is-spss