နိဒါန်း
နည်းပညာတိုးတက်လာသည့် ခေတ်ကြီးတွင် ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် သင်ကြားသင်ယူမှု လွယ်ကူစေရန် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုနေရသည်။ စာသင်ကြားတဲ့ အခါ Digital Tools များ အသုံးပြုပြီး သင်ကြားခြင်းက ဆရာ၊ဆရာမများအတွက် သင်ကြားရေး အဆင်ပြေပြီး မိမိရဲ့သင်ကြားမှုများကိုလည်း ကျောင်းသူ၊ကျောင်းသားများ စိတ်ဝင်တစားရှိစေပါတယ်။ ဒီဆောင်းပါး မှာတော့ ဆရာ၊ဆရာမများ အသုံးပြုရအဆင်ပြေပြီး Brainstorming၊ Classroom Discussions၊ Project Presentations၊ Polls နှင့် Lesson Plan ဖန်တီးရာတွင် အကျိုးရှိစေရန် Web Platform နည်းပညာတစ်ခုဖြစ်တဲ့ Padlet အကြောင်းကိုပြောပြပေးမှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်
ဆရာ၊ဆရာမများအတွက် နည်းပညာအခက်အခဲများကို ကျော်လွှားနိုင်ပြီး ထိရောက်အောင်မြင်တဲ့ သင်ကြား၊ သင်ယူမှု ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ကြဖို့ ရည်ရွယ်ပါတယ်။
“Padlet ဆိုတာ ဘာလဲ?” ဆိုတဲ့အကြောင်းအရာကို မပြောကြားခင် ဆရာ၊ဆရာမများအတွက် အဖိုးတန်တဲ့ ဒီနည်းပညာကို တီထွင်ခဲ့တဲ့ ကုမ္ပဏီအကြောင်း အနည်းငယ်ရှင်းပြချင်ပါတယ်။ Padlet ဆိုတဲ့ Digital Tool ကို ဆန်ဖရန်စစ်စကို၊ ကယ်လီဖိုးနီးယား နှင့် စင်္ကာပူ အခြေစိုက် မူလက Wallwisher လို့ခေါ်ပြီး နောက်ပိုင်းမှာ Padlet လို့အမည်ပေးထားတဲ့ စွန့်ဦးတီထွင် ပညာရေးဆိုင်ရာနည်းပညာ ကုမ္ပဏီ တစ်ခုက တီထွင်ဖန်းတီးခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီကို Nitesh Goel နှင့် Pranav Piyush ဆိုတဲ့ အိန္ဒိယ ပညာရှင်နှစ်ဦးက စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Wikipedia Website ရဲ့ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်မှာဆိုရင် အလုပ်သမား ၅၁ ယောက်နဲ့ လုပ်ငန်း လည်ပတ်နေတယ်လို့ သိရှိရပါတယ်။

Padlet ဆိုတာ ဘာလဲ?
Padlet ဆိုတာ Online Multimedia Collaborative Bulletin Board (Notice-Board) တစ်ခုဖြစ်ပါတယ်။
Padlet မှာဆိုရင် Cloud-Based Software-As-A-Service (SaaS) နည်းပညာကို ပံ့ပိုးပေးထားတာဖြစ်ပြီး ဆိုလိုရင်းကတော့ ကွန်ပျူတာတွေမှာ Install လုပ်စရာမလိုဘဲ Web Application ( Website Link – padlet.com) မှတဆင့် အသုံးပြုနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Padlet သည် အွန်လိုင်းပလက်ဖောင်း တစ်ခု ဖြစ်ပြီး မျှဝေမှု၊ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အတွက် တစ်နေရာတည်းမှာဆောင်ရွက်လို့ ရပါတယ်။ အသုံးပြုသူများသည် စာသား၊ ဓာတ်ပုံ၊ ဗီဒီယို၊ လင့်ခ်များ၊ PDF ဖိုင်များ တို့ကို အလွယ်တကူ မျှဝေနိုင်သည့်အပြင် Digital Board အနေနဲ့ သင်ခန်းစာများကို အတူတကွ ဖန်တီးနိုင်ပြီး အဖွဲ့လိုက် လေ့ကျင့်ခန်းများကိုလည်း အတူတကွ လုပ်ဆောင်နိုင်တဲ့အတွက် ဆရာ၊ဆရာမများ အသုံးပြုသင့်သော Digital Tool တစ်ခုပဲဖြစ်ပါတယ်။

Padlet ကို အသုံပြုရာတွင် အခက်အခဲရှိနိုင်ပါသလား?
Padlet မှာ Log in with Google ကို ရွေးကာ မိမိတို့ Email ဖြင့် Login ပြုလုပ်ပြီး Drag-And-Drop နည်းလမ်းဖြင့် ဖိုင်များ တင်နိုင်သည့်အပြင် မိမိဖန်တီးလိုသည့် Board ကို လွယ်ကူစွာ ဖန်တီးနိုင်ပါတယ်။

Padlet အသုံးပြုရခြင်းရဲ့ အကျိုးကျေးဇူးများ
- Padletကို အသုံးပြုခြင်းဖြင့် ကျောင်းသားတွေကို Open-ended question တွေ ဖြေဆိုစေလိုတဲ့အခါ အသုံးပြုနိုင်ပါတယ်။ ကလေးတွေရဲ့ အဖြေများကို Page တစ်ခုတည်းမှာ တစ်စုတစ်စည်းတည်း မြင်တွေ့နိုင်အောင် ပြုလုပ်လို့ရပါတယ်။
- Padlet ပေါ်တွင် စာသား၊ ဓာတ်ပုံ၊ ဗီဒီယို၊ Concept Maps ၊ လင့်ခ်များနှင့် ဖိုင်များကို ထည့်သွင်းနိုင် ပါတယ်။
- Screen Drawing ၊ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်တွေပါ အသုံးပြုသင်ကြားနိုင်သည့်အပြင် Quizzes တွေ ဖန်တီးနိုင်သလို Screen Recoder လည်းပါရှိပါတယ်။
- မေးခွန်းမှာ ပုံဖြည့်ဖို့ သီးသန့် Download ဆွဲစရာမလိုဘဲ ပုံကို တစ်ခါတည်းရိုက်ရှာပြီး သုံးလို့ရတဲ့ အတွက် အချိန်ကုန်သက်သာစေပါတယ်။
- Padlet ကို link မျှဝေခြင်း၊ QR code အသုံးပြုခြင်း သို့မဟုတ် အီးမေးလ်မှ ဖြန့်ဝေခြင်းဖြင့် မည်သူမဆို ဝင်ရောက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။
- ဆရာ၊ဆရာမတို့ရဲ့ ပို့စ်ကို Title ရေးထားနိုင်သလို Background ပြောင်းခြင်း၊ Font လည်း ရွေးနိုင် သည့်အပြင် ဆရာ၊ဆရာမတို့ Create လုပ်ထားတဲ့ပို့စ်တွေကို ဓာတ်ပုံအဖြစ် (Save image) ၊ PDF ဖြင့် လည်း သိမ်းထားနိုင်ပါတယ်။
- Padlet က ဆရာ၊ဆရာမတို့ Post တင်လိုက်ပြီး ကလေးတွေ စာသားနဲ့ commentပေးတာ၊ ရုပ်ပုံကို သုံးတာအပြင် Video ကိုလည်းသုံးနိုင်တာကြောင့် တကယ်ပဲ ပျော်စရာကောင်းတဲ့ စာသင်ခန်းကို ဖန်တီးနိုင်ပါတယ်။
- ကျောင်းသား၊ကျောင်းသူတွေကလည်း ဆရာ၊ဆရာမတို့ရဲ့ပို့စ်မှာ Facebook သုံးသလိုမျိုး React ပေးနိုင်ပါတယ်။
- Screen Capture လုပ်နိုင်တာကြောင့် ကျောင်းသူ၊ကျောင်းသားတွေဘက်က Technical Problem ရှိရင် ချက်ချင်း Screen Recording ယူပြီး ဆရာ၊ဆရာမတို့ကို ပြပေးနိုင်တာကြောင့် Technical Problem တွေကို ချက်ချင်း ဖြေရှင်းပေးနိုင်ပါတယ်။
နိဂုံး
Padlet ကို သုံး၍ စိတ်ကူးများ၊ အကြံဉာဏ်များကို မျှဝေနိုင်ပြီး၊ စာသင်ခန်းအတွင်း ဆွေးနွေးမှုများကို ပိုမို တက်ကြွစေခြင်း၊ ဆရာ၊ဆရာမများသည် ကျောင်းသား၊ကျောင်းသူများ၏ လုပ်ဆောင်ချက်များကို အကဲဖြတ်နိုင်ပြီး ပြန်လည်သုံးသပ်ချက်များပေးနိုင်ခြင်း၊ Google Drive Integration အသုံးပြုနိုင်ခြင်း၊ Slideshows များ နှင့် Schedule Posts ဖန်တီးအသုံးပြုနိုင်ခြင်း စသည့် Features များစွာ အသုံးပြုနိုင်ခြင်း တို့ကြောင့် လူကြိုက်များလာပါတယ်။ စိတ်ဝင်စားစရာကောင်းပြီး လေ့လာစရာ Features များစွာ ထက်မံရှိနေသေးသည့်အတွက် မိမိ၏ သင်ကြားသင်ယူမှုတွင် ပိုမိုအသုံးချစေနိုင်ရန် လေ့လာသွားဖို့ တိုက်တွန်းလိုပြီး Padletကို အသုံးပြု၍ ပျော်စရာကောင်းတဲ့ သင်ကြားသင်ယူမှုရပ်ဝန်းများ ဖန်တီးနိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဇွန်ပန်း (TVET)
Reference
- Padlet Tutorial for Teachers + 8 Ways to Use with Students
- How can I use the AI in Padlet for teaching? 5 ideas
- https://en.wikipedia.org/wiki/Padlet