နိဒါန်း

လူငယ်များသည် တိုင်းပြည်၏ အနာဂတ်သားကောင်းများဖြစ်သည့်အတွက် အနာဂတ်လူငယ်များ အတွက် ပညာရေးစနစ်ကို သမားရိုးကျ သင်ကြားမှုအပြင် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော စွမ်းရည်များ၊ အထူးသဖြင့် တီထွင်ဖန်တီးနိုင်မှုနှင့် ဆန်းသစ်တီထွင်မှုစွမ်းရည်များပါ တိုးတက်အောင် လေ့ကျင့်သင်ကြား ပေးသင့်ပါသည်။ ယနေ့ခေတ်တွင် နည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ    လူငယ်များအနေဖြင့်    စွန့်ဦးတီထွင်မှုစွမ်းရည် (Entrepreneurship Skills)နှင့် နည်းပညာတီထွင်နိုင်မှုစွမ်းရည်(Technopreneurship Skills) များကို ကျွမ်းကျင်စွာ သင်ယူတတ်မြောက်ရန် မဖြစ်မနေ လိုအပ်လာပါသည်။ ထိုမှသာ လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်လာပြီး နိုင်ငံအတွက် များစွာအကျိုးပြုနိုင်သော တန်ဖိုးရှိသည့် အနာဂတ် ကြယ်ပွင့်များ ဖြစ်လာမည်မှာ ဧကန်အမှန်ပင် ဖြစ်ပါတော့သည်။

Entrepreneurship  ဆိုတာဘာလဲ?

  • “Entrepreneur” ဆိုသော စကားလုံးသည် ပြင်သစ်ဘာသာ “entreprendre” မှ ဆင်းသက်လာပြီး၊ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ထောင်သူ၊ သဘာဝအန္တရာယ်များနှင့် စီးပွားရေးအခက်အခဲများ ကို ရင်ဆိုင်ဖြတ်ကျော်နိုင်သူ၊ လုပ်ငန်းများကို ဦးဆောင်တည်ဆောက်သူ ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။
  • Entrepreneurs များသည် မတူညီသော စျေးကွက်လိုအပ်ချက်များကိုသိရှိပြီး ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သော နည်းလမ်းအသစ်များကို ရှာဖွေတီထွင်ကာ လုပ်ငန်းအောင်မြင်အောင် တီထွင် လုပ်ဆောင်နိုင်ကြသူများ ဖြစ်ပါသည်။

Technopreneurship ဆိုတာဘာလဲ?

  • “Technopreneurship” ဆိုသည်မှာ နည်းပညာနှင့် စီးပွားရေးကိုပေါင်းစပ်၍ ထူးခြားသည့် ဝန်ဆောင်မှု များ၊ Tech-based Startups များကို ဖန်တီးပေးနိုင်သော ခေတ်သစ်စွန့်ဦးတီထွင်မှု နည်းပညာ ဖြစ်ပါ သည်။ Mobile Applications ၊ E-Commerce Platforms၊ Digital Marketing Services စသည် တို့သည် Technopreneurship သုံးစွဲမှု၏ ဥပမာများ ဖြစ်ကြပါသည်။

လူငယ်များအတွက် စွန့်ဦးတီထွင်မှုစွမ်းရည် တိုးတက်ရေး ဖော်ဆောင်ရာတွင် TVET ကဏ္ဍအနေဖြင့် ဆောင်ရွက်သင့်သော အချက်များ

  1. Curriculum Integration – Entrepreneurship, Innovation, Technology နှင့် Business Intelligence တို့ကို မျှတစွာပေါင်းစပ်ထားသည့် သင်ရိုးဖွဲ့စည်းမှုပုံစံ (Interdisciplinary Approach) ကို အသုံးပြုခြင်း။
  2. Instruction InnovationSAMR (Substitution, Augmentation, Modification, Redefinition) နှင့် TPACK (Technological Pedagogical Content Knowledge) စသည့် ဆန်းသစ်သည့် သင်ကြားရေး နည်းလမ်းများဖြင့် ဆရာများ၏ သင်ကြားမှုစွမ်းရည်မြှင့်တင်ခြင်း။
  3. Capacity Building – Technopreneurial Mindset နှင့် Teaching Innovation Skills တို့ကို တိုးတက် မြှင့်တင်ရန် On-the-Job Training, Peer Learning, Workshops များဖြင့် ဆရာများအား အလုပ် အကိုင်ကျွမ်းကျင်မှုမြှင့်တင်ခြင်း။
  4. Stakeholder Collaboration – အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုဇုန်နှင့် မဟာဗျူဟာ ဆောင်ရွက်ဖက်များမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် Regional Innovation Ecosystem တည်ဆောက် ခြင်း။

Figure 1. The SAMR Model

Figure 2. The TPACK Framework

Figure 3. Six Core Elements of Entrepreneurship

စွန့်ဦးတီထွင်မှုစွမ်းရည် တိုးတက်ရေး၏ အားသာချက်များ

  • 1. TVET သင်တန်းသားများအနေဖြင့် အလုပ်အကိုင်ရှာဖွေမှု တိုးတက်လာစေရန်သာမက ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို စတင်နိုင်သော စွမ်းရည်ရှိသူများအဖြစ် ပြောင်းလဲလာနိုင်ခြင်း။
  • 3. TVET သင်ရိုးအတွင်း Entrepreneurship နှင့် Technopreneurshipတို့ကို ပေါင်းစပ်သင်ကြားခြင်းသည် မြန်မာ့ပညာရေးနည်းဗျူဟာအတွက် များစွာအကျိုးပြုနိုင်သော တန်ဖိုးမြင့် အရင်းအမြစ်တစ်ခု ဖြစ်လာ နိုင်ပြီး အနာဂတ်လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးမှု တိုးတက်လာစေခြင်း၊ စီးပွားရေးတိုးတက် ရေး၊ နည်းပညာတီထွင်မှုနှင့် လူ့စွမ်းအားဖွံ့ဖြိုးမှုတို့အတွက် များစွာအထောက်အပံ့ဖြစ်စေနိုင်ခြင်း။

Benefits Of Developing an Entrepreneurial Mindset

Figure 4. Entrepreneurial Mindset

နိဂုံး

လူငယ်များအတွက် စွန့်ဦးတီထွင်မှုစွမ်းရည် တိုးတက်ရေးသည် ပညာရေးတွင် အရေးပါသော အစိတ် အပိုင်းတစ်ခု ဖြစ်ပါသည်။ အရေးပါဆုံးအကျိုးသက်ရောက်မှုမှာ TVET သင်ရိုးအတွင်းတွင် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်မှုစွမ်းရည်များကို ပေါင်းစပ်သင်ကြားခြင်းအားဖြင့် ကျောင်းသားများအား လုပ်ငန်းတည်ထောင်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ ခေါင်းဆောင်မှုနှင့် ဖန်တီးနိုင်မှုစွမ်းရည်များ တိုးတက် လာစေခြင်းဖြစ်ပါသည်။ ထို့အပြင် ဒစ်ဂျစ်တယ်ခေတ်တွင် လိုအပ်လာသော Technopreneurship Skills များ ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရန် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ နိဂုံးအနေဖြင့်  လူငယ်များအတွက် စွန့်ဦးတီထွင်မှုစွမ်းရည် တိုးတက်ရေးသည် မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးတန်ဖိုးရှိသော သင်ရိုးဖွဲ့စည်းမှုပုံစံပင် ဖြစ်ပါတော့သည်။

Cherry(DTVET)

References

  • 1. Integration Strategies for Technopreneurship in TVET Curriculum- Prof. Naeem Yaqoob