နိဒါန်း

၁။ ဈေးကွက်တွင် အလျင်အမြန် ပြောင်းလဲတိုးတက်နေသော နည်းပညာတိုးတက်မှုတို့ကြောင့် အလို အလျောက်စနစ်၊ AI (Artificial intelligence) နှင့် ဒီဂျစ်တယ်နည်းပညာများတွင် ဆန်းသစ် တီထွင်မှုများကို လိုက်လျောညီထွေဖြစ်စေမည့် နည်းပညာကျွမ်းကျင်ပညာရှင်များစွာ လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် စက်မှုလုပ်ငန်းများသည် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသာမက ကိရိယာအသစ်များ၊ စနစ်များနှင့် နည်းလမ်းများကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိသူများကို ပိုမိုလိုအပ်လျက်ရှိပါသည်။

TVET ကျောင်းများသည် ဤလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် နေပြီး ကျောင်းသား/သူများအား လုပ်ငန်းတစ်ခုချင်းစီအတွက် လိုအပ်သော လက်တွေ့ ကျွမ်းကျင်မှုများနှင့် စွမ်းရည်များကို သင်ကြားပေးလျက်ရှိသည်။ TVET ကျောင်းများသည် ပညာရေးဆိုင်ရာအသိပညာကို လုပ်ငန်းခွင်လိုအပ်ချက်များအဖြစ် ပြောင်းလဲရာတွင် အရေးပါသော တံတားတစ်စင်းဖြစ်ပါသည်။ အလုပ် အကိုင်ရရှိမှုကို မြှင့်တင်ပေးခြင်း၊ လိုအပ်ချက်နှင့် လက်တွေ့ကျွမ်းကျင်မှုအကြား ကွာဟမှုကို လျှော့ချပေး ခြင်းနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုခြင်းဖြင့် TVET ပညာရေးအစီအစဉ်များသည် အမြဲ ပြောင်းလဲနေသော စက်မှုလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိသည်။

TVET ၏ အခန်းကဏ္ဍသည် စက်ရုံများနှင့် လုပ်ငန်းခွင် လိုအပ်ချက်များ ပြောင်းလဲလာသည် နှင့်အမျှ အမြဲပြောင်းလဲနေပြီး ထိုပြောင်းလဲမှုများကို လိုက်လျောညီထွေဖြစ်စေရန် TVET သည် နည်းပညာနှင့် ကျွမ်းကျင်မှုများကို သင်ကြားပေးရုံသာမက စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်သော နည်းပညာကျွမ်းကျင်သော လူသားအရင်းအမြစ်ကို ပြင်ဆင်ပေးရန် ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။

ရည်ရွယ်ချက်

၂။       TVET ကဏ္ဍတွင် ကျောင်းနှင့်စက်ရုံချိတ်ဆက်ဆောင်ရွက်မှုများ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းခေါင်းစဉ်ရေးသားရခြင်း၏ ရည်ရွယ်ချက်များမှာ

(က)    TVET ရှိ ကောလိပ်၊သိပ္ပံကျောင်းများအား စက်ရုံများဆိုင်ရာ အမြဲတမ်းပြောင်းလဲနေသော လိုအပ် ချက်များကို လိုက်လျောညီထွေဖြစ်စွာ စွမ်းဆောင်နိုင်စေရန်။

(ခ)      စက်ရုံများနှင့် TVET နယ်ပယ်တွင် ပေါ်ထွန်းလာသော စိန်ခေါ်မှုများအတွက် ဆန်းသစ်တီထွင် သော ဖြေရှင်းနည်းများသို့ ဦးတည်သည့် စဉ်ဆက်မပြတ်သင်ယူမှုနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေးရန်။

(ဂ)      စက်ရုံများနှင့် ကောလိပ်၊သိပ္ပံကျောင်းများအကြားတွင် ပေါ်ပေါက်လာသော စိန်ခေါ်မှုများအတွက် အနာဂတ်မျှော်မှန်းချက်များနှင့် ကိုက်ညီသော ကျွမ်းကျင်မှုများကို ပေါင်းစပ်ခြင်းနှင့် ဆန်းသစ် တီထွင်သော သင်ကြားရေးနည်းလမ်းများကို သိရှိစေရန်။

Trend များ

၃။        IoT (Internet of Things) Sensor များသည် စိုက်ပျိုးရေးလုပ်ငန်းတွင် မြေဆီလွှာတိုင်းတာခြင်း၊ မြေဆီစိုထိုင်းစတိုင်းတာခြင်း တို့အားလည်းကောင်း၊ စက်ရုံအလုပ်ရုံများတွင်လည်း အဆင့်ဆင့် လုပ်ဆောင် နေသော စက်ပစ္စည်းချို့ယွင်းခြင်းမဖြစ်မီ တိုင်းတာနိုင်သော vibration sensor၊ စက်ပစ္စည်းများ ပုံမှန် မဟုတ်သော အသံများထွက်ပါက ပြုပြင်ရန်သတိပေးနိုင်သော Noise sensor အစရှိသော sensor များစွာ ဖြင့် စက်မှုလုပ်ငန်းများတွင် အချိန်နှင့်ငွေကြေးကို သက်သာစေကာ လုပ်ငန်းခွင်တွင်လည်း ပေါက်ကွဲမှု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်သောကြောင့် များပြားသော စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ ကျန်းမာရေး အစရှိသော ကဏ္ဍများစွာတွင် အရေးပါသော နည်းပညာတစ်ခု ဖြစ်လာပါသည်။

AI သည် စက်မှုလုပ်ငန်းများစွာတွင် အချိန်နှင့်ငွေကြေးကို ချွေတာပေးပြီး လူသားများ၏ အလုပ်များ ကို ပိုမိုလွယ်ကူစေပါသည်။ AI ၏ အသုံးပြုမှုများသည် နည်းပညာတိုးတက်မှုနှင့်အတူ IoT (Internet of Things) ကဲ့သို့ပင် စက်မှုလုပ်ငန်းများစွာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာခြင်းများ အစရှိသော အလုပ်များစွာ လုပ်ပေးနိုင်ခြင်းကြောင့် စက်ရုံများစွာကို သာမက ကျောင်းသား/သူများအတွက်ပါ အရေးပါသော နည်းပညာတစ်ခု ဖြစ်လာပါသည်။

စက်ရုံများတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ စက်တပ်ဆင်မှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို Cloud-based automation system လုပ်ထားခြင်းဖြင့် စက်ရုံ တစ်ခုမှ တစ်ခုသို့ အချက်အလက်များမျှဝေကာ ထိရောက်သောထုတ်လုပ်မှုကို အကောင်အထည်ဖော်နိုင်သည့် အပြင် ကောလိပ်/သိပ္ပံကျောင်းများတွင်လည်း များစွာအထောက်အကူပြုပါသည်။

Institute-Industry များကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် TVET ကဏ္ဍသင်ကြား သင်ယူမှုတွင် အသုံးဝင်ပုံ/လက်တွေ့ဆောင်ရွက်နေမှုများ

၄။       TVET ကျောင်းများအတွက် Blue Ocean Strategy သည် ပြိုင်ဆိုင်မှုများတဲ့ ဈေးကွက်ကို ရှောင်ပြီး ကိုယ်ပိုင်အခွင့်အလမ်းသစ်များကို ဖန်တီးကာ ဈေးကွက်အသစ်ဖော်ခြင်းဖြစ်သော စီးပွားရေးဗျူဟာ တစ်ခု ဖြစ်ပါသည်။ သမားရိုးကျသင်ကြားမှုများမှ ကွာခြားသည့် ကျွမ်းကျင်မှုများ တိုးတက်လာခြင်း၊ ကိုယ်ပိုင် လုပ်ငန်းစတင်ခြင်း၊ Digital & Green Economy နှင့် ချိတ်ဆက်ခြင်း တို့သည် အလုပ်အကိုင် အခွင့် အလမ်းများကို ပိုမိုတိုးမြှင့်ပေးနိုင်ပါသည်။ Blue Ocean Strategy ဗျူဟာကို အသုံးပြုပါက TVET ကျောင်းသား/သူများသည် ပြိုင်ဆိုင်မှုများသော အနီရောင်သမုဒ္ဒရာ (Red Ocean) ထဲမှ လွတ်မြောက်ကာ TVET ကျောင်းသား/သူများ၏ အလုပ်အကိုင်အခွင့်အလမ်း (Employability) နှင့် ကိုယ်ပိုင်လုပ်ငန်း စွမ်းရည် (Self-Employability) တိုးတက်လာကာ ကျွမ်းကျင်မှု၊ ဆန်းသစ်သော အတွေးအခေါ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးနိုင်မည် ဖြစ်ပါသည်။

Institute-Industry များကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် Awareness, Promotion, Management နှင့် Ownership (သိမြင်မှု၊ မြှင့်တင်မှု၊ စီမံခန့်ခွဲမှုနှင့် ပိုင်ဆိုင်မှု) စသည့် အဆင့်(၄)ဆင့်ပါဝင်သော Model ဖြင့် TVET ကဏ္ဍတွင် လုပ်ဆောင်လျက်ရှိပါသည်။ လုပ်ငန်းရှင်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ကျောင်းသား/သူများအား Institute-Industry Linkage ၏ အရေးပါမှုကို နားလည်စေရန် Institute-Industry Linkage ဆိုင်ရာ seminar များ၊ workshop များ ကျင်းပခြင်း၊ Promotion (မြှင့်တင်မှု) များ လုပ်ဆောင်ရန် MOUs များ ချုပ်ဆိုကာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးအသိအမြင်များ ရစေရန် Innovation၊ Skills and Project ပြိုင်ပွဲများအား နှစ်စဉ်ကျင်းပခြင်း၊ စီးပွားရေးဘာသာရပ်၊ Project Management and Entrepreneurship သင်ရိုးညွှန်းတမ်းအသစ် များအား TVET ကျောင်းများတွင် ရေးဆွဲကာ သင်ကြားပေးနေခြင်း၊ Internship Program နှင့် Industrial training များ စနစ်တကျ အကောင်အထည်ဖော်ခြင်း၊ Quality Management System များ လုပ်ဆောင်နေခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုကော်မတီများ ဖွဲ့စည်းခြင်း၊ SIP အား စတင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း စသည့် အဆင့်များဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အကျိုးကျေးဇူးများ

၅။       TVET ကျောင်းများနှင့် စက်ရုံများအကြား ရေရှည်တည်တံ့သော ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု များ မြှင့်တင်ရန်အတွက် Action Plan (လုပ်ငန်းစဉ်အစီအစဉ်) အဆင့်များအား လုပ်ဆောင်ခြင်းဖြင့်  ကျောင်းသူ၊ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း နှင့် စက်မှုလုပ်ငန်းရှင်များ အနေဖြင့်လည်း TVET ကျောင်းများနှင့် ပူးပေါင်းခြင်းဖြင့် ၎င်းတို့ လိုအပ်သော Skill ရှိသည့် ကျွမ်းကျင်သူ များကို ရရှိစေခြင်း၊ အနာဂတ်တွင် လိုအပ်လာမည့် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များကို ကြိုတင်ပြင်ဆင်နိုင်ပြီး နှစ်ဦးနှစ်ဖက် ရေရှည်အကျိုးကျေးဇူးများ ရရှိစေပါသည်။

Website link များ

၂။ Kim, W. C., & Mauborgne, R. (2005). Blue ocean strategy: How to create uncontested market space and make the competition irrelevant. Harvard Business School Press.

။ Rahman, M. M., & Hanafi, I. (2011). The role of industry-institute partnership in TVET employability. International Journal of Vocational and Technical Education, 3(5), 77–84.

၄။ International Labour Organization. (2021). Skills for a resilient youth: TVET and skills development in times of crisis. International Labour Office. https://www.ilo.org