သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇူလိုင် ၂၆ ရက် နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် အတူ အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း) သို့ ရောက်ရှိကာ ကျောင်းအုပ်ကြီးက ငလျင်ဒါဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြုပြင်ဆောင်ရွက် ခဲ့ပြီးသော လုပ်ငန်းများ၊ ပြုပြင်ရန်ကျန် ရှိသည့်လုပ်ငန်းများနှင့် ကျောင်းဆိုင်ရာကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန် ရှိသူများသည် အဆောက်အဦးများ၊ ပင်မဆောင်၊ စာသင်ဆောင်များ၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ အလုပ်ရုံများနှင့် ဖူဆယ်ဘောလုံးကွင်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အလုပ်ရုံနှင့် ဘာသာ ရပ်ဌာနအလိုက် သင်ထောက်ကူပစ္စည်းများစီစဉ်ထားရှိမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ သင်ကြားသင်ယူနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။