သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်း တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)သို့ ရောက်ရှိပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ) အစည်း အဝေး ခန်းမ၌ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာကျောင်းအုပ်ကြီးမှ ကျောင်းဆိုင်ရာ အချက်အလက်များအားတင်ပြ၍ ဒုတိယဝန်ကြီးက အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)သည် အချက်အချာကျသောနေရာတွင်တည်ရှိပြီး ကျောင်းတည် နေရာသည် စက်မှုဇုန်အတွင်း လက်တွေ့ကျသောနေရာတွင် တည်ရှိနေခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ စက်ရုံများသို့ လေ့လာရေးစေလွှတ်ရန်၊ ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ကျောင်းအတွင်းရှိ စက်ပစ္စည်း ကိရိယာများအပေါ်အခြေခံ၍ လုပ်ငန်းခွင်အသစ်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်သွားရန်၊ ယခုထက်ပို၍ နိုင်ငံ့ အကျိုးပြုမျိုးဆက်သစ်များ မွေးထုတ်သွားရန်အတွက် လက်တွေ့ကျသည့် ပုံမှန်သင်တန်းနှင့် ကာလတိုသင်တန်းများ ဖွင့်လှစ်သွားရန်၊ Industrial Sector မှ ပုဂ္ဂိုလ်များနှင့် ချိတ်ဆက်လုပ်ဆောင်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ အင်ဂျင်နီယာဌာနများ အသီးသီးရှိ လက်တွေ့ခန်းများနှင့် အလုပ်ရုံများတွင် လက်တွေ့လုပ်ငန်းများကို စိတ်ဝင်စားတက်ကြွစွာ လေ့ကျင့်လျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး စာကြည့်တိုက်အတွင်း စာအုပ်များလှူဒါန်းခဲ့ပြီး ဌာနအလိုက် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။