နိဒါန်း
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ပညာရေးစနစ်များသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် လျှင်မြန်စွာ ပြောင်းလဲနေကြသည်။ နည်းပညာနှင့်ဆိုင်သော ပညာရေးသည် ပိုမိုပြောင်းလဲလာပါသည်။ ထိုပြောင်းလဲမှုများ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုမှာ Technical and Vocational Education and Training (TVET) အတွက် Virtual TVET ဖန်တီးပေါ်ပေါက်လာခြင်းဖြစ်သည်။ Virtual TVET သည် အွန်လိုင်း ပညာရေးနှင့်ပတ်သက်ပြီး ကျောင်းသားများ၏ သင်ယူမှုစွမ်းရည်တိုးတက်မှုနှင့် အလုပ်အကိုင် အခွင့် အလမ်းများကို မြှင့်တင်ရန် အရေးကြီးသော နည်းလမ်းတစ်ခုအဖြစ် မြှင့်တင်လျက်ရှိသည်။
Virtual TVET ဆိုတာဘာလဲ?
Virtual TVET ဆိုသည်မှာ ဒစ်ဂျစ်တယ်နည်းပညာများ (ဥပမာ- အွန်လိုင်းသင်ကြားရေး၊ Virtual Reality (VR), Augmented Reality (AR), 3D Simulation) ကိုအသုံးပြု၍ သက်မွေးပညာနှင့် နည်းပညာဆိုင်ရာ သင်ကြားမှု များကို Virtual ပတ်ဝန်းကျင်တွင် လက်တွေ့ကျကျ လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။ အထူးအားဖြင့် Virtual TVET သည်-
- သင်ယူသူများအတွက် လွတ်လပ်မှု: Virtual TVET သည် သင်ယူသူများအတွက် မည့်သည့်နေရာနှင့် မည်သည့်အချိန် ကွန်ပျူတာ၊ Tablet၊ Handphone စသည့် မည်သည့် Device မျိုးစုံဖြင့်မဆို လွတ်လပ်စွာသင်ယူနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီး လေ့လာသူ များအား လက်တွေ့သင်ကြားနည်းအတိုင်း အလားတူ အတွေ့အကြုံ များ ရရှိစေပါသည်။
- လေ့လာမှုအမြန်နှုန်းမြှင့်တင်မှု: အွန်လိုင်းပလက်ဖောင်းများကို အသုံးပြု၍ သင်ယူသူများသည် ၎င်း၏ သင်ယူနိုင်စွမ်းအပေါ်မူတည်၍ ပိုမိုမြန်ဆန်စွာ သင်ယူနိုင်ပါသည်။
- သင်ကြားပြသသူမှ ဆောင်ရွက်ပေးမှု: Virtual TVET တွင် သင်ကြားပြသသူသည် သင်ယူသူအား လမ်းညွှန်ခြင်း၊ လေ့ကျင့်မှုများနှင့် အကူအညီများပေးနိုင်ပါသည်။
Virtual TVET ဖော်ဆောင်ရာတွင် လိုအပ်သော အစိတ်အပိုင်းများ

Digital TVET Framework အရ Virtual TVET အောင်မြင်စွာ တည်ဆောက်ရန် အောက်ပါ သုံးခုအဓိကလိုအပ်သည်-
- Infrastructure (အခြေခံအဆောက်အအုံ)
- မြန်ဆန်ပြီး ယုံကြည်ရသော အင်တာနက်ချိတ်ဆက်မှု (Connection and Bandwidth)
- လိုအပ်သည့် Devices (ကွန်ပျူတာ၊ မိုဘိုင်း၊ VR မျက်မှန်များ၊ စသဖြင့်) (Hardware)
- ပေါင်းစပ်မှုနှင့် နည်းပညာအထောက်အပံ့ (Integration and Support)
- InfoStructure (အချက်အလက်ဖွဲ့စည်းပုံ)
- အထူးပြုဆော့ဖ်ဝဲနှင့် သင်ကြားရေးပလက်ဖောင်းများ (Software and Platform)
- သင်ကြားရေးအကြောင်းအရာများ (Contents)
- အကဲဖြတ်နည်းများ (Online Quizzes, Practical Demonstrations, Assignments စသဖြင့်) (Assessment)
- InfoCulture (သတင်းအချက်အလက်ယဉ်ကျေးမှု)
- ပြောင်းလဲမှုစီမံခန့်ခွဲမှု (နည်းပညာအသုံးပြုမှုအသစ်များလက်ခံနိုင်စွမ်း တိုးတက်အောင် ပြင်ဆင်မှု) (Change Management)
- အွန်လိုင်းသင်ကြားမှုကို ထောက်ပံ့ပေးသည့် မူဝါဒများ (eLearning Policies စသဖြင့်) (Policy)
- Curriculum ပြင်ဆင်မှု (Skills for Digital Economy, Green Skills, Innovation Skills စသဖြင့်) (Curriculum)
- စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ (Capacity Building)
Virtual TVET ၏ အားသာချက်များ
- လေ့လာသူများအနေဖြင့် မိမိအချိန်နှင့်နေရာပေါ်မူတည်ပြီး မိမိအဆင်ပြေသည့် Device များဖြင့် သင်ယူ နိုင်ခြင်း
- AI, VR, AR တို့ဖြင့် နောက်ဆုံးပညာရပ်များကို လေ့လာနိုင်ခြင်း
- Interactive Learning များဖြင့် သင်ယူမှုကို ပိုမိုစိတ်ဝင်စားမှု မြှင့်တင်နိုင်ခြင်း
- ခရီးသွားလာစရိတ်နှင့် သင်ကြားမှုစရိတ်များ လျှော့ချနိုင်ခြင်း
- ခေတ်နှင့်အညီ စီးပွားရေးနှင့် စက်မှုလုပ်ငန်းလိုအပ်ချက်များဖြည့်ဆည်းနိုင်ခြင်း


ပုံ Virtual TVET ဖြင့် သင်ကြားပေးလျက်ရှိသည့် ပညာရပ်နမူနာပုံစံ
Source: Labtech Academy
စိန်ခေါ်မှုများနှင့် ဖြေရှင်းနည်းများ
(က) အဓိကစိန်ခေါ်မှုများမှာ
- ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ အားနည်းခြင်း (ကျေးလက်ဒေသများတွင် အင်တာနက်နှင့် ကွန်ပျူတာ ဝန်ဆောင်မှု မလုံလောက်ခြင်း)
- ဆရာများ၏ ဒစ်ဂျစ်တယ်စွမ်းရည် နည်းပါးခြင်း (VR/LMS ကို အသုံးပြုရန် လေ့ကျင့်မှုများ လိုအပ်ခြင်း)
(ခ) ဖြေရှင်းနည်းများ
- အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်း (ဥပမာ: Labtech-Academy နှင့် ပညာရေးဌာနများ ချိတ်ဆက် ခြင်း)
- မိုဘိုင်းအခြေပြု သင်ကြားရေး ဆောင်ရွက်ခြင်း (စမတ်ဖုန်းများဖြင့် အခြေခံသင်ခန်းစာများ ဝင်ရောက် နိုင်ရန် ဆောင်ရွက်ခြင်း)
အနာဂတ်အတွက် အကြံပြုချက်များ
လက်တွေ့သင်တန်းခန်းများနှင့် Virtual TVET ကို ပေါင်းစပ်အသုံးပြုသည့် Hybrid Learning Model များ ဆောင်ရွက်ခြင်း၊ကျောင်းသား၏ အရည်အချင်းအလိုက် စိတ်ဝင်စားမှုပေါ်မူတည်သော သင်ရိုးညွှန်းတမ်းများ ဖန်တီး ဆောင်ရွက်နိုင်မည့် AI နှင့် Adaptive Learning စနစ်များအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
နိဂုံး
Virtual TVET သည် ပညာရေးတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၏ အရေးပါသော အစိတ်အပိုင်းဖြစ် ပါသည်။ ဤနည်းပညာသည် အနာဂတ်တွင် TVET ကျောင်းသားများအတွက် မိမိအဆင်ပြေမည့် အချိန်နှင့် နေရာပေါ် မူတည်ပြီး မိမိအဆင်ပြေနိုင်သည့် Device များဖြင့် သင်ယူနိုင်ပါသည်။ ထို့ကြောင့် Virtual TVET သည် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေ၍ အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုတိုးမြှင့်ပေးနိုင်မည် ဖြစ်ပါ သည်။
မော်ထွန်း(ပညာရေး)
Virtual TVET သင်ခန်းစာများကို ကိုယ်တိုင်ဝင်ရောက်လေ့လာလိုပါက LABTECH ACADEMY မှ Free Trail ပေးထားသည့် သင်ခန်းစာများကို ဖော်ပြပါ Link: https://labtech-academy.com/index.php မှတစ်ဆင့် Registration ပြုလုပ်၍ ဝင်ရောက်လေ့လာနိုင်ပါသည်။
References