သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် သြဂုတ်လ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်) သို့ရောက်ရှိခဲ့ပြီး စာသင်နှစ်အလိုက် စာသင်ခန်းများ အသီးသီးတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ နည်းပညာ အရည်အသွေးပြည့်ဝရန်အပြင် ကျင့်ဝတ်၊ စည်းကမ်းများကို လေးစား လိုက်နာကာ ဗလ ငါးတန်နှင့် ပြည့်စုံစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ဆက်လက်၍ ဒုတိယ ဝန်ကြီးသည် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍  လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဒုတိယဝန်ကြီးက ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး တစ်တပ်တစ်အား အထောက်အကူပြုမည့် သင်တန်းများကို အရည်အသွေးပြည့်မီစွာ စဥ်ဆက်မပြတ် ဖွင့်လှစ်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး စာကြည့်တိုက်တွင် စိတ်ဝင်စားစွာ ဖတ်ရှုလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးကာ ၄င်းတို့အား သုတ၊ရသ စာအုပ်များကို ပေးအပ်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် သန့်ရှင်းသပ်ရပ် သာယာရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။