နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) ၌ AI Ethics and Cyber Security ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၈) ရက်၊ အင်္ဂါနေ့၊ နေ့လယ် (၁: ၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ Myanmar Digital Economy Association (MDEA)မှ Executive Director ဖြစ်သူ ဦးအောင်ကိုကိုဦး၊ Nex Bridge Globalမှ ဦးသက်နောင်စိုး၊ (MAEU) မှ ဒေါက်တာ အောင်ဝင်းထွဋ်၊ စက်မှုဇုန်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
AI Ethics and Cyber Security ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို အစိုးရနည်းပညာ ကောလိပ် (တောင်ဒဂုံ)တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ သူများအား AI Ethics and Cyber Security ဆိုင်ရာ အသိပညာများ သိရှိနိုင်စေရန်၊ AI နည်းပညာဆိုင်ရာ ဗဟုသုတများမျှဝေ၍ ကျွမ်းကျင်မှုမြှင့်တင်နိုင်ရန်နှင့် AI Tools များကို သေချာစွာသိရှိနားလည်ပြီး သင်ကြား၊ သင်ယူမှုများတွင် ထိရောက်စွာအသုံးချဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ အဖွင့်အမှာစကား ပြောကြား၍ Myanmar Digital Economy Association (MDEA)မှ Executive Director ဖြစ်သူ ဦးအောင်ကိုကိုဦး၊ Nex Bridge Global မှ ဦးသက်နောင်စိုး၊ (MAEU) မှ ဒေါက်တာအောင်ဝင်းထွဋ်၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်း ကျောင်းမှ ဒေါက်တာအောင်ခိုင်၊ အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) မှ ကျောင်းအုပ်ကြီး ဒေါက်တာ သန်းထိုက်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) မှ ကျောင်းအုပ်ကြီး ဦးဇေယျာအောင် တို့မှ AI Ethics and Cyber Security ဆိုင်ရာ အသိပညာပေးခြင်းတို့အား အဖွဲ့လိုက်ဆွေးနွေးမေးမြန်းခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အဖွဲ့လိုက်ဆွေးနွေးခြင်းအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများအား AI အသုံးပြုမှုနှင့် ပတ်သတ်၍ စနစ်တကျသင်ကြားပေးစေလိုကြောင်း၊ ဆိုးကျိုးများ မဖြစ်စေရန် AI Developer များအနေဖြင့် စနစ်တကျ Analysis လုပ်ထားသင့်ကြောင်း၊ AI Tool များကို Curriculum များတွင် ထည့်သွင်းသင်ကြား သင့်ကြောင်း၊ မျက်မှောက်ခေတ်တွင် AI သည် Turning Point ဖြစ်လာကြောင်း၊ AI မသုံးတတ်ပါက နောက်ကျကျန်ခဲ့နိုင်ကြောင်း၊ MSME လုပ်ငန်းများတွင် AI Tools များကို ထည့်သွင်းအသုံးပြုသင့်ကြောင်း၊ Cyber Security အကြောင်းအား ပိုမိုသိထားဖို့လိုကြောင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ AI နှင့်ပတ်သတ်၍ Foundation ကောင်းရန် လိုကြောင်း၊ AI အား အကျိုးရှိသည့်နေရာများတွင် ထိရောက်စွာအသုံးပြုရန်လိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ Critical Thinking မပျောက်စေရန် စနစ်တကျလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက်တက်ရောက်လာကြသောဆရာ၊ ဆရာမများ၊ ကျောင်းသား၊ သူများမှ သိရှိလိုသည်များ ဆွေးနွေး မေးမြန်းခဲ့ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ Myanmar Digital Economy Association (MDEA)မှ Executive Director ဖြစ်သူ ဦးအောင်ကိုကိုဦး၊ Nex Bridge Global မှ ဦးသက်နောင်စိုး၊ (MAEU)မှ ဒေါက်တာ အောင်ဝင်းထွဋ် တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။