နိဒါန်း
လူငယ်များသည် တိုင်းပြည်၏ အနာဂတ်သားကောင်းများဖြစ်သည့်အတွက် အနာဂတ်လူငယ်များ အတွက် ပညာရေးစနစ်ကို သမားရိုးကျ သင်ကြားမှုအပြင် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော စွမ်းရည်များ၊ အထူးသဖြင့် တီထွင်ဖန်တီးနိုင်မှုနှင့် ဆန်းသစ်တီထွင်မှုစွမ်းရည်များပါ တိုးတက်အောင် လေ့ကျင့်သင်ကြား ပေးသင့်ပါသည်။ ယနေ့ခေတ်တွင် နည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ လူငယ်များအနေဖြင့် စွန့်ဦးတီထွင်မှုစွမ်းရည် (Entrepreneurship Skills)နှင့် နည်းပညာတီထွင်နိုင်မှုစွမ်းရည်(Technopreneurship Skills) များကို ကျွမ်းကျင်စွာ သင်ယူတတ်မြောက်ရန် မဖြစ်မနေ လိုအပ်လာပါသည်။ ထိုမှသာ လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်လာပြီး နိုင်ငံအတွက် များစွာအကျိုးပြုနိုင်သော တန်ဖိုးရှိသည့် အနာဂတ် ကြယ်ပွင့်များ ဖြစ်လာမည်မှာ ဧကန်အမှန်ပင် ဖြစ်ပါတော့သည်။
Entrepreneurship ဆိုတာဘာလဲ?
- “Entrepreneur” ဆိုသော စကားလုံးသည် ပြင်သစ်ဘာသာ “entreprendre” မှ ဆင်းသက်လာပြီး၊ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ထောင်သူ၊ သဘာဝအန္တရာယ်များနှင့် စီးပွားရေးအခက်အခဲများ ကို ရင်ဆိုင်ဖြတ်ကျော်နိုင်သူ၊ လုပ်ငန်းများကို ဦးဆောင်တည်ဆောက်သူ ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။
- Entrepreneurs များသည် မတူညီသော စျေးကွက်လိုအပ်ချက်များကိုသိရှိပြီး ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သော နည်းလမ်းအသစ်များကို ရှာဖွေတီထွင်ကာ လုပ်ငန်းအောင်မြင်အောင် တီထွင် လုပ်ဆောင်နိုင်ကြသူများ ဖြစ်ပါသည်။
Technopreneurship ဆိုတာဘာလဲ?
- “Technopreneurship” ဆိုသည်မှာ နည်းပညာနှင့် စီးပွားရေးကိုပေါင်းစပ်၍ ထူးခြားသည့် ဝန်ဆောင်မှု များ၊ Tech-based Startups များကို ဖန်တီးပေးနိုင်သော ခေတ်သစ်စွန့်ဦးတီထွင်မှု နည်းပညာ ဖြစ်ပါ သည်။ Mobile Applications ၊ E-Commerce Platforms၊ Digital Marketing Services စသည် တို့သည် Technopreneurship သုံးစွဲမှု၏ ဥပမာများ ဖြစ်ကြပါသည်။
လူငယ်များအတွက် စွန့်ဦးတီထွင်မှုစွမ်းရည် တိုးတက်ရေး ဖော်ဆောင်ရာတွင် TVET ကဏ္ဍအနေဖြင့် ဆောင်ရွက်သင့်သော အချက်များ
- Curriculum Integration – Entrepreneurship, Innovation, Technology နှင့် Business Intelligence တို့ကို မျှတစွာပေါင်းစပ်ထားသည့် သင်ရိုးဖွဲ့စည်းမှုပုံစံ (Interdisciplinary Approach) ကို အသုံးပြုခြင်း။
- Instruction Innovation – SAMR (Substitution, Augmentation, Modification, Redefinition) နှင့် TPACK (Technological Pedagogical Content Knowledge) စသည့် ဆန်းသစ်သည့် သင်ကြားရေး နည်းလမ်းများဖြင့် ဆရာများ၏ သင်ကြားမှုစွမ်းရည်မြှင့်တင်ခြင်း။
- Capacity Building – Technopreneurial Mindset နှင့် Teaching Innovation Skills တို့ကို တိုးတက် မြှင့်တင်ရန် On-the-Job Training, Peer Learning, Workshops များဖြင့် ဆရာများအား အလုပ် အကိုင်ကျွမ်းကျင်မှုမြှင့်တင်ခြင်း။
- Stakeholder Collaboration – အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုဇုန်နှင့် မဟာဗျူဟာ ဆောင်ရွက်ဖက်များမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် Regional Innovation Ecosystem တည်ဆောက် ခြင်း။

Figure 1. The SAMR Model

Figure 2. The TPACK Framework

Figure 3. Six Core Elements of Entrepreneurship
လူငယ်များအနေဖြင့် စွန့်ဦးတီထွင်မှုစွမ်းရည်တိုးတက်ရေးအတွက် သိရှိလိုက်နာသင့်သော အဓိက အချက်(၆)ချက်ကို စဉ်းစားနည်း (mindset) ၊ လုပ်ငန်းစဉ် (process) နှင့် နည်းလမ်း (method) အနေဖြင့် အသေးစိတ် ဖော်ပြထားပါသည်။ ပထမအချက်မှာ ကိုယ်ပိုင်စွမ်းရည်သုံးသပ်ခြင်း (Check My Own Potential) ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုနားလည်သိရှိရန်အတွက် မိမိ၏ကိုယ်ပိုင်စွမ်းရည်၊ အားသာချက်၊ အားနည်းချက်များကို အမြဲဆင်ခြင်သုံးသပ်တတ်ရပါမည်။ ဒုတိယအချက်ဖြစ်သော အခွင့်အလမ်းမြင်နိုင်မှု (See Opportunities) သည် နည်းပညာတိုးတက်မှုများ၊ ဈေးကွက်ပြောင်းလဲမှုများနှင့် လုပ်ငန်းသဘော သဘာဝအသစ်များကို နားလည်သိမြင်ခြင်းဖြစ်ပြီး၊ တတိယအချက် တန်ဖိုးရှိသောစိတ်ကူးဖန်တီးခြင်း (Develop Ideas with Value) မှာ စျေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီသော၊ ဝန်ဆောင်မှု သို့မဟုတ် ထုတ်ကုန်အဖြစ် အကောင်အထည် ဖော်နိုင်သော စိတ်ကူးများ ဖန်တီးခြင်းကို ရည်ရွယ်ခြင်းဖြစ်ပါသည်။ စတုတ္ထအချက်မှာ အန္တရာယ်များကို သတ်မှတ်၍ ရှောင်ရှားခြင်း (Identify and Avoid Risks) ဖြစ်ပြီး၊ လုပ်ငန်းစတင်ချိန်တွင် ကြုံတွေ့နိုင်သော အန္တရာယ်များကို ကြိုတင်ခန့်မှန်းကာ ရှောင်ကြဉ်ခြင်း၊ ဖြေရှင်းရန် နည်းလမ်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းများ ဖြစ်ပါသည်။ ပဉ္စမအချက် လိုအပ်သော အရင်းအမြစ်များကို သိရှိခြင်း (Know the Necessary Resources) တွင် စီးပွားရေးစတင်မှုအတွက် လိုအပ်သော ငွေကြေး၊ လူ့စွမ်းအား၊ နည်းပညာနှင့် အခြားအရင်းအမြစ်များကို တိတိကျကျ သိရှိထားရမည် ဖြစ်ပါသည်။ နောက်ဆုံး အနေဖြင့် စိတ်ကူးများကို လက်တွေ့အကောင်အထည်ဖော်ခြင်း (Put Ideas into Action) သည် စဉ်းစားထားသော စိတ်ကူးများကို လုပ်ငန်းအစီအစဉ်အဖြစ် ပြောင်းလဲ၍ အကျိုးအမြတ် ရရှိသောစီးပွားရေးလုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အထက်ပါ အချက်ခြောက်ချက်ကို အမြဲလေ့လာပြီး ကောင်းစွာပြန်လည် အသုံးချ ပါက စီးပွားရေးလုပ်ငန်း အခြေခံမှ စတင်ပြီး အောင်မြင်ရေးအထိ ရောက်ရှိနိုင်ရန် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။
စွန့်ဦးတီထွင်မှုစွမ်းရည် တိုးတက်ရေး၏ အားသာချက်များ
- 1. TVET သင်တန်းသားများအနေဖြင့် အလုပ်အကိုင်ရှာဖွေမှု တိုးတက်လာစေရန်သာမက ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို စတင်နိုင်သော စွမ်းရည်ရှိသူများအဖြစ် ပြောင်းလဲလာနိုင်ခြင်း။
- 2. Entrepreneurial Mindset ရှိသူများသည် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်များအဖြစ် ရောက်လာနိုင်စေခြင်း။
- 3. TVET သင်ရိုးအတွင်း Entrepreneurship နှင့် Technopreneurshipတို့ကို ပေါင်းစပ်သင်ကြားခြင်းသည် မြန်မာ့ပညာရေးနည်းဗျူဟာအတွက် များစွာအကျိုးပြုနိုင်သော တန်ဖိုးမြင့် အရင်းအမြစ်တစ်ခု ဖြစ်လာ နိုင်ပြီး အနာဂတ်လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးမှု တိုးတက်လာစေခြင်း၊ စီးပွားရေးတိုးတက် ရေး၊ နည်းပညာတီထွင်မှုနှင့် လူ့စွမ်းအားဖွံ့ဖြိုးမှုတို့အတွက် များစွာအထောက်အပံ့ဖြစ်စေနိုင်ခြင်း။
Benefits Of Developing an Entrepreneurial Mindset

Figure 4. Entrepreneurial Mindset
နိဂုံး
လူငယ်များအတွက် စွန့်ဦးတီထွင်မှုစွမ်းရည် တိုးတက်ရေးသည် ပညာရေးတွင် အရေးပါသော အစိတ် အပိုင်းတစ်ခု ဖြစ်ပါသည်။ အရေးပါဆုံးအကျိုးသက်ရောက်မှုမှာ TVET သင်ရိုးအတွင်းတွင် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်မှုစွမ်းရည်များကို ပေါင်းစပ်သင်ကြားခြင်းအားဖြင့် ကျောင်းသားများအား လုပ်ငန်းတည်ထောင်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ ခေါင်းဆောင်မှုနှင့် ဖန်တီးနိုင်မှုစွမ်းရည်များ တိုးတက် လာစေခြင်းဖြစ်ပါသည်။ ထို့အပြင် ဒစ်ဂျစ်တယ်ခေတ်တွင် လိုအပ်လာသော Technopreneurship Skills များ ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရန် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ နိဂုံးအနေဖြင့် လူငယ်များအတွက် စွန့်ဦးတီထွင်မှုစွမ်းရည် တိုးတက်ရေးသည် မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးတန်ဖိုးရှိသော သင်ရိုးဖွဲ့စည်းမှုပုံစံပင် ဖြစ်ပါတော့သည်။
Cherry(DTVET)
References
- 1. Integration Strategies for Technopreneurship in TVET Curriculum- Prof. Naeem Yaqoob