ယနေ့ ကမ္ဘာကြီးမှာ Global Warming နှင့် Climate Change တို့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဖွံ့ဖြိုးမှုများကို စိန်ခေါ်သည့်အချက်များ တွေ့ကြုံလာရပြီဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတဖွံ့ဖြိုး တိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ပန်းတိုင် (၁၇) ချက်ကို ချမှတ်အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်လျက်ရှိကြပါတယ်-

Sustainable Development Goals

ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် (၁၇) ချက်ကို အချုပ်အားဖြင့်  People ၊ Prosperity ၊ Planet ၊ Peace ၊ Partnership-(5P) ဖြင့် လူမှုရေး (Social)၊ စီးပွားရေး (Economic) ၊  သဘာဝ ပတ်ဝန်းကျင် (Environment)၊ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု (Fostering Peace and Partnerships) စတဲ့ ကဏ္ဍ(၄) ခုနဲ့ ဖော်ပြကြပါတယ်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ဆောင်ရွက်လာရာ Green TVET သည်လည်း အရေးပါတဲ့ ပညာရေးနှင့် လေ့ကျင့်ရေးစနစ်တစ်ခု ဖြစ်လာပါတယ်။ ယခင် TVET (Skills, Knowledge, Attitude) မှသည် ယနေ့ခေတ် Green TVET(Skills, Knowledge, Attitude  with 6R) ဆိုပြီး ပြောင်းလဲ အသုံးပြုလာကြပါတယ်။  6R နဲ့ ပတ်သက်ပြီး သိရှိရုံသာမက လိုက်နာဖို့ ကျင့်သုံးရန်အတွက် ဆိုလိုရင်းတွေကိုလည်း Stakeholders များ အားလုံး သိရှိနေဖို့လိုပါတယ်။ အဲဒါတွေကတော့-

ယနေ့ ကမ္ဘာကြီးမှာ အချိန်နှင့်အမျှ ပြောင်းလဲနေတဲ့ နည်းပညာပိုင်းသာမက Future Job Opportunities များဟာလည်း ခေတ်နှင့်အညီ ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ အလုပ် အကိုင်၏အခွင့်အ လမ်းများအရ Green TVET ၏ အခန်းကဏ္ဍဟာ အရေးပါလာသလို နောင်အနာဂတ် Job Opportunities များဟာလည်း ပြောင်းလဲလာမှာဖြစ်ပါတယ်။ နောင်တွင် Demand ဖြစ်လာမည့် High-Priority Green Sectors (၅)မျိုးကတော့-

အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများ ပြောင်းလဲလာသလို သက်မွေးပညာကျောင်းများအနေဖြင့် လည်း Green TVET ပြောင်းလဲစေရေးအတွက် အောက်ဖော်ပြပုံပါ အဓိက ကျောရိုး (၅) ခုဖြစ်တဲ့ Greening the Campus Greening the Curriculum and Training ၊ Greening Research၊ Greening the Community and Workplace နှင့် Greening the Institutional Culture ဖြစ်ဖို့လိုပါတယ်။

အချုပ်အားဖြင့် Green TVET သည် အနာဂတ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာ မည့်နယ်ပယ်တစ်ခု ဖြစ်လာမှာဖြစ်တဲ့အတွက် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု များကို ဖြေရှင်းရန် ပညာရှင်များ၊ နည်းပညာရှင်များ၊ အင်ဂျင်နီယာများနှင့် စီမံခန့်ခွဲသူများ လိုအပ်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့် Green TVET နှင့် ဆက်စပ်သည့် ပညာရပ်များကို လေ့လာခြင်းဖြင့် အနာဂတ်တွင် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ်။

References:

https://rise.articulate.com/share/WfIzPw2-qvWwQkeASGg8z11X9LFglHQq#/