သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်း၌ အစိုးရနည်းပညာအထက်တန်းကျောင်း(ပြည်)သို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး လိုအပ်ချက် တင်ပြမှုများကို ပေါင်းစပ်ဖြည့်ဆည်းပေးပြီး ဒုတိယဝန်ကြီးက ဒေသတွင်းကုန်ကြမ်းအခြေပြု စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်ပေးနိုင်မည့် သင်တန်းများကို စံနှုန်းများနှင့်အညီ စဥ်ဆက်မပြတ် ဖွင့်လှစ်သွားရန် မှာကြားပြီး ဂုဏ်ပြုဆုများ၊ သုတနှင့် ရသစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရပါသည်။