နိဒါန်း

Technopreneurship ဆိုသည်မှာ တီထွင်မှု (Innovation)၊ နည်းပညာ (Technology) နှင့် စီးပွားရေး ခေါင်းဆောင်မှု (Entrepreneurship) တို့ ပေါင်းစပ်ထားသော လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ပါ သည်။ ပုံမှန်စီးပွားရေးစွန့်ဦးတီထွင်မှု (Entrepreneurship) သည် နည်းပညာမပါဘဲ စီးပွားရေး အခွင့်အလမ်းများ ကို ရှာဖွေ၍ တည်ထောင်ခြင်း (သို့မဟုတ်) နည်းပညာကို အဓိက အသုံးမပြုခြင်း သာလျှင်ဖြစ်သည်။ Technopreneurship သည် နည်းပညာကို အဓိကထား၍ စွန့်ဦးတီထွင်ခြင်း၊ ဈေးကွက်ပြောင်းလဲခြင်း၊ အသစ်သောကုန်ပစ္စည်း/ဝန်ဆောင်မှု တည်ထောင်ခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပါသည်။ နည်းပညာ (Technology) + စွန့်ဦးတီထွင်ရေး (Entrepreneurship) ပေါင်းစပ်ခြင်းဖြစ်၍ နည်းပညာမှ ရရှိလာသော အခွင့်အလမ်း၊ သုတေသန၊ ထူးခြားသော ဝန်ဆောင်မှု/ကုန်ပစ္စည်းများကို စီးပွားရေးအဖြစ် အပြောင်းအလဲ ပြုလုပ်ခြင်းဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါသည်။

Enabling Innovation ဆိုသည်မှာ ဆန်းသစ်တီထွင်မှု (innovation) ဖြစ်ပေါ်လာအောင်လိုအပ်သည့် ပတ်ဝန်းကျင်၊ နည်းပညာ၊ လူ့အင်အား၊ မူဝါဒ တို့ကို ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ ပြုလုပ်သူက တိုက်ရိုက်တီထွင်တာ မဟုတ်သော်လည်း တီထွင်မှုများ ဖြစ်လာစေရန် ရှေ့ဆောင်လမ်းပြပေးခြင်းလည်း ဖြစ်ပါတယ်။

ရည်ရွယ်ချက်

နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်မှု (Entrepreneurship) ကို အားပေးခြင်း၊ အလားအလာရှိသော နည်းပညာများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ထည့်သွင်းခြင်း။

ဈေးကွက်ပြောင်းလဲမှုကို ဖန်တီးခြင်း၊ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို နည်းပညာအရင်း အမြစ်ဖြင့် ပြုပြင်ပြောင်းလဲနိုင်ခြင်း။

နည်းပညာစွမ်းရည်မြင့်သူများ၊ Start-up သူများအတွက် အခွင့်အလမ်းများ ပေါ်ထွက်စေခြင်း။

နိုင်ငံတော်အနေဖြင့် “သိပ္ပံနှင့်နည်းပညာအခြေခံစီးပွားရေး ( Technology  and Knowledge-based Economy)” များသို့ ဦးတည်သွားရန် ထောက်ပံ့ပေးနိုင်ခြင်း။

Startup Ecosystem ဆိုတာဘာလဲ

Startup Ecosystem ဆိုသည်မှာ Startups များဖြင့် ဖွဲ့စည်းတိုးတက်အောင်မြင်လာအောင် အထောက် အပံ့ပေးနေသော လူများ၊ အဖွဲ့အစည်းများ၊ ပေါင်းသင်းဆက်ဆံမှုများ၊ နည်းပညာနယ်ပယ်များ နှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အသစ်စတင်လုပ်ဆောင်ချိန်မှာ မဖြစ်မနေလိုအပ်သော အထောက်အပံ့ ပတ်ဝန်းကျင် တစ်ခုကို “Startup Ecosystem” ဟု ခေါ်ဆိုပါတယ်။

Startup Ecosystem တွင်ပါဝင်သော အဓိကအစိတ်အပိုင်းများမှာ-

1. Entrepreneurs (Startup တည်ထောင်သူများ)

စိတ်ကူးစိတ်သန်းရှိပြီး နည်းပညာ၊ ဝန်ဆောင်မှုသစ်တစ်ခု တည်ဆောက်ချင်သူများ။

2.Startups

အသစ်စတင်တည်ထောင်ထားသော ကုမ္ပဏီများ (သို့မဟုတ်) ပရောဂျက်များ။

3.Support Organizations

Coworking Spaces, Accelerator Programs, Incubators, Startup Hubs များ။

4.Governments & Policy Makers

Startups များအတွက် ဥပဒေ၊ အခွန်ချော့ပေါ့မှု၊ ပံ့ပိုးမှု မူဝါဒများ ထုတ်ပြန်သူများ။

5.Universities & Research Institutions

နည်းပညာသစ်များ တီထွင်ဖန်တီးရာမှာ အဓိကပါဝင်သူများ။

6.Corporates

Startups များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း(Corporate Innovation)။

7.Media & Communities

Startups သတင်း၊

ဗဟုသုတဖြန့်ဝေနေသော မီဒီယာနှင့် ကွန်ယူနီတီများ။ဥပမာအားဖြင့် စင်္ကာပူနိုင်ငံသည် အရှေ့တောင်အာရှ ပစိဖိတ်ဒေသတွင် Startup Ecosystem ကို အသုံးပြု၍ တိုးတက်အောင်မြင်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း လေ့လာမှုများအရ သိရှိရသည်။

Innovation နှင့် Startup Ecosystem ကို ဘယ်လိုပေါင်းစပ်ဆောင်ရွက်မလဲ

Innovation နှင့် Startup Ecosystem ကို ပေါင်းစပ်ဆောင်ရွက်ရန်အဓိကအချက် (၄)ချက်မှာ-

1.နည်းပညာနှင့် ဈေးကွက်ဆန်းသစ်တီထွင်မှု (Technology and Market Innovation)

  • – Startup Ecosystem ထဲမှာ Innovation ကို နည်းပညာသစ်တီထွင်ခြင်း (Technical Innovation) နှင့် ဈေးကွက်အခြေပြုအသစ်တီထွင်ခြင်း (Business Model Innovation) နှစ်ခုလုံးအနေဖြင့် ပေါင်းစပ်နိုင်ပါသည်။

2.ဆန်းသစ်တီထွင်မှုလုပ်ငန်းစဉ် (Innovation Process) ကို Ecosystem ထဲသို့ ထည့်သွင်းခြင်း

  • – Startups များအတွက် “Innovation Lifecycle” (Ideas ð Prototype ð Market Fit ð Scale) ကို Support Organizations, Incubators, Accelerators တို့မှတဆင့် ကူညီပံ့ပိုးပေးနိုင်ပါတယ်။

3.University – Startup – Industry (Triple Helix Model) ပူးပေါင်းမှု

  • – နည်းပညာတက္ကသိုလ်တွေက နည်းပညာအသစ်တွေ တီထွင်ပေးသလို Startupများ ကလည်း အဲ့ဒီနည်းပညာကို ဈေးကွက်မှာ အသုံးချကြပါတယ်။
  • – ကုမ္ပဏီနဲ့ နိုင်ငံပိုင်အဖွဲ့အစည်းတွေက အရင်းအနှီးနှင့် မူဝါဒ ထောက်ပံ့ကူညီပေးပါတယ်။
  • – ဒီသုံးခုပေါင်းစည်းမှသာ တီထွင်ဆန်းသစ်မှုဟာ အကျိုးရှိတဲ့ စီးပွားရေးတန်ဖိုး ဖြစ်လာနိုင်ပါတယ်။

4.မူဝါဒနှင့် ပတ်ဝန်းကျင်ထောက်ခံမှု (Policy & Culture)

  • – နိုင်ငံအဆင့်မှာ Innovation Policy များ ထုတ်ပြန်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။
  • – Tax Incentive for (လုပ်ငန်းစတင်သူများအတွက် အခွန်မျှော်လင့်ချက်များ)
  • – R&D fund (R&D ရန်ပုံငွေ)
  • – Intellectual Property (IP) Protection (ဆန်းသစ်တီထွင်မှုဆိုင်ရာ အကာအကွယ်ပေးမှု)
  • – Innovation Grants for Universities (တက္ကသိုလ်များအတွက် တီထွင်ဆန်းသစ်မှုဆိုင်ရာ ထောက်ပံ့ကြေးများ)

မြန်မာနိုင်ငံအတွက် Startup အနေနဲ့ မူဝါဒတိုးတက်မှုနှင့် တက္ကသိုလ်များ၏ နည်းပညာပေါင်းစပ်မှုက အရေးကြီးဆုံးဖြစ်လာနိုင်သလို Startup Ecosystem ကို တီထွင်ဆန်းသစ်မှု (Innovation) အခြေပြုပြီး တည်ဆောက်နိုင်မယ်ဆိုရင် နည်းပညာအခြေပြု စီးပွားရေးအသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

          ယနေ့အချိန်တွင် မြန်မာနိုင်ငံရှိ TVET ကဏ္ဍအနေဖြင့် Innovation များကို နှစ်စဉ်နှစ်တိုင်း အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိပါသည်။ နိဂုံးချုပ်အနေဖြင့် Innovation များအား Startup စနစ်ဖြင့် တွဲ၍ အသုံးချနိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ နည်းပညာ၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောဖွံ့ဖြိုးမှုဆိုင်ရာ ကဏ္ဍများတွင် မုချမသွေ အောင်မြင်မှုရရှိလာနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

မောင်လှ(Shwe Pyi Thar)