အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီမှ ရေးဆွဲပြုစုပြီးဖြစ်သည့် သင်ရိုးညွှန်းတမ်းမူဘောင်(မူကြမ်း)များနှင့် ပတ်သက်၍ Consultation Meeting ကို Online မှ တစ်ဆင့်ကျင်းပပြုလုပ်

CFW

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့

အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီမှ ရေးဆွဲပြုစုပြီးဖြစ်သည့် သင်ရိုးညွှန်းတမ်းမူဘောင် (မူကြမ်း)များနှင့် ပတ်သက်၍ “Consultation Meeting ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်(၁၀)နာရီ အချိန် တွင် Onlineမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်နိုင်ဦးက အဖွင့်အမှာစကား ပြောကြား ပြီး အစည်းအဝေးအား စတင်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ဦးဝင်းထွန်း၊ Welder Technical Specialist က NOCS မှ  သင်ရိုးညွှန်းတမ်းသို့ ပြောင်းလဲ ရေးဆွဲရာတွင် လိုအပ်သည့် Converting Methodology အခြေခံအချက် များအား အနှစ်ချုပ်ရှင်းလင်း  ပြောကြားခြင်း၊ သင်ရိုး ညွှန်းတမ်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ကျော်သူက အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီ အနေဖြင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်ထားသည့် NOCS based General Curriculum Framework (မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ဦးကျော်မြတ်ခိုင်၊ Electrical Technical Specialist က NOCS based General Curriculum Framework အသုံးပြု၍ ရေးဆွဲပြုစုထား သည့် NOCS based Curriculum Framework for Electrician (Building) NC-LEVEL-1(မူကြမ်း)အား ရှင်းလင်း     ပြောကြားခြင်း၊ ဦးဝင်းထွန်း၊ Welder Technical Specialist က NOCS based General Curriculum Framework  အသုံးပြု၍ ရေးဆွဲပြုစုထားသည့် NOCS based Curriculum Framework for MMAW Level-1 (မူကြမ်း)အား ရှင်းလင်းပြောကြား ခြင်းများအား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး  Consultation Meeting သို့ တက်ရောက်လာသူများမှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍လည်းကောင်း၊ လိုအပ်သော Training of Trainer(TOT) ဖြည်းဆည်းပေးရမည့် အစီအစဉ်များ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ Technical Working Group (TWG) များမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း သိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

Consultation Meeting သို့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သင်ရိုးညွှန်းတမ်း ဌာနခွဲမှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ သင်ရိုး ညွှန်းတမ်းရေးဆွဲရေး ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆွဲရေး ကော်မတီများမှ ကိုယ်စား လှယ်များ၊ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများနှင့် သက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာ ဘာသာ ရပ်အလိုက် အဖွဲ့ဝင်ဆရာ၊ ဆရာမများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။