၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် (ဆောက်လုပ်ရေး)မှ လုပ်ငန်းများအတွက် အိတ်ဖွင့် တင်ဒါခေါ်ယူခြင်း (တင်ဒါအမှတ် - ၂/၂၀၂၂-၂၀၂၃)

၁။ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ဘားအံ)တွင် အလုပ်ရုံ Steel Structure(၁)ထပ်(၁၂၅'x၈၂')(၁)လုံး (Workshop Area Ceiling Height ၁၈') (အဆောက်အဦအတွင်း ရေ၊ မီး၊ မိလ္လာစနစ်နှင့် Ground Tank, Septic Tank ,Drain and Apron အပါအဝင်) ဆောင်ရွက်ခြင်း လုပ်ငန်း(၁)ခု အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံများကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန (ရုံးချုပ်)၊ စီမံဌာနခွဲတွင် (၁၀-၈-၂၀၂၂)ရက်နေ့မှ (၂၄-၈-၂၀၂၂)ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချမည် ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့်တင်ဒါပုံစံများကို (၂၄-၈-၂၀၂၂)ရက်နေ့တွင် ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သောဌာနခွဲတွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။

၃။      အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၆၇၃၄၀၄၀၂၀၊ ၀၆၇၃၄၀၄၄၈၀ တို့တွင် ဆက်သွယ် စုံစမ်းနိုင်ပြီး Website ဖြစ်သော www.dtvet.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

 

အသေးစိတ်အချက်အလက်များကြည့်ရှု့ရန် Download Link