
နိဒါန်း
(Industry 4.0) ခေတ်တွင် စက်များ၊ စနစ်များနှင့် လူသားများသည် အချင်းချင်းဆက်သွယ်အလုပ် လုပ်နိုင်သည့် (Cyber-Physical Systems) အဖြစ် ပေါင်းစည်းလာပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို အလိုအလျောက် စီမံခန့်ခွဲနိုင်လာပါသည်။ ထိုသို့သောပြောင်းလဲမှုများသည် ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းစေခြင်း၊ အရည်အသွေး မြင့်မားစေခြင်းနှင့် စျေးကွက် လိုအပ်ချက်များကို လျင်မြန်စွာ တုံ့ပြန်နိုင် စေခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
ထို့အပြင် (Industry 4.0) သည် စက်မှုလုပ်ငန်းကဏ္ဍအပေါ်သာမက အလုပ်အကိုင်ပုံစံများ၊ လိုအပ် သော ကျွမ်းကျင်မှုများနှင့် ပညာရေးစနစ်များအပေါ်ပါ အရေးပါသော သက်ရောက်မှုများ ဖြစ်ပေါ်စေပါ သည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် (Industry 4.0) ခေတ်နှင့် ကိုက်ညီသည့် လူ့အရင်းအမြစ်များကို ပြုစုပျိုးထောင်ရန်နှင့် TVET ပညာရေးစနစ်များအတွင်း နည်းပညာ အခြေပြုသင်ကြားမှုများကို အားပေး မြှင့်တင်ရန် လိုအပ်လာပါသည်။
ရည်ရွယ်ချက်
-စျေးကွက်ပြောင်းလဲမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်နှင့် ထုတ်လုပ်မှုကို လိုအပ် သလို ပြောင်းလဲနိုင်စေခြင်း။
-လူသားများနှင့်စက်များ အချင်းချင်း ပူးပေါင်းလုပ်ကိုင်နိုင်စေရန်အတွက် ဉာဏ်ရည်ရှိသောစနစ် များကို ဖန်တီးနိုင်ခြင်း။
-နည်းပညာအသစ်များကို အသုံးချခြင်းဖြင့် စက်မှုလုပ်ငန်းများ၏ တီထွင်ဆန်းသစ်နိုင်စွမ်းနှင့် နိုင်ငံ တကာအဆင့် ပြိုင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ခြင်း။
-Industry 4.0 ခေတ်နှင့် ကိုက်ညီသော ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေပြီး အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးခြင်း။
-အရင်းအမြစ်အသုံးချမှုကို ထိရောက်စေပြီး ပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းစေသော တည်တံ့ခိုင်မြဲသည့် စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း။
Industry 4.0 ဆိုတာဘာလဲ
Industry 4.0 ဆိုသည်မှာ စက်မှုလုပ်ငန်း၏ စတုတ္ထအဆင့်တိုးတက်မှု (Fourth Industrial Revolution) ဖြစ်ပြီး၊ အဓိကအားဖြင့် စက်မှုလုပ်ငန်းများကို စမတ်၊ ဒစ်ဂျစ်တယ်နှင့် ချိတ်ဆက်နိုင်သော စနစ်များ အဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားသည်။
Industry 4.0 တွင် ပါဝင်သည့် အဓိက အစိတ်အပိုင်းများမှာ-

1.IoT (Internet of Things)
စက်ပစ္စည်းများ၊ စနစ်များကို အင်တာနက်မှတဆင့် ချိတ်ဆက်ပြီး အချက်အလက်များကို စုဆောင်း ခြင်း။
2.Artificial Intelligence (AI)
ဒေတာအခြေခံ ဆုံးဖြတ်ချက်ချခြင်း၊ ခန့်မှန်းခြင်းနှင့် အလိုအလျောက် စနစ်များ ဖန်တီးခြင်း။
3.Big Data
စက်ရုံနှင့် လုပ်ငန်းစဉ်များမှ အချက်အလက်များကို စုဆောင်း၊ ခွဲခြမ်းစိတ်ဖြာ၍ အကျိုးသက်ရောက်မှု ရှိစေရန် အသုံးချခြင်း။
4.Automation
လူအားဖြင့် လုပ်ဆောင်ရသော လုပ်ငန်းများကို စက်ရုပ်/စက်စွမ်းအင်ဖြင့် အလိုအလျောက် ဆောင်ရွက်ခြင်း။
5.Cyber-Physical Systems (CPS)
ဒစ်ဂျစ်တယ်စနစ်နှင့် လက်တွေ့စက်မှုစနစ်များကို ချိတ်ဆက်ပြီး စက်မှုလုပ်ငန်းများကို ထိန်းချုပ်ခြင်း။
6.Cloud Computing
ဒေတာများကို အွန်လိုင်းမှ သိမ်းဆည်းပြီး လိုအပ်သလို အသုံးချနိုင်ခြင်း။
7.Additive Manufacturing / 3D Printing
ပစ္စည်းများကို လိုအပ်သလို စိတ်ကြိုက် ထုတ်လုပ်နိုင်ခြင်း။
TVET ပညာရေးစနစ်တွင် Industry 4.0 ကိုအသုံးပြု၍ ဆောင်ရွက်နေမှုများ
ကျောင်းသားများအား PLC Lab တွင် လက်တွေ့သင်ကြားပေးလျက်ရှိပါသည်။ CAD/CAM Software အသုံးပြုပြီး product design ပြုလုပ်ခြင်းများ ဆောင်ရွက်စေပါသည်။ ထို့ပြင် ကျောင်းသား များအား Sensor များ၊ Microcontroller များ (Arduino, PLC စသည်) ကို အသုံးပြုပြီး Smart home system နှင့် Smart irrigation system စသည့် လက်တွေ့ Project များ ဆောင်ရွက်စေပါသည်။ စက်မှု လုပ်ငန်းများနှင့် ပူးပေါင်း၍ ကျောင်းသားများအား Industrial Training နှင့် Internship များကို သွားရောက်စေပြီး Industry 4.0 လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိအောင် ဆောင်ရွက်စေပါသည်။
TVET ပညာရေးစနစ်တွင် Industry 4.0 ကို သင်ကြားခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ
TVET ပညာရေးစနစ်တွင် Industry 4.0 ကို သင်ကြားခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အလုပ်အကိုင်ရရှိနိုင်မှု တိုးတက်ခြင်း၊ လက်တွေ့အသုံးချနိုင်သော လုပ်ငန်းစွမ်းရည်များ ရရှိခြင်း၊ ဆန်းသစ်တီထွင်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း ဖွံ့ဖြိုးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာ အသိပညာမြင့်မားလာခြင်းနှင့် နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင် ခြင်းတို့ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် Industry 4.0 ကို သင်ကြားခြင်းဖြင့် နိုင်ငံတော်ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
Dr Nan Moe Moe Kyi