စက်မှုလုပ်ငန်းအင်ဂျင်နီယာသင်တန်း

စက်မှုလုပ်ငန်းအင်ဂျင်နီယာသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ hand toots များနှင့် စက်များကို ကျွမ်းကျင်စွာအသုံးပြု၍ engines များပြုပြင်တပ်ဆင်ရန်၊ air con များပြုပြင်တပ်ဆင်ရန်၊ arc welding machine များအသုံးပြု၍ ကုန်ပစ္စည်းများ တီထွင်ပြုလုပ်နိုင်ရန်၊ manual lathe machine ၊ CNC machine များအသုံးပြု၍ ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်၊ Auto-CAD software များအသုံးပြု၍စက်ပစ္စည်း အစိတ်အပိုင်းများ Design ရေးဆွဲနိုင်ရန် ရည်ရွယ်ပါသည်။
A.G.T.I(Industrial Engineering) Diploma အောင်လက်မှတ်ရရှိဖို့အတွက် သုံးနှစ်ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို စာမေးပွဲကြီးနှစ်ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ စက်မှုလုပ်ငန်းအင်ဂျင်နီယာသင်တန်း၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%) စာတွေ့(၄၀%)ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ် အပြီးတွင် ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှုများကို တစ်လ ပြုလုပ်ရမည်ဖြစ်ပြီး တတိယနှစ် ကျောင်းသား/သူများမှာ လုပ်ငန်းခွင် သွားရောက်လေ့လာမှုများကို သုံးလပြုလုပ်ရမည်ဖြစ်ပါသည်။

No. Semester I Semester II
1 Myanmar English for Communication II
2 English for Communication I Social Science
3 Introduction to ICT Occupational Safety and Health
4 Applied Mathematics I Applied Mathematics II
5 Applied Physics Applied Chemistry
6 Engineering Mechanics Electronic Circuit Analysis
7 Basic Engineering Drawing I Basic Engineering Drawing II
8 Electrical and Electronic Technology I Electrical and Electronic Technology II
No. Semester III Semester IV
1 Technical English Professional English
2 Laws and Guidelines relating to Technology Ethics, Sustainability and Humanities
3 Introduction to ICT National Development Plans
4 Applied Mathematics III Applied Mathematics IV
5 Life Skills Mechatronic Concept Designer Software
6 Control Engineering (Pneumatics and Electro-Pneumatics) Control Engineering (Hydraulics and Electro-Hydraulics)
7 Industrial Wiring Installation and Motor Control I Industrial Wiring Installation and Motor Control II
8 Digital Electronics I Digital Electronics II

 

No. Semester I Semester II
1 Engineering Economics Industrial Training (industry attachment, evaluations, report & oral presentation)
2 Entrepreneurship Development and Project Management  
3 Introduction to ICT  
4 Applied Mathematics I  
5 Applied Physics  
6 Elective (Process Automation, Factory Automation)  
7 Final Year Project  

A.G.T.I Diploma(Industrial Engineering)

GTHS သင်တန်း (၂)နှစ် ပြီးမြောက်ပါက စက်ရုံ/ အလုပ်ရုံများနှင့် မော်တော်ယာဉ် အလုပ်ရုံများတွင် skilled workerများအဖြစ် လည်းကောင်း၊ ကျေးလက်ဒေသများတွင် တစ်လုံးထိုး အင်ဂျင် စက်ပြင်ဆရာအဖြစ် လည်းကောင်း အသက်မွေးဝမ်းကျောင်း ပြုနိုင်ပါမည်။ ထူးချွန်သူများအနေဖြင့် B-Tech/ AGTI အဆင့်မြင့်သင်တန်းများသို့ ဆက်လက်ပညာသင်ကြားခွင့်ရရှိ ပါမည်။