မြို့ပြအင်ဂျင်နီယာသင်တန်း

မြို့ပြအင်ဂျင်နီယာဘာသာရပ်မှာ အခြေခံလူနေမှုအဆောက် အအုံများဖြစ်သော လမ်းတံတားများ၊ ရထားလမ်းများ၊ ရေကာတာများ၊ ဆည်မြောင်းတာတမံများ၊ ရေပေးဝေရေး စနစ်များ၊ ရေဆိုးမြောင်းများ၊ လူနေအဆောက်အဦးများ အတွက် ဒီဇိုင်းတွက်ချက်ခြင်း၊ ဆောက်လုပ်ခြင်း၊ ပတ်ဝန်းကျင်သဘာဝ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင် ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သော ဘာသာရပ်များအကြောင်းကို သင်ကြားသင်ယူရခြင်း ဖြစ်ပါသည်။ A.G.T.Iသင်တန်းတက်မြောက်ပြီးဆုံးပါက သက်ဆိုင်ရာ ပရောဂျက်များအတွက် မြေနေရာ၊ လမ်းကြောင်းရွေးချယ်ခြင်း (Surveying)၊ ကုန်ကျစရိတ် တွက်ချက်ခြင်း (Estimating) ၊ တည်ဆောက်ရာတွင် အလုပ်သမားများ စနစ် တကျဖြစ်စေရန် လမ်းညွှန်မှု ပေးနိုင်ခြင်း(Supervising in brick-laying, carpentry jobs and concrete works) စသည်တို့ကို ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ပါသည်။

No Semester I Semester II
1 Myanmar English for Communication II
2 English for Communication I Social Science
3 Introduction to ICT Occupational Safety and Health
4 Applied Physics Applied Chemistry
5 Applied Mathematics I Applied Mathematics II
6 Building Materials & Construction I Surveying I
7 Engineering Mechanics Building Materials & Construction II
8 Basic Engineering Drawing Civil Engineering Drawing
No Semester III Semester IV
1 Technical English Professional English
2 Applied mathematics III Ethics, Sustainable & Humanitarians
3 Laws and Guidelines relating to Technology National Development Plans
4 Life Skills Applied Mathematics IV
5 Fundamental of Geo-technical Engineering Specialized Software Application
6 Mechanics of Materials Theory of Structures
7 Fluid Mechanics (Water) Hydrology and Irrigation (Water)
8 Roads and Bridges (Transportation) Building Services
9 Surveying II  
No Semester V Semester VI
1 Engineering Economics Industrial Training (industry attachment, evaluations, report & oral presentation)
2 Entrepreneurship Development and Project Management  
3 Estimating  
4 Design of Concrete, Steel and Timber Structures  
5 Railways and Airports (Transportation)  
6 Elective  
7 Final Year Project  

အခြေခံပညာစနစ်သစ် KG+12 မှအောင်မြင်ပြီးသူများ၊ ကျောင်းဝင်ခွင့်သတ်မှတ်ချက်များနှင့်ကိုက်ညီသူများ

သင်တန်းပြီးဆုံးပါက မြို့ပြဆိုင်ရာလုပ်ငန်းခွင်များတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ အင်ဂျင်နီယာ ဘာသာရပ် အခြေခံများကို စာတွေ့သာမက လက်တွေ့ များပါ သင်ယူလေ့လာရ၍ အဆောက်အဦး တည်ဆောက် သည့်လုပ်ငန်းများ၊ အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး၊ လက်တွေ့ လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်နိုင်မည် ဖြစ်ပါ သည်။