နေပြည်တော်၊ နိုဝင်ဘာ ၂၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်း ပညာအထက်တန်းကျောင်း(နေပြည်တော်) နှင့် Sun & L Myanmar Auto Service Co., Ltd တို့ ပူးပေါင်း၍ အလုပ်ရုံများမှ စက်ပြင်ဆရာများအတွက် EV ဆိုင်ရာ အသိပညာများ၊ Safety နှင့်ပတ် သက်သည့်အကြောင်းအရာများ၊ UNR 100 နှင့်သက်ဆိုင်သည့် အသိပညာများရရှိစေရန် ရည်ရွယ် ကာ “ EV Training for Mechanics ” သင်တန်းကို အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)တွင် ၂၂-၁၁-၂၀၂၅ ရက်နေ့မှ ၂၃-၁၁-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည်။ အဆိုပါ သင်တန်းတွင် EV and HEV Technical Basics ၊ HV Battery Technology and Charging System၊ UNR 100 Regulation Emergency Response and Dismantling တို့အား သင်တန်းပို့ချခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘောဂသီရိ နှင့် မြို့မဈေးတို့ရှိ ယာဉ်ပြင်အလုပ်ရုံများမှ သင်တန်းသား ကျား ၈၉ ဦးနှင့် သင်တန်းသူ မ ၁ ဦး စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။