သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)သို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ရာ ကျောင်းအုပ်ကြီးမှ ကျောင်း ဆိုင်ရာ အချက်အလက်များအား တင်ပြ၍ ဒုတိယဝန်ကြီးက ဒေသတွင်းလူငယ်များ၏ အလုပ် အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်မှုမှသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ထိရောက် မြန်ဆန်စွာ အကျိုးပြုနိုင်သည့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ အသက်မွေးဝမ်း ကျောင်း သင်တန်းများကို စံနှုန်းများနှင့်အညီ စဥ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်သွား ရန် လမ်းညွှန်မှာ ကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြား၍ စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များကို ပေးအပ် လှူဒါန်းခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဘာသာရပ်အလိုက် လက်တွေ့ခန်းများ၊ အလုပ်ရုံများ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်  ရွှေပြည်သာစက်မှုဇုန် နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် မည့် သုတေသနလုပ်ငန်းများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု   အရှိန်မြှင့်တင် ရန်၊ သုတေသနရလဒ်များအား သက်ဆိုင်ရာဌာနများ၊ စက်မှုလုပ်ငန်းများသို့ စနစ်တကျ လွှဲပြောင်းနိုင်ရေးနှင့် မူပိုင်ခွင့်များရရှိရေးအတွက် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရပါသည်။