အစိုးရနည်းပညာအထက်တန်းကျောင်း (မင်းတပ်)
အစိုးရနည်းပညာအထက်တန်းကျောင်း (မင်းတပ်)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့တွင် ပြည်နယ်အတွင်းရှိတိုင်းရင်းသားလူမျိုးများ ဖွ့ံဖြိုးတိုးတက်ရေးအတွက် ၁၉၈၂ ခု၊ သြကုတ်လ( (၉) ရက်နေ့တွင် လက်မှုလုပ်ငန်းပညာသင်ကျောင်းကိုဦးစွာဖွင့်လှစ်ခဲ့ပါသည်။ စက်မှုအတတ်ပညာရှင်များစွာ လိုအပ်မှုကြောင့် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုဖြင့် လက်မှုလုပ်ငန်းပညာသင်ကျောင်းမှ အတတ်ပညာလေ့ကျင့်ရေးသင်တန်းကျောင်းအဖြစ်၂ဝဝရခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့မှစ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖြစ်သောအခြေခံစက်မှုကျွမ်းကျင်ပညာရှင်များစွာလိုအပ်သည့်အတွက် အစိုးရနည်းပညာအထက်တန်းကျောင်း (GTHS) အဖြစ်သို့ ၂၀၁ဝခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။
စိုက်ပျိုးရေးနိုင်ငံမှ စက်မှုနိုင်ငံသို့လျှင်မြန်စွာ အသွင်ကူးပြောင်းနိုင်ရန် နယ်စပ်ဒေသ ပြည်နယ်များ အပါအဝင်ဒေသအသီးသီးတွင် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများပေါ်ထွက်လာစေရေးနှင့်ဒေသဖွဲ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။
ရည်ရွယ်ချက်အောင်မြင်စေရေးအတွက် နည်းပညာအင်ဂျီနီယာသင်တန်းများ၊ သက်မွေးပညာကာလတိုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် စက်မှုကျွမ်းကျင်ပညာရှင်များ တိုးတက်ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါသည်။
ဖုန်းနံပါတ် - ၀၇၀-၇၀၂၈၀
လက်ကိုင်ဖုန်း - ၀၉-၄၀၀၃၀၂၆၉၀
ဖက်(စ်)ဖုန်းနံပါတ် - ၀၇၀-၇၀၂၈၀
အီးမေးလိပ်စာ -gthsmdt@dtve.org
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်သည့် ကာလ | ကျောင်းအမည် |
---|---|---|---|---|
၁ | ဦးကျော်ဇံ | AGTI (B.Sc) | ၂၂-၆-၈၂ မှ ၂၁-၅-၈၄ | လက်မှုလုပ်ငန်းပညာ သင်ကျောင်း |
၂ | ဒေါ်အေးမြင့် | BE(Civil) | ၂၂-၆-၈၄ မှ ၂၈-၂-၈၇ | လက်မှုလုပ်ငန်းပညာ သင်ကျောင်း |
၃ | ဦးချစ်ငွေ | THS | ၁-၃-၈၇ မှ ၁၇-၉-၈၇ | လက်မှုလုပ်ငန်းပညာ သင်ကျောင်း |
၄ | ဦးမြင့်ဆွေ | AGTI (B.Sc) | ၁၈-၉-၈၇ မှ ၂၀-၅-၉၀ | လက်မှုလုပ်ငန်းပညာ သင်ကျောင်း |
၅ | ဦးနေဝင်းသန်း | AGTI (B.Sc) | ၂၁-၅-၉၀ မှ ၁၉-၄-၉၁ | လက်မှုလုပ်ငန်းပညာ သင်ကျောင်း |
၆ | ဦးတိုးလွင် | AGTI (B.Sc) | ၂၀-၄-၉၁ မှ ၆-၃-၉၅ | လက်မှုလုပ်ငန်းပညာ သင်ကျောင်း |
၇ | ဦးစိုးနိုင် | AGTI (B.Sc) | ၇-၃-၉၅ မှ ၁၄-၆-၀၆ | လက်မှုလုပ်ငန်းပညာ သင်ကျောင်း |
၈ | ဦးအောင်ကြည် | AGTI (B.Sc) | ၁၅-၆-၀၆ မှ ၁၅-၁၁-၀၇ | လက်မှုလုပ်ငန်းပညာ သင်ကျောင်း |
၉ | ဦးကိုကိုအောင် | BE(Mech) | ၂၁၆-၁၀-၀၇ မှ ၁၀-၉-၀၈ | လက်မှုလုပ်ငန်းပညာ သင်ကျောင်း |
၁၀ | ဦးထွန်းမင်းသိုက် | ME(EP) | ၁၂-၁၀-၀၇ မှ ၇-၁၁-၀၈ | အတတ်ပညာ လေ့ကျင့်ရေး သင်တန်းကျောင်း(TTS) |
၁၁ | ဦးမျိုးမင်းဟန် | ME(Mech) | ၈-၁၁-၀၈ မှ ၁၈-၅-၁၀ | အတတ်ပညာ လေ့ကျင့်ရေး သင်တန်းကျောင်း(TTS) |
၁၂ | ဦးအေးမင်းထွန်း | ME(EP) | ၁၂-၅-၁၀ မှ ယနေ့ထိ | အစိုးရနည်းပညာ အထက်တန်ကျောင်း (GTHS) |
လက်ရှိကျောင်းအုပ်ကြီး၏အမည် - ဦးအေးမင်းထွန်း - ME (EP)
စဉ် | ပညာသင်နှစ် | အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) မှအောင်မြင်သူပေါင်း (ရိုးရိုးအောင်) | အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) မှ အောင်မြင်သူပေါင်း (အထူးအောင်) |
---|---|---|---|
၁ | ၂၀၁၁ - ၂၀၁၂ | အိ၄ | ၂၆ |
၂ | ၂၀၁၂ - ၂၀၁၃ | ၁၂ | ၈ |
၃ | ၂၀၁၃ - ၂၀၁၄ | ၂၆ | ၆ |
၄ | ၂၀၁၄ - ၂၀၁၅ | ၁၉ | ၃ |
၅ | ၂၀၁၅ - ၂၀၁၆ | ၂၁ | ၁ |
စုစုပေါင်း | ၈၂ | ၄၄ |
အစိုးရနည်းပညာအထက်တန်းကျောင်း (မင်းတပ်)
ကာလတိုသင်တန်းစတင်ဖွင့်လှစ်သည့်နေ့မှ ယနေ့အထိ မွေးထုတ်ပြီးသင်တန်းသား/ သူများစာရင်း
စဉ် | သင်တန်းကာလ | သင်တန်းအမည် |
|
မှတ်ချက် | ||||||||
---|---|---|---|---|---|---|---|---|---|---|---|---|
၁ | ၁၅.၆.၂၀၁၅ မှ ၃၀.၇.၂၀၁၅ထိ | အခြေခံကွန်ပျူတာ သင်တန်းအပတ်စဉ်(၁) | ၇ | ၁၀ | ၁၇ | |||||||
၂ | ၁၅.၇.၂၀၁၅ မှ ၃၀.၈.၂၀၁၆ ထိ | အိမ်တွင်းလျှပ်စစ်ပြင်ထိန်း သင်တန်းအပတ်စဉ်(၁) | ၁၄ | ၂ | ၁၆ | |||||||
၃ | ၁၇.၈.၂၀၁၅ မှ ၃၀.၈.၂၀၁၅ ထိ | အခြေခံကွန်ပျူတာ သင်တန်းအပတ်စဉ်(၂) | ၃ | ၉ | ၁၂ | |||||||
၄ | ၁၅.၁၂.၂၀၁၅ မှ ၃၀.၁.၂၀၁၆ ထိ | အခြေခံကွန်ပျူတာ သင်တန်းအပတ်စဉ်(၃) | ၃ | ၄ | ၇ | |||||||
၅ | ၁၅.၁.၂၀၁၆ မှ ၃၀.၆.၂၀၁၆ ထိ | အခြေခံကွန်ပျူတာ သင်တန်းအပတ်စဉ်(၄) | ၁၄ | ၂ | ၁၆ | |||||||
၆ | ၁၆.၅.၂၀၁၆ မှ ၃၀.၆.၂၀၁၆ ထိ | အခြေခံကွန်ပျူတာ သင်တန်းအပတ်စဉ်(၄) | ၁၄ | ၂ | ၁၆ | |||||||
၇ | ၁၁.၇.၂၀၁၆ မှ ၂၆.၈.၂၀၁၆ ထိ | အခြေခံကွန်ပျူတာ သင်တန်းအပတ်စဉ်(၅) | ၈ | ၉ | ၁၇ | |||||||
၈ | ၄.၇.၂၀၁၆ မှ ၂၆.၈.၂၀၁၆ ထိ | အိမ်တွင်းလျှပ်စစ်ပြင်ထိန်း သင်တန်းအပတ်စဉ်(၃) | ၁၂ | - | ၁၂ | |||||||
၉ | ၁၇.၁၀.၂၀၁၆ မှ ၃၀.၁၁.၂၀၁၆ ထိ | အခြေခံကွန်ပျူတာ သင်တန်းအပတ်စဉ်(၆) | ၁၀ | ၅ | ၁၅ | |||||||
၁၀ | ၅.၁၂.၂၀၁၆ မှ ၁၇.၁.၂၀၁၇ ထိ | အခြေခံကွန်ပျူတာ သင်တန်းအပတ်စဉ်(၇) | ၇ | ၁၁ | ၁၈ | |||||||
စုစုပေါင်း | ၇၇ | ၅၂ | ၁၈ | ၁၂၉ |
အစိုးရနည်း ပညာအထက်တန်းကျောင်း(မင်းတပ်)သည် (၁.၂၃)ဧက ကျယ်ဝန်းပြီး ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်ခရိုင်၊မင်းတပ်မြို့အလယ်၊ စံပြရပ်ကွက်အတွင်း မင်းတပ်-မတူပီကားလမ်းမကြီးဘေး တွင်တည်ရှိပါသည်။
အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်)သည် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း တက်ရောက်သော ကျောင်းသား/ ကျောင်းသူများအား စတိုင်ပင် တစ်လလျှင် ၃၀၀၀၀/- (ကျပ်သုံးသောင်း) ပေးအပ်ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း ပြီးဆုံးပါက အဆင့်မြင့်အောင်မြင်သူများ AGTI တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။ ရိုးရိုးအောင်မြင်သူများ စက်မှုအလုပ်ရုံဌာနများတွင် စက်မှုကျွမ်း-၅ ရာထူးနေရာသို့ အလုပ်ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။
စဉ် | သင်တန်းအမည် | ပထမနှစ် | ဒုတိယနှစ် | ပေါင်း | မှတ်ချက် |
---|---|---|---|---|---|
၁ | Building Technology | ၂၅ | ၁၅ | ၄၀ | |
၂ | Electrical Technology | ၂၄ | ၈ | ၃၂ | |
၃ | Electronics Technology | ၁၂ | ၄ | ၁၆ | |
၄ | Auto- Mechanics Technology | ၂၀ | ၅ | ၂၅ | |
စုစုပေါင်း | ၈၁ | ၃၂ | ၁၁၃ |
အစိုးရနည်းပညာအထက်တန်းကျောင်း (မင်းတပ်)တွင် သင်တန်းဆရာ/ ဆရာမ စုစုပေါင်း(၂၅)ဦး ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်းမှ အောင်မြင်သူများ နိုင်ငံတကာမှ Scholarship ခေါ်ယူသည့်အခါ ဝင်ရောက်ဖြေဆိုခွင့် ရှိပါသည်။