အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ)
အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ)
အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) အား ၅၊ ၅၊ ၂၀၀၉ ရက်နေ့တွင် ယခင် လက်မှုပညာသင်ကျောင်းကို ဖျက်သိမ်း၍ အဆိုပါနေရာနတွင်ပင် ဖွင့်လှစ်ခဲ့ပါသည်။
ကျောင်းသစ်မြေနေရာ၌ အဆောက်အဦးများ တည်ဆေက်ပြီးစီးခဲ့၍ ၂၀၁၁ ခုနှစ် မတ်လတွင် ကျောင်းဆောင်သစ်သို့ ပြောင်းရွေ့စာသင်ကြားခဲ့ပါသည်။
နိုင်ငံတော်အတွင်းနှင့် တိုင်းနှင်ပြည်နယ် အသီးသီးတွင် လူငယ်၊ လူရွယ်များမှ အခြေခံပညာအတန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ လေ့လာသင်ကြားခွင့် ရရှိစေရန်၊ လူငယ်လုရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြား ပေးနိုင်ရန်နှင့် ဒေသတွင်း စက်မှုပညာ ကျွမ်းကျင်သူ လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ဖွံဖြိုးလာစေရေးအတွက် လေ့ကျင့်မွေးထုတ် နိုင်ရန်တို့ ဖြစ်ပါသည်။
ကျောင်းဖုန်းနံပါတ်
၀၄၃-၂၀၂၂၀၄၂
၀၄၃-၂၀၂၂၀၄၃
ဆက်သွယ်ရန် e-mail – gthsste@dtve.org
၁။ ဦးအောင်နိုင်လတ် - ၂၂၊၄၊၂၀၀၉ မှ ၂၂၊၁၀၊၂၀၁၀အထိ
၂။ ဦးငြိမ်းချမ်းအောင် - ၂၃၊၁၀၊၂၀၁၀ မှ ၄၊၄၊၂၀၁၃အထိ
၃။ ဦးတင်ဝင်း - ၅၊၄၊၂၀၁၃ မှ ၃၁၊၃၊၂၀၁၇အထိ
၄။ဒေါက်တာအောင်မျိုးဝင်း - ၁၊၄၊၂၀၁၇ မှ ၁၇.၆.၂၀၁၈အထိ
၅။ ဦးမင်းဇော်ဦး - ၁၈.၆.၂၀၁၈ မှ ယနေ့အထိ
ပုံမှန်သင်တန်းများ
ဘာသာရပ်အမည် | ကျား | မ | စုစုပေါင်း |
အဆောက်အဦးနည်းပညာ | ၂၂၅ | ၁၂၅ | ၃၅၀ |
လျှပ်စစ်နည်းပညာ | ၁၀၆ | ၂၀ | ၁၂၆ |
လျှပ်စစ်ဆက်သွယ်ရေး နည်းပညာ | ၁၉၁ | ၇၈ | ၂၆၉ |
မော်တော်ယာဉ်နည်းပညာ | ၁၄၅ | - | ၁၄၅ |
ကာလတိုသင်တန်းများ
သင်တန်းအမည် | သင်တန်းသားစုစုပေါင်း |
အုတ်စီ၊ ပန်းရံသင်တန်း | ၅၈ |
မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းရေးသင်တန်း | ၆၀ |
အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ထိန်းသိန်းရေးသင်တန်း | ၅၇ |
အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း | ၅၅ |
လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းနည်းသင်တန်း | ၁၅ |
သံချီ၊ သံကွေးသင်တန်း | ၄၂ |
ဂဟေဆက်သင်တန်း | ၁၀ |
ပိုက်ပြင်၊ ပိုက်ဆက်သင်တန်း | ၂၅ |
တစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း | ၂၀ |
အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)သည် စစ်တွေမြို့အနောက်စံပြရပ် ကွက်၊မြင်းစီးပြင်လမ်း၊အကွက်(၂၃)တွင် တည်ရှိပါသည်။ ကျောင်း၏ ဧရိယာအကျယ်အ၀န်း မှာ (၈.၆၄)ဧက ဖြစ်ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)အနေဖြင့် လက်ရှိတွင် အစိုးရမဟုတ် သော ILO၊ GIZ အဖွဲ့အစည်းများဖြင့် ကာလတို သင်တန်းများ၊ရွေ့လျားသင်တန်းများ ဖွင့် လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျှက် ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)တွင် တက်ရောက်ပညာသင်ကြားနေ သော ကျောင်းသား/ကျောင်းသူများအား လစဉ် (သုံးသောင်းကျပ်)ကို နိုင်ငံတော်အစိုးရ ၏ စီမံချက်ဖြင့် ပညာသင်ထောက်ပံ့ကြေး ထောက်ပံ့ပေးလျှက်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)တွင် တက်ရောက်ပညာသင်ကြားနေ သော ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပြီးဆုံးသွားပါက အဆင့်မြင့် အောင်မြင်သူများအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံများသို့ ပထမနှစ် စ၍ တက်ရောက်ခွင့် ရရှိပြီး ရိုးရိုး အောင်မြင်သူများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်များသို့ ၀င်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။
ပထမနှစ်
ဘာသာရပ်အမည် | ကျား | မ | စုစုပေါင်း |
အဆောက်အဦးနည်းပညာ | ၃၃ | ၆ | ၃၉ |
လျှပ်စစ်နည်းပညာ | ၂၄ | ၇ | ၃၁ |
လျှပ်စစ်ဆက်သွယ်ရေး နည်းပညာ | ၁၉ | ၁၅ | ၃၄ |
မော်တော်ယာဉ်နည်းပညာ | ၃၉ | - | ၃၉ |
ဒုတိယနှစ်
ဘာသာရပ်အမည် | ကျား | မ | စုစုပေါင်း |
အဆောက်အဦးနည်းပညာ | ၂၁ | ၄ | ၂၅ |
လျှပ်စစ်နည်းပညာ | ၁၉ | ၁ | ၂၀ |
လျှပ်စစ်ဆက်သွယ်ရေး နည်းပညာ | ၁၄ | ၁ | ၁၅ |
မော်တော်ယာဉ်နည်းပညာ | ၁၈ | - | ၁၈ |
ဘာသာရပ်အမည် | ဆရာ | ဆရာမ | စုစုပေါင်း |
အဆောက်အဦးနည်းပညာ | ၁ | ၂ | ၃ |
လျှပ်စစ်နည်းပညာ | ၃ | ၁ | ၄ |
လျှပ်စစ်ဆက်သွယ်ရေး နည်းပညာ | ၁ | ၆ | ၇ |
မော်တော်ယာဉ်နည်းပညာ | ၂ | ၁ | ၃ |
English | - | ၃ | ၃ |
Myanmar | - | ၂ | ၂ |
Maths | - | ၅ | ၅ |
Physics | ၁ | ၃ | ၄ |
Chemistry | - | ၂ | ၂ |
ကွန်ပျူတာ(B.C.Sc) | - | ၂ | ၂ |
စုစုပေါင်း | ၈ | ၂၇ | ၃၅ |
နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ထူးချွန်သောနည်းပညာအထက်တန်းအောင် ကျောင်းသား/ကျောင်းသူများကို တရုတ်နိုင်ငံသို့ ပညာတော်သင်အဖြစ် စေလွှတ်လျှက် ရှိပါသည်။