အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)
အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ပါသည်။
နိုင်ငံတော်အတွင်း တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးရှိ လူငယ် ၊ လူရွယ်များအတွက် အသက်မွေး၀မ်းကျောင်းပြုနိုင်သည့် အတတ်ပညာများလေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် ဒေသအတွင်းစက်မှုပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ ဖြိုးတိုးတက်လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်တို့ ဖြစ်ပါသည်။
၀၉-၂၀၅၅၅၆၀
ကျောင်းအုပ်ကြီးဖုန်း -၀၉-၂၀၅၅၅၆၀
အီးမေး-gtilkw@dtve.org
ဒေါက်တာဇော်လင်းထွန်း၊ ညွှန်ကြားရေးမှူးမှ လက်ရှိကျောင်းအုပ်ကြီးအဖြစ် စတင်ဆောင်ရွက်လျက် ရှိပါသည်။
ယခု ပညာသင်နှစ် ၂၀၁၉-၂၀၂၀၊ ၂၀၁၉ခု ဒီဇင်ဘာလတွင် ပထမနှစ်ပုံမှန်သင်တန်းများ စတင်ဖွင့်လှစ်ပါသဖြင့် မွေးထုတ်ကျောင်းသားသူများမရှိ။
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)မှ လစဥ်ပညာသင်ထောက်ပံ့ကြေးအား ကျောင်းသား(၁) ဦးလျှင် (၁)လ(၃၀၀၀၀ိ/-)ကျပ် ထောက်ပံ့ပေးပါသည်။
ပညာသင်ယူနေစဥ်အတွင်း လက်တွေ့ကျွမ်းကျင်မှုလုပ်ငန်းအတွေ့အကြုံရရှိစေရန် သက်ဆိုင်ရာသင်တန်းအလိုက် ပုဂ္ဂလိက လုပ်ငန်းအချို့တွင် ဝင်ရောက်လေ့လာသင်ယူနိုင်စေရေးအတွက်လည်း ဆောင်ရွက်ပေးပါသည်။
ကျောင်းပြီးဆုံးပါက အထူးအောင်မြင်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဆက်လက် ပညာသင်ကြားခွင့်ရရှိပြီး ရိုးရိုးအောင်မြင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းအချို့နှင့်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
-
-
ပညာသင်ဆုနှင့်ပတ်သက်၍ ဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း များမှ ကမ်းလှမ်းလာသည့် ပညာသင်ဆုများအား လျှောက်ထားရယူနိုင်ပါသည်။