အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)
အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)
၂၆-၁-၂၀၁၅
နိုင်ငံတော်အတွင်း တိုင်းဒေသကြီး နှင့် ြပည်နယ်အသီးသီးတွင် လူငယ်၊ လူရွယ်များမှ နည်းပညာဘာသာရပ်များ လေ့လာသင်ကြားခွင့် ရရှိစေရန်၊ လူငယ်၊ လူရွယ်များအတွက် အသက်မွေး ဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်ရန် နှင့် ဒေသအတွင်း စက်မှု ပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်တို့ဖြစ်ပါသည်။
၀၉-၄၃၂၀၂၈၂၅၊ ၀၉-၄၃၂၀၂၈၂၄၊ ၀၅၇-၃၀၅၂၈(Fax)၊
New Email: gtimle@dtve.org
ယခင် ဒေါက်တာချိုယုမွန်၊ Ph.D(Chemical)၊ ညွှန်ကြားရေးမှူးမှ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု လက်ရှိ ကျောင်းအုပ်ကြီး ဒေါက်တာစည်သူကျော် မှ ယနေ့ထိ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သောကာလ |
1 | ဦးအောင်မိုး | BE(Mech) | ၂၆-၁-၂၀၁၅ မှ ၁၉-၂-၂၀၁၈ |
2 | ဒေါက်တာချိုယုမွန် | Ph.D (Chemical) | ၂၀-၂-၂၀၁၈ မှ ၁-၅-၂၀၁၉ |
3 | ဒေါက်တာမင်းမင်းထွန်း | Ph.D (Met) | ၂-၅-၂၀၁၉ မှ ၂-၆-၂၀၁၉ |
4 | ဒေါက်တာစည်သူကျော် | Ph.D (Met) | ၃၁-၅-၂၀၁၉ မှ ယနေ့အထိ |
ပညာသင်နှစ်အလိုက် မွေးထုတ်ပေးခဲ့ပြီးသော ပုံမှန် A.G.T.I Diploma သင်တန်းသား/သူများစာရင်း
စဉ် | ပညာသင်နှစ် | ကျား | မ | စုစုပေါင်း |
၁ | ၂၀၁၆-၂၀၁၇ | ၁၀၆ | ၃၀ | ၁၃၆ |
၂ | ၂၀၁၇-၂၀၁၈ | ၁၁၂ | ၄၈ | ၁၆၀ |
၃ | ၂၀၁၈-၂၀၁၉ | ၁၁၁ | ၄၈ | ၁၅၉ |
စုစုပေါင်း | ၃၂၉ | ၁၂၆ | ၄၅၅ |
သင်တန်းအပတ်စဉ်အလိုက် မွေးထုတ်ပေးခဲ့ပြီးသော ကာလတိုသင်တန်းသား/သူများစာရင်း
စဉ် | ကာလတိုသင်တန်းအမည် | အပတ် စဉ် | ကျား | မ | ပေါင်း |
၁ | House Wiring (လျှပ်စစ်လုပ်သားကျွမ်းကျင်မှုသင်တန်း) | ၁ | ၃၉ | ၃၉ | |
၂ | Basic Computer Course | ၁ | ၁၂ | ၁၈ | ၃၀ |
၃ | Basic Auto CAD 2(D) Course | ၁ | ၆၂ | ၈ | ၇၀ |
၄ | Basic Auto CAD 2(D) Course | ၂ | ၁၆ | ၁၆ | |
၅ | Basic Computer Course | ၂ | ၁၀ | ၁၀ | |
၆ | Building Masonare (ပန်းရံအုတ်စီလုပ်သား) | ၁ | ၁၅ | ၁၅ | |
၇ | Cement Technology Operator Course (ဘိလပ်မြေထုတ်လုပ်ပုံ နည်းပညာသင်တန်း) | ၁ | ၁၇ | ၃ | ၂၀ |
၈ | Basic Auto CAD 2(D) Course | ၃ | ၁၅ | ၁၅ | |
၉ | Thailand Language | ၁ | ၅ | ၈ | ၁၃ |
၁၀ | Building Masonare | ၂ | ၁၅ | ၁၅ | |
၁၁ | Basic Auto CAD 2(D) Course | ၄ | ၁၆ | ၁၆ | |
၁၂ | Rural Mechanical (ကျေးလက်စက်ပြင်သင်တန်း) | ၁ | ၂၀ | ၂၀ | |
၁၃ | Rural Mechanical (ကျေးလက်စက်ပြင်သင်တန်း) | ၂ | ၁၉ | ၁၉ | |
၁၄ | Basic Auto CAD 2(D) Course | ၅ | ၉ | ၂ | ၁၁ |
၁၅ | Cement Technology Operator Course | ၂ | ၁၄ | ၁၄ | |
၁၆ | Tailor (အဝတ်အထည်ချုပ်လုပ်သူသင်တန်း) | ၁ | ၂၀ | ၂၀ | |
၁၇ | Basic Auto CAD 2(D) Course | ၆ | ၆ | ၆ | ၁၂ |
၁၈ | Basic Auto CAD 2(D) Course | ၇ | ၈ | ၈ | |
၁၉ | Opening Short - Term English Four Skills | ၁ | ၃ | ၅ | ၈ |
၂၀ | Basic Auto CAD 2(D) Course | ၈ | ၁၆ | ၂ | ၁၈ |
၂၁ | Rural Mechanical (ကျေးလက်စက်ပြင်သင်တန်း) | ၁ | ၁၅ | ၁၅ | |
၂၂ | House Wiring | ၂ | ၂၇ | ၂ | ၂၉ |
၂၃ | Rural Mechanical (ကျေးလက်စက်ပြင်သင်တန်း) | ၂ | ၁၈ | ၁၈ | |
၂၄ | Rural Mechanical (ကျေးလက်စက်ပြင်သင်တန်း) | ၃ | ၂၀ | ၂၀ | |
၂၅ | Rural Mechanical (ကျေးလက်စက်ပြင်သင်တန်း) | ၄ | ၁၈ | ၂ | ၂၀ |
၂၆ | စက်ချုပ်သင်တန်း | ၂ | ၂၃ | ၂၃ | |
၂၇ | ကျွဲကောသီးဝိုင်နှင့် ကျွဲကော သီးအခွံကို ယိုပြုလုပ်ခြင်း သင်တန်း | ၁ | ၁၃ | ၁၇ | ၃၀ |
၂၈ | Rural Mechanical (ကျေးလက်စက်ပြင်သင်တန်း) | ၅ | ၂၀ | ၂၀ | |
၂၉ | ဆံပင်နှင့်မိတ်ကပ်အလှပြင် သင်တန်း | ၁ | ၂ | ၁၈ | ၂၀ |
၃၀ | House Wiring | ၃ | |||
စုစုပေါင်း | ၄၅၀ | ၁၃၄ | ၅၈၄ |
မော်လမြိုင်မြို့နယ်၊ အတ္တရံတံတားအနီး၊ ညောင်ပင်ဆိပ် ကျေးရွာအုပ်စု၊ ကြာအင်းကုန်းကျေး ရွာ၊ ခရုံကရုတ်ကွင်း၊ မော်လမြိုင် - ဘားအံလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။
Swiss Contact
ဤသိပ္ပံသို့ တက်ရောက်ခွင့်ရသော ကျောင်းသား၊ကျောင်းသူများကို နိုင်ငံတော်အစီအစဥ်ဖြင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ၊ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လစဥ် ပညာသင်ထောက်ပံ့ကြေးငွေ - (၃၀၀၀၀ိ/-)ကျပ်အား ထောက်ပံ့ပေးပါသည်။ ပညာရည် မြင့်မားရေးအတွက် ဆရာ၊ဆရာမများမှ အစွမ်းကုန်ကြိုးစား သင်ကြားပေးကြပါသည်။ လူမှုရေး လုပ်ငန်းများအဖြစ် နှစ်စဥ်ကထိန်ခင်းြခင်း၊ ဝါဆိုသင်္ကန်းကပ် လှူြခင်း၊ မိုးရာသီ သစ်ပင်စိုက်ပွဲ များပြုလုပ်ခြင်း၊ မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပခြင်း၊ အပတ်စဥ် ကျောင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)သည် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာတွင် ကျေးရွာပေါင်း (၁၅)ရွာမှ ၊ ရွာသားများအား (၁၂.၈.၂၀၁၅) ရက်နေ့မှ (၂၂.၉.၂၀၁၅)ရက်နေ့အထိ အိမ်တွင်း လျှပ်စစ်သင်တန်းပို့ချခဲ့ပြီး၊ ကျေးရွာများတွင် ကျေးရွာ လျှပ်စစ်လုပ်သား အဖြစ်လည်းကောင်း၊ ကျေးရွာမီးလင်းရေးကော်မတီတွင် တာဝန်ယူနိုင် သည်အထိ သင်ကြားပို့ချခဲ့ပါသည်။ ရွာလွတ် ကျေးရွာ မဟာဝိဟာရဘုန်းကြီးကျောင်း နှင့် အ.ထ.က (ရွာလွတ်)တို့တွင် အဆောက်အဦးများ၌ လျှပ်စစ်မီးသွယ်တန်းပေးခဲ့ပါသည်။ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး အတွက် အိမ်ခြေ (၂၀)ကို အိမ်တွင်း လျှပ်စစ်သွယ်တန်း ပေးခဲ့ပါသည်။ Swiss Contact နှင့်ပူးပေါင်း၍ ကာလတိုသင်တန်းများကို ဖွင့်လှစ်ပေးပါသည်။
ဒီပလိုမာသင်တန်းတွင် ထူးချွန်စွာ အောင်မြင်ပါက နည်းပညာတက္ကသိုလ်သို့ ပေါင်းကူး တက်ရောက်နိုင်သည်။ ရိုးရိုးအောင်မြင်ပါက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်သည်။ ပြင်ပ အသက်မွေးသင်တန်းကျောင်းများ ဆက်လက်သင်ကြားနိုင်သည်။
စဉ် | သင်တန်း | မြို့ပြ | အီလက် ထရောနစ် | လျှပ်စစ်စွမ်းအား | စက်မှု | စုစုပေါင်း |
၁ | AGTI Year I | ၁၀၆ | ၅၆ | ၆၂ | ၅၈ | ၂၈၂ |
၂ | AGTI Year II | ၄၇ | ၄၁ | ၄၈ | ၃၆ | ၁၇၂ |
၃ | AGTI Year III | ၄၆ | ၃၇ | ၄၇ | ၄၇ | ၁၇၇ |
စုစုပေါင်း | ၁၉၉ | ၁၃၄ | ၁၅၇ | ၁၄၁ | ၆၃၁ |
စဉ် | ဘာသာရပ် | ဆရာ/မအရေအတွက် |
၁ | Civil | ၉ |
၂ | EC | ၁၁ |
၃ | EP | ၁၀ |
၄ | Mech | ၁၃ |
၅ | IT | ၁ |
၆ | Met | ၁ |
၇ | Min | ၁ |
၈ | စာပေ | ၁၃ |
၉ | သိပ္ပံ | ၄ |
စုစုပေါင်း | ၆၃ |
ဦးစီးဌာနချိတ်ဆက်မှုဖြင့် A.G.T.Iသင်တန်း တက်ရောက်ဆဲ ကျောင်းသား၊ကျောင်းသူများ သည် သက်ဆိုင်ရာနိုင်ငံများသို့ ပညာသင်သွားရောက်နိုင်သည်။