လှိုင်သာယာသက်မွေးပညာသင်တန်းကျောင်း(HVTI)
လှိုင်သာယာသက်မွေးပညာသင်တန်းကျောင်း(HVTI)
-လက်မှုသင်တန်းကျောင်း(လှိုင်သာယာ)အား ၁၉၉၁ ခုနှစ် ဇွန်လ တွင် သင်တန်း(၄)မျိုးဖြင့်စတင်ဖွင့်လှစ်ခဲ့ပါသည်။
၂၀၀၉ ခုနှစ်၊ စက်တင်ဘာတွင် သင်တန်းများဖွင့်လှစ်နိုင်ခြင်းမရှိခဲ့၊
၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဥ််(၇/၂၀၁၆)အရ လက်မှုပညာသင်ကျောင်း(လှိုင်သာယာ)အား အစိုးရနည်းပညာအထက်တန်းကျောင်း(လှိုင်သာယာ)
အဖြစ်ဖွဲ့စည်းနိုင်ခဲ့ပါသည်။
၂၀၁၈ ခုနှစ်တွင် KOICA၊ ကိုရီးယားနိုင်ငံအခြေစိုက်( WITH)နှင့် မေတ္တာအလင်းအသင်း တို့ဖြင့် ပူးပေါင်းပြီး ကာလတိုသက်မွေးပညာသင်တန်းများ စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
-ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ အခြေခံပညာအလယ်တန်းအောင်ပြီး အထက်တန်းမအောင်မြင်သူ ကျောင်းမနေတော့သော လူငယ်များကို အတတ်ပညာဆိုင်ရာလုပ်ငန်းခွင်လက်တွေ့သင်ကြားပေးခြင်းဖြင့် ခိုင်မာသေချာသောအလုပ်အကိုင်ရရှိစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
ကျောင်းအုပ်ကြီးဖုန်း -၀၉၄၀၂၅၀၅၄၉၀
ကျောင်းဖုန်း -၀၉၄၅၀၇၃၇၅၈၀
ကျောင်းအီးမေး -gthshtr@dtve.org
ကျောင်းအုပ်ကြီးအီးမေး-aungkolatt@moe.edu.mm
၂၀၁၈ ခုနှစ် မှ ၂၀၂၀ ခုနှစ် မတ်လအထိတွင် ဒေါက်တာဖြိုးမြင့်သူ မှ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး
လက်ရှိ ကျောင်းအုပ်ကြီးအဖြစ် ဦးအောင်ကိုလတ်(M.E (Electrical)) ညွှန်ကြားရေးမှူးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
-ကာလတိုသင်တန်းများအလိုက် မွေးထုတ်ပြီး သင်တန်းသား၊သင်တန်းသူစာရင်း
၂၀၁၈ ခုနှစ်တွင် သင်တန်းသား(၄၅)ဦး သင်တန်းသူ(၁၀)ဦး
၂၀၁၉ ခုနှစ်တွင် သင်တန်းသား(၈၃)ဦး သင်တန်းသူ(၂၆)ဦး
-၁၄ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနှင့်လှိုင်ရတနာလမ်းထောင့် (မီးခွက်စျေးအနီး)၊၆/သမ မှတ်တိုင်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိပါသည်။
ကျောင်းမြေဧက (၁.၆) ကျယ်ဝန်းပါသည်။
-KOICA၊ ကိုရီးယားနိုင်ငံအခြေစိုက်( WITH)နှင့် မေတ္တာအလင်းအသင်း
- အခမဲ့သင်တန်းဖြစ်ပါသည်။
သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးထားပါသည်။
သင်တန်းတက်ရောက်နေသည့်ကာလအတွင်း လစဥ်သုံးသောင်းကျပ်ထောက်ပံ့ပေးပြီး နေ့လည်စာကျွေးမွေးပါသည်။
သင်တန်းဝတ်စုံ(အင်္ကျီ)နှင့် လက်တွေ့ခန်းဝတ်စုံထောက်ပံ့ပေးပါသည်။
(အနက်ရောင်ဘောင်းဘီရှည်ကို သင်တန်းသားမှ ကိုယ်တိုင်ဝယ်ယူဝတ်ဆင်ရပါမည်။)
-
-လက်ရှိ COVID-19 ကာလတွင် သင်တန်းဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။
-သင်ကြားရေး ဆရာ၊ဆရာမ အနေဖြင့် နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာ(၃)ဦး၊ ဆရာမ (၁၀)ဦး၊ ကိုရီးယားမှ ဆရာ(၃)ဦး၊ ဆရာမ (၁)ဦး၊ ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင် ဆရာ(၃)ဦးတို့ဖြင့် သင်ကြားပေးလျက်ရှိပါသည်။
-