ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)
ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် တိုတယ်မြန်မာ ရတနာ စီမံကိန်းတို့ ပူးပေါင်း၍
- နိုင်ငံသားတိုင်း သက်မွေးပညာတစ်ခုဖြစ်သည့် ဂဟေဆက်ပညာကို စနစ်တကျ သင်ယူနိုင်မည့် အခွင့်အလမ်းရရှိစေရန်
- နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်း ဝင်ငွေ မြင့်မားရေးကို ဂဟေဆက်နည်းပညာဖြင့် အထောက်အကူ ဖြစ်စေရန်
- ဂဟေဆက်ပညာရပ်အား စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်တတ်စေရန်
ဟူသော ရည်ရွယ်ချက်များဖြင့် ရတနာဂဟေဆက်နည်းပညာ သင်တန်းကျောင်း (အောင်ဆန်း) ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းကေျာင်းဖွင့်လှစ်သည့်နေ့မှ စတင်၍ ပြင်ပ လုပ်ငန်းခွင်နှင့် သင့်လေျာ်ထိရောက်စေမည့် ဂဟေဆက် ကာလတိုသင်တန်းများကို အဆက်မပြတ် ဖွင့်လှစ် သင်ကြား ပေးလျက်ရှိပါသည်။
-
- နိုင်ငံသားတိုင်း သက်မွေးပညာတစ်ခုဖြစ်သည့် ဂဟေဆက်ပညာကို စနစ်တကျ သင်ယူနိုင်မည့် အခွင့်အလမ်းရရှိစေရန်
- နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်း ဝင်ငွေ မြင့်မားရေးကို ဂဟေဆက်နည်းပညာဖြင့် အထောက်အကူ ဖြစ်စေရန်
- ဂဟေဆက်ပညာရပ်အား စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်တတ်စေရန်
“နိုင်ငံအတွင်း ခေတ်မီဂဟေဆက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဂဟေဆက် ကျွမ်းကျင်သူများ ပေါ်ပေါက်လာစေရန်”
သင်တန်းကျောင်း အီးမေးလ် -yadana@dtve.org
သင်တန်းကျောင်းဖုန်းနံပါတ် - 01-645759
ယခုလက်ရှိကျောင်းအုပ်ကြီးအဖြစ် ဦးနေကျော်ထက်မှ တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။
ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း)တွင် ဖွင့်လှစ်ပြီး သင်တန်းများ နှင့် သင်တန်းသားအချက်အလက်များ
အမှတ်စဉ် 1 မှ 6 အထိ သင်တန်းအမည် Shielded Metal Arc Welding Training Course သင်တန်း
အမှတ်စဉ် 7 မှ 12 အထိ သင်တန်းအမည် Arc Welding Training Course (SMAW၊ GMAW၊ GTAW)သင်တန်း
စဉ် | သင်တန်းအမှတ်စဉ် | သင်တန်းကာလ(မှ-ထိ) | သင်တန်းသား အခြေအနေ | NSSA လက်မှတ်ရရှိမှု အခြေအနေ | |
တက် ရောက်သူ ဦးရေ | သင်တန်းပြီးဆုံးသူဦးရေ | ||||
၁ | အမှတ်စဉ်(၁) | ၁၅.၁၁.၂၀၁၆ မှ ၂၀.၁.၂၀၁၇ | ၁၅ | ၁၅ | ၁၀ |
၂ | အမှတ်စဉ်(၂) | ၃၀.၁.၂၀၁၇ မှ ၃၁.၃.၂၀၁၇ | ၁၅ | ၁၄ | ၁၃ |
၃ | အမှတ်စဉ်(၃) | ၂.၅.၂၀၁၇ မှ ၁၁.၇.၂၀၁၇ | ၁၅ | ၁၄ | ၁၂ |
၄ | အမှတ်စဉ်(၄) | ၃၁.၇.၂၀၁၇ မှ ၃.၁၀.၂၀၁၇ | ၁၅ | ၁၄ | ၁၀ |
၅ | အမှတ်စဉ်(၅) | ၂၃.၁၀.၂၀၁၇ မှ ၅.၁.၂၀၁၈ | ၁၅ | ၁၅ | ၁၀ |
၆ | အမှတ်စဉ်(၆) | ၂၂.၁.၂၀၁၈ မှ ၅.၄.၂၀၁၈ | ၁၅ | ၁၅ | ၁၄ |
၇ | အမှတ်စဉ်(၇) | ၂.၅.၂၀၁၈ မှ ၃၁.၇.၂၀၁၈ | ၁၅ | ၁၂ | ၁၁ |
၈ | အမှတ်စဉ်(၈) | ၂၀.၈.၂၀၁၈ မှ ၁၆.၁၁.၂၀၁၈ | ၂၀ | ၁၇ | ၁၃ |
၉ | အမှတ်စဉ်(၉) | ၁၀.၁၂.၂၀၁၈ မှ ၈.၃.၂၀၁၉ | ၁၅ | ၁၅ | ၁၄ |
၁၀ | အမှတ်စဉ်(၁၀) | ၂၉-၄-၁၉ မှ ၂၄-၇-၁၉ | ၁၅ | ၁၄ | ၁၃ |
၁၁ | အမှတ်စဉ်(၁၁) | ၁၉-၈-၁၉ မှ ၈-၁၁-၁၉ | ၁၅ | ၁၃ | ၁၂ |
၁၂ | အမှတ်စဉ်(၁၂) | ၂-၁၁-၁၉ မှ ၂၈-၂-၂၀၂၀ | ၁၈ | ၁၈ | ၁၇ |
စုစုပေပါင်း | ၁၇၀ | ၁၇၆ | ၁၄၉ |
Pipe Welding Training Course( SMAW, GTAW ) သင်တန်း
စဉ် | သင်တန်း | သင်တန်းကာလ | သင်တန်းသား အခြေအနေ | Third Party စစ်ဆေးမှု ရလဒ် | |
တက် ရောက် | အောင်မြင် | ||||
၁ | အမှတ်စဉ် (၁) | ၂၀-၅-၂၀၁၉ မှ ၃၀-၈-၂၀၁၉ | ၁၀ | ၁၀ | ၁၀ |
၂ | အမှတ်စဉ်(၂) | ၃၀-၉-၂၀၁၉ မှ ၂၉-၁၁-၂၀၁၉ | ၆ | ၆ | ၆ |
စုစုပေါင်း | ၁၆ | ၁၆ | ၁၆ |
Gas Metal Arc Welding Training Course (or) MIG (or) CO2 Welding သင်တန်း
စဉ် | သင်တန်းအမှတ်စဉ် | သင်တန်းကာလ(မှ-ထိ) | သင်တန်းသား အခြေအနေ | NSSA လက်မှတ်ရရှိမှု အခြေအနေ | |
တက် ရောက်သူ ဦးရေ | သင်တန်းပြီးဆုံးသူဦးရေ | ||||
၁ | အမှတ်စဉ်(၁) | (၁၃/၁/၂၀၂၀)မှ( ၂၄ /၂/၂၀၂၀) | ၇ | ၇ | ၇ |
စုစုပေါင်း | ၇ | ၇ | ၇ |
Total E&P Myanmarမှ ဦးစီးသော Moattama Gas Transportation Company Limited (Yadana Project)နှင့် ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပါသည်။
- သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း လစဉ် ငွေကျပ် (၃၀၀၀၀) ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးပါမည်
- ထူးချွန်သောသင်တန်းသားများကို လက်တွေ့လုပ်ငန်းခွင် သင်တန်း (OJT) တက်နိုင်ရန် သင့်လျော်သော ကုမ္ပဏီများ နှင့် ချိတ်ဆက်ပေးမည် ဖြစ်ပါသည် (OJTတက်ရောက်နေစဉ်ကာလအတွင်း ရတနာစီမံကိန်းမှ ထောက်ပံ့ကြေးပေးမည်)
သင်တန်းအမည် | သင်တန်းသားဦးရေ |
Arc Welding Training Course (SMAW၊ GMAW၊ GTAW) | ၁၅ |
Pipe Welding Training Course (GTAW ) | ၁၀ |
(၈)ဦး
-