(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်

yth

စိန်ရတုပြည်ထောင်စုနေ့အထမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌  ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့မှ (၃၁)နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါပွဲတော်သို့ ဝန်ကြီးဌာနအသီးသီးမှ သက်ဆိုင်ရာပြခန်းပေါင်း (၄၀)ကျော်ကို ခင်းကျင်းပြသခဲ့ကြပါသည်။ 
စိန်ရတုပြည်ထောင်စုနေ့အထမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအား အင်ဂျင်နီယာ ပညာရပ်များကို ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး အနာဂတ် နိုင်ငံ့သား ကောင်း အင်ဂျင်နီယာနှင့် နည်းပညာရှင်များ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ ဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သက်မွေးပညာ သင်တန်းကျောင်းတို့မှ လေ့ကျင့်သင်ကြားပေးလျက်ရှိသော သင်ထောက်ကူ ပစ္စည်းများ၊ Process များနှင့် Project များအား (၂၉-၁-၂၀၂၂)ရက်နေ့မှ (၃၁-၂-၂၀၂၂) ရက်နေ့အထိ (၃)ရက်တာ ခင်းကျင်းပြသခဲ့ကြပြီး အဆိုပါပွဲတော်တွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား (၁-၂-၂၂၀၂၂)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဂုဏ်ပြုနေ့ လယ်စာဖြင့် တည်ခင်းဧည့်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။