သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မိတ္ထီလာမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

mtl

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ၂၀၂၂ခုနှစ်၊ ဖော်ဖော်ဝါရီလ (၁၈)  ရက် မွန်းလွဲပိုင်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်  တွေ့ဆုံခဲ့ပြီး အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုး ထောင်နေသည့် အခြေအနေများနှင့် ICT နည်းပညာကို အကျိုးရှိစွာ အသုံးချပြီး စဉ်ဆက်မပြတ် သင်ယူခွင့် ရရှိရေးတို့ကို ပြောကြားပြီး  စာသင်ခန်းများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်များ၊  အလုပ်ရုံများနှင့် ကျောင်းသား ကျောင်းသူများ၏ လက်တွေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကိုမှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့နံနက်ပိုင်းတွင် အစိုးရစက်မှု လက်မှုသိပ္ပံ (မိတ္ထီလာ) သို့ ရောက်ရှိ ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီ ကာလအတွင်း သစ်ပင်၊ ပန်းပင်များ အရိပ်ရ အပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။