သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် အစိုးရနည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား)သို့ သွားရောက်ကြည့်ရှု စစ်ဆေး

mkn

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ၂၀၂၂ခုနှစ်၊ မတ် (၁၇) ရက် ညနေ ၄ နာရီတွင် အစိုးရနည်းပညာအထက်တန်ကျောင်း (မြစ်ကြီးနား)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ICT နည်းပညာသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိသဖြင့် နည်းပညာကို အကျိုးရှိစွာ အသုံးချပြီး စဉ်ဆက် မပြတ်သင်ယူခွင့်ရရှိ ရေး၊  အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက် ကြရန်စသည်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်ကျောင်း(မြစ်ကြီးနား) တို့ရှိ စာသင်ခန်းများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်များနှင့် အလုပ်ရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။